လီဗာပူးအသင်းဟာ နွေအပြောင်းအရွှေ့မှာ အခွင့်အရေးရရင် ခေါ်ယူဖို့ ကစားသမား (၂) ဦးကို စောင့်ကြည့်ခဲ့တယ်လို့ လီဗာပူးသတင်းထောက် Neil Jones က ထုတ်ပြောလာပါတယ်။

ခံစစ်ပိုင်းအတွက် လိုအပ်ချက်အရ ကစားသမား ရောင်းထုတ်မှုတွေ မရှိစဉ်မှာပဲ လိုက်ဇစ်မှ ကိုနတေးကို ပေါင် ၃၆ သန်းဖြင့် ခေါ်ယူထားခဲ့တယ်။ နွေအပြောင်းအရွှေ့မှာ ကစားသမား ရောင်းထုတ်မှုတွေကတစ်ဆင့် ထပ်ရလာမယ့် အသုံးစရိတ်ကို နောက်ထပ် ခေါ်ယူမှုတွေမှာ အသုံးပြုဖို့ အစီအစဉ် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လို့ နက်ဖီးလစ်၊ အိုရီဂီတို့ကို ထပ်မံ ရောင်းထုတ်နိုင်ခြင်း မရှိမှုနဲ့အတူ လီဗာပူးထံက နောက်ထပ် ခေါ်ယူမှုတွေ မမြင်တွေ့ခဲ့ရပါဘူး။

Neil Jones ကပဲ ” အံ့သြစရာက လီဗာပူးဟာ ဝိုက်နယ်ဒမ် ထွက်ခွာသွားတဲ့ ကွင်းလယ်နေရာမှာ အသက် ၁၈ နှစ်အရွယ် အယ်လီးယော့ကို ထုတ်သုံးဖို့ပဲ ရည်ရွယ်ခဲ့တယ်။ နောက်ပြီး နာဘီ ကိတ်တာနဲ့ ချိန်ဘာလိန်တို့ အပေါ်မှာ ယုံကြည်ပေးခဲ့ပါတယ်။

သူတို့က နောက်ထပ် လိုက်ဇစ်အသင်းသားဖြစ်တဲ့ ကွင်းလယ်လူ ဆာဘစ်ဇာကို ခေါ်ယူဖို့ စူးစမ်းမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း သြစတြီးယားသားဟာ ဘိုင်ယန်မြူးနစ်ကိုပဲ ပြောင်းရွှေ့သွားခဲ့တယ်။ ဆောက်သမ်တန်မှ ဂျိမ်း ဝေါ့ပရောက်စ်ကလည်း လီဗာပူး စိတ်ဝင်စားခဲ့သူဖြစ်ပါတယ်။ ” လို့ ဆိုသွားခဲ့တာဖြစ်တယ်။

ဆာဘစ်ဇာကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် စပါးကလည်း စိတ်ဝင်စားခဲ့သေးပေမယ့် ကွင်းလယ်လူဟာ ဘိုင်ယန်ကိုပဲ သက်သာတဲ့ ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာသွားတာပါ။ သူဟာ ဂျာမနီပြင်ပကို ထွက်ဖို့ထက် ဘိုင်ယန်ကိုပဲ ပြောင်းလိုခဲ့တယ်လို့လည်း သတင်းထွက်ပေါ်ခဲ့ပါတယ်။

ဝေါ့ပရောက်စ်အတွက် တရားဝင် ကမ်းလှမ်းမှုအဖြစ် အက်တွန်ဗီလာက ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပါသေးတယ်။ အင်္ဂလန်ကွင်းလယ်လူဟာ ဆောက်သမ်တန်မှာ သစ္စာရှိစွာ ဆက်နေဖို့ကို ရွေးချယ်ခဲ့ပြီး အဲ့အတွက် ချီးမြှင့်ခံရမှုအဖြစ် တစ်ပတ်လုပ်ခ ပေါင် ၁ သိန်းကို တိုးမြှင့်ရရှိမယ့် စာချုပ်သစ် ရရှိသွားခဲ့တာဖြစ်ပါတယ်။ အဆိုပါ စာချုပ်မှာတော့ အသင်းပြောင်းမယ်ဆိုရင် ဆောက်သမ်တန်ရဲ့ ကန့်သတ်မှုတွေကို သဘောတူညီမှ ထွက်ခွင့်ရမယ်ဆိုတဲ့အချက် ပါဝင်သွားခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ေႏြအေျပာင္းအေရႊ႔မွာ အခြင့္အေရးရရင္ ေခၚယူဖို႔ ကစားသမား (၂) ဦးကို ေစာင့္ၾကည့္ခဲ့တယ္လို႔ လီဗာပူးသတင္းေထာက္ Neil Jones က ထုတ္ေျပာလာပါတယ္။

