၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွက် နွေဈေးကွက်က ပိတ်သိမ်းခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ကိုနတေး တစ်ဦးတည်းကို ခေါ်ယူခဲ့ခြင်းဖြစ်ကာ အဓိက ကစားသမား အချို့နဲ့ လူငယ်ကစားသမား အချို့တွေကို လက်လွတ်ခဲ့ရတယ်။

နက်ဖီးလစ်၊ အိုရီဂီ၊ နီကိုး၊ မီနာမီနိုတို့ကို ရောင်းထုတ်နိုင်ခြင်း မရှိမှုကြောင့် နောက်ထပ်သော ကစားသမားတွေကို ခေါ်ယူခဲ့ခြင်း မရှိတဲ့ အသင်းရဲ့ နွေလှုပ်ရှားမှုက စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့ လူစာရင်းဟာ ဒဏ်ရာပြဿနာတွေ များစွာ ရင်ဆိုင်ရတဲ့ မနှစ်ကထက်စာရင် တောင့်တင်းတယ်လို့ ဆိုနိုင်ပေမယ့် အသင်းပြိုင်ဆိုင်ရမှာက ကိုယ်လူစာရင်း မဟုတ်ဘဲ ပြိုင်ဘက်အသင်းတွေရဲ့ လူစာရင်းတွေနဲ့ ဖြစ်ပါတယ်။

ချယ်ဆီး၊ မန်စီးတီးနဲ့ ယူနိုက်တက်တို့ဟာ တောင့်တင်းတဲ့ လူစာရင်းတွေကို ပိုင်ဆိုင်လာခဲ့သလို အာဆင်နယ်နဲ့ စပါးအသင်းတို ပေါင် သန်း ၁၀၀ ကျော် အသုံးပြုလာချိန်မှာ လီဗာပူးရဲ့ နွေလှုပ်ရှားမှုက စိတ်တက်ကြွဖို့ရာ ခက်ခဲခဲ့တယ်။

အကောင်းမြင်စရာ အနေနဲ့ ထရန့်၊ ဖာဘင်ညို၊ အယ်လီဆန်၊ ရိုဘို၊ ဗန်ဒိုက်၊ ဟန်ဒါဆန်၊ နက်ဖီးလစ်တို့ ကာလရှည် သက်တမ်းတိုးခဲ့ခြင်းကြောင့် အသင်းဟာ အဓိက စုဖွဲ့မှုကို ဆက်ထိန်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီရာသီမှာ ကွင်းလယ်ပိုင်းက အယ်လီးယော့ တောက်ပလာပေမယ့် အကယ်ဒမီထွက် ကွင်းလယ်လူ ဂျုံးထံက မနှစ်က သူကစားခဲ့တဲ့ ၃၂ ပွဲထက် ပိုတဲ့ ပွဲကစားခွင့်တွေ မြင်ရဖို့လည်း မျှော်လင့်ထားရတာဖြစ်ပါတယ်။

လီဗာပူးလူစာရင်းမှာ ကားရီးယက်စ်လည်း ဆက်ရှိနေခဲ့ပြီး စုစုပေါင်း စီနီယာအသင်းသား (၂၈) ဦးထိ ရှိနေမှာဖြစ်တယ်။ အဆိုပါထဲမှာတော့ စီနီယာအသင်းနဲ့ ပုံမှန် လေ့ကျင့်ရေး ဝင်နေတဲ့ လူငယ်ဂိုးသမား ပီတာလူးဂါလည်း ပါဝင်သွားမှာဖြစ်ပါတယ်။ လီဗာပူးရဲ့ ပထမဂိုးက အယ်လီဆန်ဖြစ်ပြီး ဒုတိယဂိုးအဖြစ်တော့ ကလယ်ဟာကို တိုးမြှင့်ပေးထားခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်အတွက် လူစာရင်းတင်ရာမှာတော့ ၂၅ ဦးပဲ တင်ခွင့်ရှိမှာဖြစ်တယ်။ ကလယ်ဟာ၊ ဂိုးမက်စ်၊ နက်ဖီးလစ်၊ ထရန့်၊ ဟန်ဒါဆန်၊ မီလ်နာ၊ ချိန်ဘာလိန်တို့ဟာ homegrown ကစားသမားတွေအဖြစ် စာရင်းဝင်မှာဖြစ်ပါတယ်။

နီကိုး ဝီလီယမ်၊ ဂျုံး၊ အယ်လီးယော့၊ ပီတာလူးဂါကိုတော့ စာရင်းသွင်းစရာ မလိုဘဲ ၎င်းတို့ဟာ ယူ-၂၁ ကစားသမားတွေအဖြစ် စာရင်းပေါက်မှာဖြစ်လို့ တရားဝင် စာရင်း (၂၄) ဦး ဖြစ်နေပါလိမ့်မယ်။

Liverpool’s Premier League squad in full

Goalkeepers: Alisson, Adrian, Kelleher, Karius, Pitaluga

Defenders: Robertson, Tsimikas, Van Dijk, Gomez, Matip, Konate, Phillips, Alexander-Arnold, N. Williams

Midfielders: Fabinho, Thiago, Henderson, Oxlade-Chamberlain, Keita, Milner, Jones

