မန်ယူဟာ ကလပ်အသင်းရဲ့ ခံစစ်ပိုင်း အခြေအနေဆိုးတွေကို ပြုပြင်မှုတွေလုပ်ဖို့အတွက် အဓိက ခေါ်ယူအားဖြည့်မှုအဖြစ် အေဂျက်အသင်းမှ ဒီလစ်ကို ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ထားပြီဖြစ်ပါတယ်။

ဥရောပရဲ့ အတောက်ပဆုံး လူငယ်ကစားသမား ဒီလစ်ကို ခေါ်ယူနိုင်ဖို့အတွက် မန်ယူဘက်က အသုံးပြုမယ့် ပြောင်းရွှေ့ကြေးက ပေါင် သန်း ၇၀ ပေးသွားမှာဖြစ်တယ်လို့ အင်္ဂလန်သတင်းတွေက ဖော်ပြလာတယ်။ ဒါဟာ ခံစစ်သမားတစ်ဦးအတွက် ကမ္ဘာစံချိန်တင်ကြေးထက် ၅ သန်းပဲ လျော့နည်းမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို အေဂျက်အသင်း တက်ရောက်နိုင်အာင် ပို့ဆောင်ပေးခဲ့တဲ့ ကစားသမားတွေထဲမှာ အဓိက အကျသူဖြစ်တဲ့ ဒီလစ်ကို ခေါ်ယူလိုနေတဲ့ ကလပ်အသင်းတွေထဲမှာ ဘာစီလိုနာ၊ မန်စီးတီးနဲ့ လီဗာပူးတို့လည်း ပါဝင်ပေမယ့် စတင်ကမ်းလှမ်းနေတဲ့ အသင်းကတော့ မန်ယူတစ်သင်းပဲ ရှိနေတာပါ။

နည်းပြဆိုးရှားရဲ့ မန်ယူနိုက်တက်အသင်းက ဒီလစ်ကို အသင်းရဲ့ လိုအပ်နေတဲ့ နောက်တန်းအတွက် ပြင်ဆင်ဖို့ ဦးစားပေးအဖြစ် ခေါ်ယူနိုင်ရေး ကြိုးစားနေတာ ဖြစ်ပေမယ့် ဥရောပ အင်အားကြီး ဘာစီလိုနာက အပြိုင်စိတ်ဝင်စားနေလို့ ခက်ခဲတဲ့ ယှဉ်ပြိုင်မှုကို ရင်ရပါလိမ့်မယ်။

အသက် ၁၉ နှစ်အရွယ် ဒီလစ်ဟာ ဘာစီလိုနာနဲ့ သတင်းတွေကို ပယ်ချထားပြီး ဇွန်လမှာ နယ်သာလန်အသင်းနဲ့အတူ ပါဝင်ကစားပြီးမှ သူ့အနာဂတ်နဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်ချမှတ်မယ်လို့လည်း ထုတ်ဖော်ထားပြီးဖြစ်တယ်။