ဘယ်အစွန်လူ ရော်ဘတ်ဆန်ဟာ ရာသီကြိုမှာ ရခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကနေ အမြန်ဆုံး သက်သာလာတာအတွက် ကျေနပ်နေပါတယ်။

သူ့ရဲ့ ဒဏ်ရာဟာ ကာလရှည် နားရနိုင်တယ်လို့ ယူဆခဲ့ကြပေမယ့် ကံကောင်းစွာပဲ မပြင်းထန်ခဲ့တာကြောင့် သီတင်းပတ် နှစ်ပတ်လောက် အနားယူရုံနဲ့ ပျောက်ကင်းခဲ့ရတယ်။ ချယ်ဆီးနဲ့ပွဲမှာ ပါဝင်ကစားနိုင်ခဲ့ပြီး နိုင်ငံတကာ သီတင်းပတ်တွေအတွက် စကော့တလန်အတွက် ကစားပေးခဲ့ပြီဖြစ်ပါတယ်။

ရိုဘိုက “ မတော်တဆဖြစ်ခဲ့တဲ့ ဗီဒီယိုကို ပြန်ကြည့်ချိန်မှာ အခြေအနေက သိပ်မကောင်းခဲ့ဘူး။ ကျနော် အဆိုးဆုံးအထိ မျှော်လင့်ထားခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းချင်တော့ နောက်ရက် ဒဏ်ရာကို စကန်ဖတ်ထားတဲ့ ရလဒ် ထွက်လာချိန်မှာ ဆိုးဆိုးရွားရွား ထိခိုက်တာ မရှိခဲ့ပါဘူး။ ကျနော် ခပ်မြန်မြန်လေး သက်သာလာမယ်ဆိုတာ သိခဲ့ပါတယ်။

လီဗာပူးမှာ သိပ်ကောင်းတဲ့ ကုထုံးဆရာဝန်တွေ ရှိတာကလည်း ကြီးကြီးမားမား အကူအညီ ဖြစ်ခဲ့ပါတယ်။ ကျနော်က ဒဏ်ရာတွေကို လက်ခံတတ်သူမဟုတ်ဘဲ ကွင်းထဲကို အမြန်ဆုံး ပြန်ဝင်ဖို့ စိတ်အားထက်သန်နေတဲ့သူပါ။ ကံကောင်းစွာပဲ ကျနော် ပြန်ကစားနိုင်ခဲ့ပြီး ပွဲတွေ အများကြီးကို လွဲချော်ခဲ့ရခြင်း မရှိပါဘူး။

ကျနော်က ရာသီကြို ပူးပေါင်းမှု နောက်ကျထားခဲ့တာပါ။ ဒါကြောင့် ဒဏ်ရာလာဖြစ်ခဲ့တာက ကျနော်အတွက် စိတ်အနှောက်အယှက် ဖြစ်ရပါတယ်။ လေ့ကျင့်ရေးမှာ ကျနော်ရဲ့ ပုံစံကောင်းတွေ အမြန်ဆုံး ပြန်ရဖို့ ကြိုးစားခဲ့တယ်။ ပြီးခဲ့တဲ့ အပတ်က ကျနော်ရဲ့ ပထမဆုံး လိဂ်ပွဲကို ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲတွေ ပိုကစားလာရရင် ကျနော် ပိုကောင်းလာမှာပါ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ရိုဘိုဟာ ချယ်ဆီးနဲ့ပွဲမှာ သူ့ရဲ့ ခံစစ်ပိုင်း အကောင်းဆုံး ပုံစံတွေကို မပြသနိုင်ခဲ့ပါဘူး။ ချယ်ဆီးဘက်က ဆုံးဖြတ်ချက်တွေ မှားခဲ့လိုသာ သွင်းဂိုးတွေ ခွင့်ပြုရမယ့် အခြေအနေက ကင်းလွတ်ခဲ့ခြင်းဖြစ်ပြီး သူဟာ တိုက်စစ်ပိုင်း လိုက်ပါရာမှာလည်း ပြိုင်ဘက်ရဲ့ တောင်ပံ ဧရိယာမှာ လွှမ်းမိုးနိုင်စွမ်းး ကျဆင်းခဲ့တယ်။

လီဗာပူးရဲ့ အကောင်းဆုံး ဘယ်အစွန်လူဟာ နိုင်ငံတကာ သီတင်းပတ်တွေ အပြီးမှာ သူ့ရဲ့ အကောင်းဆုံး ကြံ့ခိုင်မှု၊ ခြေစွမ်းတွေနဲ့အတူ ပွဲထွက်ခွင့် တစ်နေရာအတွက် ပြန်လည် တိုက်ခိုက်လာနိုင်ဦးမယ်လို့ ယုံကြည်ရတာဖြစ်ပါတယ်။

ZAWGYI

ဘယ္အစြန္လူ ေရာ္ဘတ္ဆန္ဟာ ရာသီၾကိဳမွာ ရခဲ့တဲ့ ေျခက်င္းဝတ္ ဒဏ္ရာကေန အျမန္ဆံုး သက္သာလာတာအတြက္ ေက်နပ္ေနပါတယ္။

