လီဗာပူးတိုက်စစ်သမား မာနေးက ရာသီသစ်အတွက် ရည်မှန်းချက်တွေ ရှိနေပြီး အဲ့တာကတော့ သူ့ရဲ့ သွင်းဂိုးနှုန်းကို မြှင့်တင်ကာ အသင်းအတွက် ဆုဖလား အနိုင်ယူပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလား အောင်မြင်မှုတွေမှာ လီဗာပူးရဲ့ အဓိက အသင်းသားဖြစ်ခဲ့တဲ့ မာနေးဟာ ဘလွန်းဒီအောဆုအတွက် ထိပ်ပိုင်း တစ်နေရာထိ တက်ရောက်နိုင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မနှစ်ကရာသီမှာ စွမ်းဆောင်ရည် ကျဆင်းမှုနဲ့ မာနေးရဲ့ အရည်အချင်းကို သံသယ ဝင်သူတွေက များစွာ ရှိလာနေခဲ့ပါပြီ။

မာနေးက ” ဘောလုံးမှာ ကိစ္စတွေက ခပ်မြန်မြန်ပဲ ဆက်ဖြစ်နေပြီး လူတွေက ပြီးခဲ့တာတွေကို ခပ်လွယ်လွယ်ပဲ မေ့လိုက်ကြပါတယ်။ အဲ့တာက စိတ်ပျက်စရာဆိုပေမယ့် ဒါက ဘောလုံးပဲဖြစ်ပါတယ်။

ဒီကနေ့မှာ ကျနေ်ာတို့တွေ ဘာတွေကို အနိုင်ရခဲ့တယ်ဆိုတာအတွက် စကားလုပ်ပြီးတောင် မပြောကြတော့ပါဘူး။ ကျနေ်ာတို့ရဲ့ ရည်မှန်းချက်ကို ရောက်ဖို့ရာအတွက် စိတ်လျော့လိုက်ဖိုပလည်း ဘာအကြောင်းပြချက်မှ မရှိပါဘူး။ မနှစ်ကရာသီ အခြေအနေတွေက ကျနေ်ာတို့ကို ပိုပြီး လုံ့ဆော်မှုတွေ ဖြစ်လာစေတယ်။ ကျနေ်ာတို့အားလုံး ဒီရာသီအတွက် စိတ်အားထက်သန်နေပါတယ် ” လို့ဆိုပါတယ်။

မနှစ်ကရာသီမှာ မာနေးဟာ သွင်းဂိုး ၁၆ ဂိုးပဲ သွင်းယူနိုင်ခဲ့တယ်။ အဆိုပါ ကိန်းဂဏန်းဟာ ၂၀၁၇ မှာ သူလီဗာပူးကို ရောက်လာပြီးနောက် အနည်းဆုံး သွင်းယူနိုင်တဲ့ သွင်းဂိုး မှတ်တမ်းဖြစ်ပါတယ်။

မာနေးကပဲ ” ကျနော် ဂိုးတွေ ပိုသွင်းချင်ပါတယ်။ အသင်းဖော်တွေအတွက် ဂိုးတွေ စီစဉ်ပေးလိုပါတယ်။ သွင်းဂိုး ၃၀ လောက်ထိတောင် သွင်းလိုပါတယ်။ ဘာလို့မဖြစ်နိုင်ရမှာလဲ?

အသင်းအတွက် ဆုဖလားတွေ အနိုင်ယူပေးဖို့က ကျနော်ရဲ့ ရည်မှန်းချက်ပါ။ အသင်းက လူတိုင်းကလည်း သွင်းဂိုးတွေ ဆာလောင်နေတယ်။ မနှစ်ကရာသီ ခြေစွမ်းအတွက် ကျနော် စိတ်ပျက်ခဲ့ရတယ်။ စိတ်အားထက်ထက်သန်သန်နဲ့ကို ပိုလုပ်နိုင်မယ်လို့ ကျနော် ထင်ပါတယ်။

တစ်ရာသီကို ၁၈ ဂိုးကနေ ၂၂ ဂိုးဟာ ဘောလုံးတစ်ရာသီမှာ ကျနော် သွင်းယူနိုင်တဲ့ သွင်းဂိုးတွေပါ။ အဲ့လိုမှ မသွင်းနိုင်ရင် ကျနော် ကိုယ်ဘာသာ စိတ်ပျက်နေမိမှာပါ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမား မာေနးက ရာသီသစ္အတြက္ ရည္မွန္းခ်က္ေတြ ရွိေနျပီး အဲ့တာကေတာ့ သူ႔ရဲ႕ သြင္းဂိုးႏႈန္းကို ျမွင့္တင္ကာ အသင္းအတြက္ ဆုဖလား အႏုိင္ယူေပးဖို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။