Forwards: Salah, Mane, Jota, Firmino, Minamino, Origi, Elliott

ZAWGYI

၂၀၂၁-၂၀၂၂ ေဘာလံုးရာသီအတြက္ ေႏြေစ်းကြက္က ပိတ္သိမ္းခဲ့ျပီျဖစ္ပါတယ္။ လီဗာပူးအသင္းဟာ ကိုနေတး တစ္ဦးတည္းကို ေခၚယူခဲ့ျခင္းျဖစ္ကာ အဓိက ကစားသမား အခ်ိဳ႔နဲ႔ လူငယ္ကစားသမား အခ်ိဳ႔ေတြကို လက္လြတ္ခဲ့ရတယ္။

နက္ဖီးလစ္၊ အိုရီဂီ၊ နီကိုး၊ မီနာမီႏိုတို႔ကို ေရာင္းထုတ္ႏုိင္ျခင္း မရွိမႈေၾကာင့္ ေနာက္ထပ္ေသာ ကစားသမားေတြကို ေခၚယူခဲ့ျခင္း မရွိတဲ့ အသင္းရဲ႔ ေႏြလႈပ္ရွားမႈက စိတ္ပ်က္စရာ ေကာင္းခဲ့ပါတယ္။ လီဗာပူးအသင္းရဲ႕ လူစာရင္းဟာ ဒဏ္ရာျပႆနာေတြ မ်ားစြာ ရင္ဆိုင္ရတဲ့ မႏွစ္ကထက္စာရင္ ေတာင့္တင္းတယ္လို႔ ဆိုႏုိင္ေပမယ့္ အသင္းျပိဳင္ဆိုင္ရမွာက ကိုယ္လူစာရင္း မဟုတ္ဘဲ ျပိဳင္ဘက္အသင္းေတြရဲ႕ လူစာရင္းေတြနဲ႔ ျဖစ္ပါတယ္။

ခ်ယ္ဆီး၊ မန္စီးတီးနဲ႔ ယူႏုိက္တက္တို႔ဟာ ေတာင့္တင္းတဲ့ လူစာရင္းေတြကို ပိုင္ဆိုင္လာခဲ့သလို အာဆင္နယ္နဲ႔ စပါးအသင္းတို ေပါင္ သန္း ၁၀၀ ေက်ာ္ အသံုးျပဳလာခ်ိန္မွာ လီဗာပူးရဲ႕ ေႏြလႈပ္ရွားမႈက စိတ္တက္ၾကြဖို႔ရာ ခက္ခဲခဲ့တယ္။

အေကာင္းျမင္စရာ အေနနဲ႔ ထရန္႔၊ ဖာဘင္ညိဳ၊ အယ္လီဆန္၊ ရိုဘို၊ ဗန္ဒိုက္၊ ဟန္ဒါဆန္၊ နက္ဖီးလစ္တို႔ ကာလရွည္ သက္တမ္းတိုးခဲ့ျခင္းေၾကာင့္ အသင္းဟာ အဓိက စုဖြဲ႔မႈကို ဆက္ထိန္းထားႏုိင္ခဲ့ျပီျဖစ္ပါတယ္။ ဒီရာသီမွာ ကြင္းလယ္ပိုင္းက အယ္လီးေယာ့ ေတာက္ပလာေပမယ့္ အကယ္ဒမီထြက္ ကြင္းလယ္လူ ဂ်ံဳးထံက မႏွစ္က သူကစားခဲ့တဲ့ ၃၂ ပြဲထက္ ပိုတဲ့ ပြဲကစားခြင့္ေတြ ျမင္ရဖို႔လည္း ေမွ်ာ္လင့္ထားရတာျဖစ္ပါတယ္။

လီဗာပူးလူစာရင္းမွာ ကားရီးယက္စ္လည္း ဆက္ရွိေနခ့ဲျပီး စုစုေပါင္း စီနီယာအသင္းသား (၂၈) ဦးထိ ရွိေနမွာျဖစ္တယ္။ အဆိုပါထဲမွာေတာ့ စီနီယာအသင္းနဲ႔ ပံုမွန္ ေလ့က်င့္ေရး ဝင္ေနတဲ့ လူငယ္ဂိုးသမား ပီတာလူးဂါလည္း ပါဝင္သြားမွာျဖစ္ပါတယ္။ လီဗာပူးရဲ႕ ပထမဂိုးက အယ္လီဆန္ျဖစ္ျပီး ဒုတိယဂိုးအျဖစ္ေတာ့ ကလယ္ဟာကို တိုးျမွင့္ေပးထားခဲ့ျပီျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္အတြက္ လူစာရင္းတင္ရာမွာေတာ့ ၂၅ ဦးပဲ တင္ခြင့္ရွိမွာျဖစ္တယ္။ ကလယ္ဟာ၊ ဂိုးမက္စ္၊ နက္ဖီးလစ္၊ ထရန္႔၊ ဟန္ဒါဆန္၊ မီလ္နာ၊ ခ်ိန္ဘာလိန္တို႔ဟာ homegrown ကစားသမားေတြအျဖစ္ စာရင္းဝင္မွာျဖစ္ပါတယ္။

နီကိုး ဝီလီယမ္၊ ဂ်ံဳး၊ အယ္လီးေယာ့၊ ပီတာလူးဂါကိုေတာ့ စာရင္းသြင္းစရာ မလိုဘဲ ၄င္းတို႔ဟာ ယူ-၂၁ ကစားသမားေတြအျဖစ္ စာရင္းေပါက္မွာျဖစ္လို႔ တရားဝင္ စာရင္း (၂၄) ဦး ျဖစ္ေနပါလိမ့္မယ္။