သူ႔ရဲ႕ ဒဏ္ရာဟာ ကာလရွည္ နားရႏုိင္တယ္လို႔ ယူဆခဲ့ၾကေပမယ့္ ကံေကာင္းစြာပဲ မျပင္းထန္ခဲ့တာေၾကာင့္ သီတင္းပတ္ ႏွစ္ပတ္ေလာက္ အနားယူရံုနဲ႔ ေပ်ာက္ကင္းခဲ့ရတယ္။ ခ်ယ္ဆီးနဲ႔ပြဲမွာ ပါဝင္ကစားႏုိင္ခဲ့ျပီး ႏုိင္ငံတကာ သီတင္းပတ္ေတြအတြက္ စေကာ့တလန္အတြက္ ကစားေပးခဲ့ျပီျဖစ္ပါတယ္။

ရိုဘိုက “ မေတာ္တဆျဖစ္ခ့ဲတဲ့ ဗီဒီယိုကို ျပန္ၾကည့္ခ်ိန္မွာ အေျခအေနက သိပ္မေကာင္းခဲ့ဘူး။ က်ေနာ္ အဆိုးဆံုးအထိ ေမွ်ာ္လင့္ထားခဲ့ပါတယ္။ ဒါေပမယ့္ ကံေကာင္းခ်င္ေတာ့ ေနာက္ရက္ ဒဏ္ရာကို စကန္ဖတ္ထားတဲ့ ရလဒ္ ထြက္လာခ်ိန္မွာ ဆိုးဆိုးရြားရြား ထိခိုက္တာ မရွိခဲ့ပါဘူး။ က်ေနာ္ ခပ္ျမန္ျမန္ေလး သက္သာလာမယ္ဆိုတာ သိခဲ့ပါတယ္။

လီဗာပူးမွာ သိပ္ေကာင္းတဲ့ ကုထံုးဆရာဝန္ေတြ ရွိတာကလည္း ၾကီးၾကီးမားမား အကူအညီ ျဖစ္ခဲ့ပါတယ္။ က်ေနာ္က ဒဏ္ရာေတြကို လက္ခံတတ္သူမဟုတ္ဘဲ ကြင္းထဲကို အျမန္ဆံုး ျပန္ဝင္ဖို႔ စိတ္အားထက္သန္ေနတဲ့သူပါ။ ကံေကာင္းစြာပဲ က်ေနာ္ ျပန္ကစားႏုိင္ခဲ့ျပီး ပြဲေတြ အမ်ားၾကီးကို လြဲေခ်ာ္ခဲ့ရျခင္း မရွိပါဘူး။

က်ေနာ္က ရာသီၾကိဳ ပူးေပါင္းမႈ ေနာက္က်ထားခဲ့တာပါ။ ဒါေၾကာင့္ ဒဏ္ရာလာျဖစ္ခဲ့တာက က်ေနာ္အတြက္ စိတ္အေႏွာက္အယွက္ ျဖစ္ရပါတယ္။ ေလ့က်င့္ေရးမွာ က်ေနာ္ရဲ႕ ပံုစံေကာင္းေတြ အျမန္ဆံုး ျပန္ရဖို႔ ၾကိဳးစားခဲ့တယ္။ ျပီးခဲ့တဲ့ အပတ္က က်ေနာ္ရဲ႕ ပထမဆံုး လိဂ္ပြဲကို ကစားႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ ပြဲေတြ ပိုကစားလာရရင္ က်ေနာ္ ပိုေကာင္းလာမွာပါ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။

ရိုဘိုဟာ ခ်ယ္ဆီးနဲ႔ပြဲမွာ သူ႔ရဲ႕ ခံစစ္ပိုင္း အေကာင္းဆံုး ပံုစံေတြကို မျပသႏုိင္ခဲ့ပါဘူး။ ခ်ယ္ဆီးဘက္က ဆံုးျဖတ္ခ်က္ေတြ မွားခဲ့လိုသာ သြင္းဂိုးေတြ ခြင့္ျပဳရမယ့္ အေျခအေနက ကင္းလြတ္ခဲ့ျခင္းျဖစ္ျပီး သူဟာ တိုက္စစ္ပိုင္း လိုက္ပါရာမွာလည္း ျပိဳင္ဘက္ရဲ႕ ေတာင္ပံ ဧရိယာမွာ လႊမ္းမိုးႏုိင္စြမ္းး က်ဆင္းခဲ့တယ္။

လီဗာပူးရဲ႕ အေကာင္းဆံုး ဘယ္အစြန္လူဟာ ႏုိင္ငံတကာ သီတင္းပတ္ေတြ အျပီးမွာ သူ႔ရဲ႕ အေကာင္းဆံုး ၾကံ႔ခိုင္မႈ၊ ေျခစြမ္းေတြနဲ႔အတူ ပြဲထြက္ခြင့္ တစ္ေနရာအတြက္ ျပန္လည္ တိုက္ခိုက္လာႏုိင္ဦးမယ္လို႔ ယံုၾကည္ရတာျဖစ္ပါတယ္။