ဒီရာသီဟာ ပတ်ရဲ့ မန်စီးတီးတို့ ဘယ်လောက်ထိ တိုးတက်လာတာကို သိသာစေခဲ့တဲ့ရာသီပါ။ မန်စီးတီးဟာ ဒီရာသီမှာ ပြည်တွင်းဆုဖလား အားလုံးကို အနိုင်ရစေခဲ့တာဖြစ်တယ်။

မန်ယူကစားသမားဟောင်းကြီး ပတ်ဂျီဆန်က တစ်နိုင်ငံတည်းသား တိုက်စစ်မှူးဆွန်ကို ချီးကျူးစရားပြောစဉ်မှာ အရမ်းကောင်းနေတဲ့ မန်စီးတီးကို ဂိုးသွင်းပြီး ချန်ပီယံလိဂ်ကနေ အရေးနိမ့် ထွက်ခွာစေခဲ့တာအတွက် ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

ယခုရာသီ ချန်ပီယံလိဂ်က စီးတီးဘက်ကို ဆွန် သွင်းယူခဲ့တဲ့ ဂိုးတွေအတွက် ပတ်က ကျေနပ်နေပြီး “ကျနော် စီးတီးဘက်ကို တစ်ဂိုးမှ မသွင်းဖူးခဲ့ဘူး။ ဆွန်ကို ကျေးဇူးတင်တယ်။ ဘာကြောင့်လဲဆိုတော့ စီးတီး ရှုံးသွားတယ်လေ။ ဆွန်ရဲ့ ဂိုးတွေဟာ သူကိုယ်တိုင်နဲ့ အရမ်းတူတယ်။ သူက လုံးဝကို အံ့သြစရာကောင်းခဲ့တာပါ။ ” လို့ ပတ်ဂျီဆန်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ ဒီဘက်နှစ်တွေမှာ ပြည်တွင်းဆုဖလား အောင်မြင်မှုတွေ ရလာနေပေမယ့် ဥရောပမှာတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲထိတောင် တက်ရောက်ထားနိုင်ခြင်း မရှိပါဘူး။

မန်ချက်စတာကလပ်နှစ်သင်းမှာတော့ သမိုင်းအစဉ်အလာအရ မန်ယူက အဘက်ဘက်က အသာစီးရထားသလို ဥရောပအောင်မြင်မှုတွေ မရသမျှတော့ မန်စီးတီးဟာ မန်ယူရဲ့ အရှိန်အဝါအောက်မှာပဲ ဆက်နေရှိနေမှာပါလို့ ရော်ဘီဆေားဗ့က ပြောဆိုထားဖူးပါတယ်။