ခံစစ္ပိုင္းအတြက္ လိုအပ္ခ်က္အရ ကစားသမား ေရာင္းထုတ္မႈေတြ မရွိစဥ္မွာပဲ လိုက္ဇစ္မွ ကိုနေတးကို ေပါင္ ၃၆ သန္းျဖင့္ ေခၚယူထားခဲ့တယ္။ ေႏြအေျပာင္းအေရႊ႔မွာ ကစားသမား ေရာင္းထုတ္မႈေတြကတစ္ဆင့္ ထပ္ရလာမယ့္ အသံုးစရိတ္ကို ေနာက္ထပ္ ေခၚယူမႈေတြမွာ အသံုးျပဳဖို႔ အစီအစဥ္ ရွိခဲ့တယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္လို႔ နက္ဖီးလစ္၊ အိုရီဂီတို႔ကို ထပ္မံ ေရာင္းထုတ္ႏုိင္ျခင္း မရွိမႈနဲ႔အတူ လီဗာပူးထံက ေနာက္ထပ္ ေခၚယူမႈေတြ မျမင္ေတြ႔ခဲ့ရပါဘူး။

Neil Jones ကပဲ ” အံ့ၾသစရာက လီဗာပူးဟာ ဝိုက္နယ္ဒမ္ ထြက္ခြာသြားတဲ့ ကြင္းလယ္ေနရာမွာ အသက္ ၁၈ ႏွစ္အရြယ္ အယ္လီးေယာ့ကို ထုတ္သံုးဖို႔ပဲ ရည္ရြယ္ခ့ဲတယ္။ ေနာက္ျပီး နာဘီ ကိတ္တာနဲ႔ ခ်ိန္ဘာလိန္တို႔ အေပၚမွာ ယံုၾကည္ေပးခဲ့ပါတယ္။

သူတို႔က ေနာက္ထပ္ လိုက္ဇစ္အသင္းသားျဖစ္တဲ့ ကြင္းလယ္လူ ဆာဘစ္ဇာကို ေခၚယူဖို႔ စူးစမ္းမႈေတြ ရွိခဲ့ပါတယ္။ ဒါေပမယ့္လည္း ၾသစၾတီးယားသားဟာ ဘုိင္ယန္ျမဴးနစ္ကိုပဲ ေျပာင္းေရႊ႔သြားခဲ့တယ္။ ေဆာက္သမ္တန္မွ ဂ်ိမ္း ေဝါ့ပေရာက္စ္ကလည္း လီဗာပူး စိတ္ဝင္စားခဲ့သူျဖစ္ပါတယ္။ ” လို႔ ဆိုသြားခဲ့တာျဖစ္တယ္။

ဆာဘစ္ဇာကို ေခၚယူဖို႔ ပရီးမီးယားလိဂ္ကလပ္ စပါးကလည္း စိတ္ဝင္စားခဲ့ေသးေပမယ့္ ကြင္းလယ္လူဟာ ဘိုင္ယန္ကိုပဲ သက္သာတဲ့ ေျပာင္းေရႊ႔ေၾကးျဖင့္ ထြက္ခြာသြားတာပါ။ သူဟာ ဂ်ာမနီျပင္ပကို ထြက္ဖို႔ထက္ ဘိုင္ယန္ကိုပဲ ေျပာင္းလိုခဲ့တယ္လုိ႔လည္း သတင္းထြက္ေပၚခဲ့ပါတယ္။

ေဝါ့ပေရာက္စ္အတြက္ တရားဝင္ ကမ္းလွမ္းမႈအျဖစ္ အက္တြန္ဗီလာက ေပါင္ ၃၅ သန္းနဲ႔ ကမ္းလွမ္းခဲ့ပါေသးတယ္။ အဂၤလန္ကြင္းလယ္လူဟာ ေဆာက္သမ္တန္မွာ သစၥာရွိစြာ ဆက္ေနဖို႔ကို ေရြးခ်ယ္ခဲ့ျပီး အဲ့အတြက္ ခ်ီးျမွင့္ခံရမႈအျဖစ္ တစ္ပတ္လုပ္ခ ေပါင္ ၁ သိန္းကို တိုးျမွင့္ရရွိမယ့္ စာခ်ဳပ္သစ္ ရရွိသြားခဲ့တာျဖစ္ပါတယ္။ အဆိုပါ စာခ်ဳပ္မွာေတာ့ အသင္းေျပာင္းမယ္ဆိုရင္ ေဆာက္သမ္တန္ရဲ႕ ကန္႔သတ္မႈေတြကို သေဘာတူညီမွ ထြက္ခြင့္ရမယ္ဆိုတဲ့အခ်က္ ပါဝင္သြားခဲ့ျပီျဖစ္ပါတယ္။