မန်စီးတီးအသင်းဟာ ဆာနေးနဲ့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ ဆွေးနွေးမှု အဆင်ပြေနိုင်မယ် မျှော်လင့် လျက်ရှိပါသေးတယ်။ ဆာနေးရဲ့ လက်ရှိစာချုပ်က စီးတီးနဲ့ ၂ နှစ် ကျန်ရှိပါတယ်။

အေဂျက် ခံစစ်မှူး ဒီလစ်ဟာ စီးတီးကနေ ထွက်ခွာတော့မယ့် အသင်းခေါင်းဆောင် ခံစစ်မှူး ဗင်းဆင့် ကွန်ပနီနေရာ အစားထိုးဖို့ ပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်ကြောင်း လီဗာပူးကစားသမားဟောင်းကြီး ဟာမန်းက ဆိုပါတယ်။

အသင်းက ထွက်ခွာတော့မယ့် ကွန်ပနီနေရာ အစားထိုးဖို့ အတွက် မန်စီးတီးက လက်စတာ ခံစစ်မှူး ဟယ်ရီ မက်ဂွဲယားကို ခေါ်ယူရန် ကြံရွယ်နေပြီး ဗန်ဒိုက်အတွက် လီဗာပူးလ်ပေးချေခဲ့တဲ့ ပေါင်(၇၅)သန်းဆိုတဲ့ စံချိန်ကို ချိုးဖျက်သွားရဖို့ ရှိနေတယ်လို့ သိရပါတယ်။

အသက်(၂၆)နှစ် အရွယ် မက်ဂွဲယားအတွက် လက်စတာစီးတီးကို ပေါင်သန်း(၉၀)ပေးချေမှပဲ အီတီဟက်ဆီ အရောက်ခေါ်ယူနိုင်လိမ့်မယ်လို့ သိရပါတယ်။ မက်ဂွဲယား ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာတုန်းကလည်း အင်္ဂလန်အသင်းကို ဆီမီးဖိုင်နယ်အထိ ရောက်အောင် အဓိက ပံ့ပိုး ကူညီပေးနိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

ဂျူဗင်တပ်က ထွက်ခွာသွားတဲ့ နည်းပြ အယ်လီဂရီက ၄င်းနေရာ ဆက်ခံမယ့် နည်းပြဟာ မန်ချက်စတာက ဖြစ်တယ်လို့ အရိပ်အမြွက် ပြောကြားလိုက်ပြီး ဂွာဒီယိုလာနဲ့ သတင်းများ ပိုမို ကျယ်ပြန့်လာစေခဲ့ပါတယ်။

မန်စီးတီး အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ဒေးဗစ်ဆေးဗားလ်ဟာ ယခု နွေရာသီ အပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာတော့မယ် လို့ သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၃၃) နှစ် အရွယ် စီးတီးကွင်းလယ် ဆေးလ်ဗားကို ခေါ်ယူဖို့ အမည်မသိရတဲ့ ကာတာ ကလပ် အသင်းက ကမ်းလှမ်းခဲ့ပြီး နှစ်နှစ် စာချုပ်ဖြင့် စွဲမက်ဖွယ်ရာ လစာငွေ နဲ့ ကမ်းလှမ်းခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။

လိဂ် ချန်ပီယံရှစ် ကလပ် အက်စတွန်ဗီလာ အသင်းဟာ ချာလ်တန် အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ဂျိုးအာရီဘိုကို မန်စီးတီး၊ ဆဲလ်တစ် တို့ ထက် လက်ဦးမှု ရယူပြီး ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။ အသက် (၂၂) နှစ် အရွယ် အဆိုပါ ကစားသမားဟာ လာမယ့် ဇွန်လ အကုန်မှာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တစ်ဦး ဖြစ်ပြီး အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။