ခ်န္ပီယံလိဂ္ဖလား၊ ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္မႈေတြမွာ လီဗာပူးရဲ႕ အဓိက အသင္းသားျဖစ္ခဲ့တဲ့ မာေနးဟာ ဘလြန္းဒီေအာဆုအတြက္ ထိပ္ပိုင္း တစ္ေနရာထိ တက္ေရာက္ႏုိင္ခဲ့သူတစ္ဦး ျဖစ္ပါတယ္။ ဒါေပမယ့္လည္း မႏွစ္ကရာသီမွာ စြမ္းေဆာင္ရည္ က်ဆင္းမႈနဲ႔ မာေနးရဲ႕ အရည္အခ်င္းကို သံသယ ဝင္သူေတြက မ်ားစြာ ရွိလာေနခဲ့ပါျပီ။

မာေနးက ” ေဘာလံုးမွာ ကိစၥေတြက ခပ္ျမန္ျမန္ပဲ ဆက္ျဖစ္ေနျပီး လူေတြက ျပီးခဲ့တာေတြကို ခပ္လြယ္လြယ္ပဲ ေမ့လိုက္ၾကပါတယ္။ အဲ့တာက စိတ္ပ်က္စရာဆိုေပမယ့္ ဒါက ေဘာလံုးပဲျဖစ္ပါတယ္။

ဒီကေန႔မွာ က်ေန္ာတို႔ေတြ ဘာေတြကို အႏုိင္ရခဲ့တယ္ဆိုတာအတြက္ စကားလုပ္ျပီးေတာင္ မေျပာၾကေတာ့ပါဘူး။ က်ေန္ာတို႔ရဲ႕ ရည္မွန္းခ်က္ကို ေရာက္ဖို႔ရာအတြက္ စိတ္ေလ်ာ့လိုက္ဖိုပလည္း ဘာအေၾကာင္းျပခ်က္မွ မရွိပါဘူး။ မႏွစ္ကရာသီ အေျခအေနေတြက က်ေန္ာတို႔ကို ပိုျပီး လံု႔ေဆာ္မႈေတြ ျဖစ္လာေစတယ္။ က်ေန္ာတို႔အားလံုး ဒီရာသီအတြက္ စိတ္အားထက္သန္ေနပါတယ္ ” လို႔ဆိုပါတယ္။

မႏွစ္ကရာသီမွာ မာေနးဟာ သြင္းဂိုး ၁၆ ဂိုးပဲ သြင္းယူႏုိင္ခဲ့တယ္။ အဆိုပါ ကိန္းဂဏန္းဟာ ၂၀၁၇ မွာ သူလီဗာပူးကို ေရာက္လာျပီးေနာက္ အနည္းဆံုး သြင္းယူႏုိင္တဲ့ သြင္းဂိုး မွတ္တမ္းျဖစ္ပါတယ္။

မာေနးကပဲ ” က်ေနာ္ ဂိုးေတြ ပိုသြင္းခ်င္ပါတယ္။ အသင္းေဖာ္ေတြအတြက္ ဂိုးေတြ စီစဥ္ေပးလိုပါတယ္။ သြင္းဂိုး ၃၀ ေလာက္ထိေတာင္ သြင္းလိုပါတယ္။ ဘာလို႔မျဖစ္ႏုိင္ရမွာလဲ?

အသင္းအတြက္ ဆုဖလားေတြ အႏုိင္ယူေပးဖို႔က က်ေနာ္ရဲ႕ ရည္မွန္းခ်က္ပါ။ အသင္းက လူတိုင္းကလည္း သြင္းဂိုးေတြ ဆာေလာင္ေနတယ္။ မႏွစ္ကရာသီ ေျခစြမ္းအတြက္ က်ေနာ္ စိတ္ပ်က္ခဲ့ရတယ္။ စိတ္အားထက္ထက္သန္သန္နဲ႔ကို ပိုလုပ္ႏုိင္မယ္လို႔ က်ေနာ္ ထင္ပါတယ္။

တစ္ရာသီကို ၁၈ ဂိုးကေန ၂၂ ဂိုးဟာ ေဘာလံုးတစ္ရာသီမွာ က်ေနာ္ သြင္းယူႏုိင္တဲ့ သြင္းဂိုးေတြပါ။ အဲ့လိုမွ မသြင္းႏုိင္ရင္ က်ေနာ္ ကိုယ္ဘာသာ စိတ္ပ်က္ေနမိမွာပါ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။