ဈေးကွက် နောက်ဆုံးရက်အတွင်း လီဗာပူးအသင်းရဲ့ အသင်းသားတွေနဲ့ ပက်သက်လို့ စီမံနေမှုတွေကို လီဗာပူးသတင်းထောက် Neil Jones က အခုလို ဖော်ပြသွားပါတယ်။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစသ် ၂ ပွဲမှာ အရန်စာရင်းကနေတောင် ပါဝင်ခွင့်မရထားတဲ့ အိုရီဂီဟာ ဈေးကွက် မပိတ်ခင် အသင်းက ထွက်ခွာသွားနိုင်ဖွယ် မရှိပါဘူး။ သူ့အတွက် သင့်လျော်တဲ့ ကမ်းလှမ်းမှု လုံးဝ မရထားတာကြောင့် အသက် ၂၆ နှစ်အရွယ် တိုက်စစ်သမားဟာ လီဗာပူးမှာပဲ ဆက်ရှိနေပါမယ်။ သူဟာ ဆာလာနဲ့ မာနေးတို့ သီတင်းပတ် အနည်းငယ် လက်လွတ်ရမယ့် နှစ်သစ်ကူးကာလမှာ လီဗာပူးအတွက် ပွဲထွက်ပေးရဖို့ ကြိုးစားဖွယ်ရှိပါတယ်။

သူ့ကို ဝုဗ်၊ ပဲလေစ့်နဲ့ ဘွန်ဒက်လီဂါဘက်က ကလပ်တွေ စိတ်ဝင်စားမှု ပြသခဲ့ဖူးပေမယ့် နောက်ကျ ကမ်းလှမ်းမှု ရလာခဲ့ရင် အတော်လေး အံ့သြသင့်စရာ ကောင်းပါမယ်။

နက်ဖီးလစ်ရဲ့ အနာဂတ်ကလည်း အခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အသက် ၂၄ နှစ်အရွယ် ခံစစ်မှူးအတွက် လီဗာပူးက ပေါင် ၁၂ သန်း ဝန်းကျင်ထိ ဈေးချလာခဲ့ပေမယ့် အခုထိတော့ အပြောင်းအရွှေ့ မဖြစ်သေးပါဘူး။ ဒီကနေ့မှာ သူ့အတွက် ကမ်းလှမ်းမှုရမယ်လို့ အသင်းဘက်က ယုံကြည်ထားပြီး ပေါင် ၁၂ သန်းမှ မရရင်တော့ ဆက်ထိန်းထားပါမယ်။

လီဗာပူးအသင်းဟာ အိုဂျိုနဲ့ ကားရီးယက်စ်တို့ကို ဒီကနေ့မှာ ရှင်းထုတ်မှု လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ အိုဂျိုကို ကလပ် ဘရုဂျ်နဲ့ အိုလံပီယာကိုစ့်တို့က အလိုရှိနေပါတယ်။ ကားရီးယက်စ်ကိုတော့ စိတ်ဝင်စားနေတဲ့ကလပ် မရှိတဲ့ အနေအထားဖြစ်တယ်။ နောက်ဆုံးရက်မှာ သူတို့ နှစ်ဦး ရှင်းထုတ်ရေး ကြိုးစားနိုင်ဖို့ အသင်းဘက်က မျှော်လင့်နေပါတယ်။

ကာတစ်ဂျုံးကို အက်စတွန်ဗီလာက ပေါင် ၁၅ သန်းဖြင့် ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေက အံ့သြသင့်စရာ ကောင်းပါတယ်။ အသက် ၂၀ အရွယ် ကွင်းလယ်လူဟာ ယာဂင်ရဲ့ အနာဂတ် အစီအစဉ်တွေမှာ ပါဝင်နေဆဲဖြစ်ပါတယ်။ ဆယ်ကျော်သက်လေး အယ်လီးယော့ နေရာရလာပေမယ့် ဒါက ကားတစ်ဂျုံးကို စွန့်ပစ်မယ်လို့ မဆိုလိုပါဘူး။

ကာတစ်ဂျုံးကို လက်လွတ်ဖို့ မဖြစ်နိုင်သလို နီကိုး ဝီလီယမ်ကလည်း ဒီရာသီ အသင်းမှာပဲ ဆက်ရှိနေပါမယ်။ နီကိုးဟာ အရင်အပတ်က အသင်းရဲ့ လေ့ကျင့်ရေးမှာ ဒဏ်ရာရခဲ့ပါသေးတယ်။

ယူ-၂၃ အသင်းသားတွေဖြစ်တဲ့ ရိုင်းဝီလီယမ်နဲ့ ဂျိတ်ကိန်းတို့က ဒီကနေ့မှာ အငှားထွက်ရေး ကိစ္စတွေကို အပြီးသတ် လုပ်ဆောင်ကြမှာဖြစ်ပါတယ်။ အိုဝင်ဘက်နဲ့ ကော်နာ ဘရတ်ဒလေတို့ကိုတော့ အငှားချဖွယ် မရှိပါဘူး။

ZAWGYI

ေစ်းကြက္ ေနာက္ဆံုးရက္အတြင္း လီဗာပူးအသင္းရဲ႕ အသင္းသားေတြနဲ႔ ပက္သက္လို႔ စီမံေနမႈေတြကို လီဗာပူးသတင္းေထာက္ Neil Jones က အခုလို ေဖာ္ျပသြားပါတယ္။

ျပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစသ္ ၂ ပြဲမွာ အရန္စာရင္းကေနေတာင္ ပါဝင္ခြင့္မရထားတဲ့ အိုရီဂီဟာ ေစ်းကြက္ မပိတ္ခင္ အသင္းက ထြက္ခြာသြားႏုိင္ဖြယ္ မရွိပါဘူး။ သူ႔အတြက္ သင့္ေလ်ာ္တဲ့ ကမ္းလွမ္းမႈ လံုးဝ မရထားတာေၾကာင့္ အသက္ ၂၆ ႏွစ္အရြယ္ တိုက္စစ္သမားဟာ လီဗာပူးမွာပဲ ဆက္ရွိေနပါမယ္။ သူဟာ ဆာလာနဲ႔ မာေနးတို႔ သီတင္းပတ္ အနည္းငယ္ လက္လြတ္ရမယ့္ ႏွစ္သစ္ကူးကာလမွာ လီဗာပူးအတြက္ ပြဲထြက္ေပးရဖို႔ ၾကိဳးစားဖြယ္ရွိပါတယ္။

သူ႔ကို ဝုဗ္၊ ပဲေလစ့္နဲ႔ ဘြန္ဒက္လီဂါဘက္က ကလပ္ေတြ စိတ္ဝင္စားမႈ ျပသခဲ့ဖူးေပမယ့္ ေနာက္က် ကမ္းလွမ္းမႈ ရလာခဲ့ရင္ အေတာ္ေလး အံ့ၾသသင့္စရာ ေကာင္းပါမယ္။

နက္ဖီးလစ္ရဲ႕ အနာဂတ္ကလည္း အခုခ်ိန္ထိ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ အသက္ ၂၄ ႏွစ္အရြယ္ ခံစစ္မွဴးအတြက္ လီဗာပူးက ေပါင္ ၁၂ သန္း ဝန္းက်င္ထိ ေစ်းခ်လာခဲ့ေပမယ့္ အခုထိေတာ့ အေျပာင္းအေရႊ႔ မျဖစ္ေသးပါဘူး။ ဒီကေန႔မွာ သူ႔အတြက္ ကမ္းလွမ္းမႈရမယ္လို႔ အသင္းဘက္က ယံုၾကည္ထားျပီး ေပါင္ ၁၂ သန္းမွ မရရင္ေတာ့ ဆက္ထိန္းထားပါမယ္။

လီဗာပူးအသင္းဟာ အိုဂ်ိဳနဲ႔ ကားရီးယက္စ္တို႔ကို ဒီကေန႔မွာ ရွင္းထုတ္မႈ လုပ္ႏုိင္ဖို႔ ၾကိဳးစားေနပါတယ္။ အိုဂ်ိဳကို ကလပ္ ဘရုဂ်္နဲ႔ အိုလံပီယာကိုစ့္တို႔က အလိုရွိေနပါတယ္။ ကားရီးယက္စ္ကိုေတာ့ စိတ္ဝင္စားေနတဲ့ကလပ္ မရွိတဲ့ အေနအထားျဖစ္တယ္။ ေနာက္ဆံုးရက္မွာ သူတို႔ ႏွစ္ဦး ရွင္းထုတ္ေရး ၾကိဳးစားႏုိင္ဖို႔ အသင္းဘက္က ေမွ်ာ္လင့္ေနပါတယ္။

ကာတစ္ဂ်ံဳးကို အက္စတြန္ဗီလာက ေပါင္ ၁၅ သန္းျဖင့္ ေခၚယူမယ္ဆိုတဲ့ သတင္းေတြက အံ့ၾသသင့္စရာ ေကာင္းပါတယ္။ အသက္ ၂၀ အရြယ္ ကြင္းလယ္လူဟာ ယာဂင္ရဲ႕ အနာဂတ္ အစီအစဥ္ေတြမွာ ပါဝင္ေနဆဲျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္ေလး အယ္လီးေယာ့ ေနရာရလာေပမယ့္ ဒါက ကားတစ္ဂ်ံဳးကို စြန္႔ပစ္မယ္လို႔ မဆိုလိုပါဘူး။

ကာတစ္ဂ်ံဳးကို လက္လြတ္ဖို႔ မျဖစ္ႏုိင္သလို နီကိုး ဝီလီယမ္ကလည္း ဒီရာသီ အသင္းမွာပဲ ဆက္ရွိေနပါမယ္။ နီကိုးဟာ အရင္အပတ္က အသင္းရဲ႕ ေလ့က်င့္ေရးမွာ ဒဏ္ရာရခဲ့ပါေသးတယ္။

ယူ-၂၃ အသင္းသားေတြျဖစ္တဲ့ ရိုင္းဝီလီယမ္နဲ႔ ဂ်ိတ္ကိန္းတို႔က ဒီကေန႔မွာ အငွားထြက္ေရး ကိစၥေတြကို အျပီးသတ္ လုပ္ေဆာင္ၾကမွာျဖစ္ပါတယ္။ အိုဝင္ဘက္နဲ႔ ေကာ္နာ ဘရတ္ဒေလတို႔ကိုေတာ့ အငွားခ်ဖြယ္ မရွိပါဘူး။