ရာသီအစောပိုင်းကာလ အကောင်းမြင်စရာ တချက်ကတော့ မနှစ်က တစ်ရာသီလုံးနီးပါး ပွဲမကစားနိုင်ခဲ့တဲ့ မာတစ်နဲ့ ဗန်ဒိုက်တို့ ဒဏ်ရာပြဿနာတွေကနေ ပြန်ကောင်းလာပြီး ကြံ့ခိုင်မှု ပြည့်ဝနေကာ တည်ငြိမ်တဲ့ ခြေစွမ်းတွေ ပြသနေနိုင်ခြင်းပဲ ဖြစ်ကြောင်း အသင်းဝဘ်ဆိုဒ်ကနေ မာနေးက ဖွင့်ဟသွားပါတယ်။

ဂျိုဂိုးမက်စ်ဟာလည်း ကာလရှည် ဒူးဒဏ်ရာကနေ ပြန်လည် သက်သာလာပြီး ပွဲတွေမှာ ရွေးချယ်ခွင့်ရနေပြီဖြစ်တယ်။ သူတို့လို ခံစစ်သမားတွေအပြင် နွေဈေးကွက်မှာ ရထားတဲ့ ကစားသမားသစ် ကိုနတေးကြောင့် မန်နေဂျာကလော့ပ်ဟာ ဗဟိုခံစစ်အတွက် ရွေးချယ်စရာ အလုံအလောက် ရှိနေတာပါ။

ဗန်ဒိုက်နဲ့ ပတ်သက်ပြီး မာနေးက “ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတစ်ယောက် အသင်းမှာ ပြန်ကစားနိုင်တာက ပြောပြလို့တောင် မရနိုင်တဲ့ ခံစားချက်ပါပဲ။ အဲ့တာက သိပ်ကောင်းပါတယ်။ မနှစ်က ဗန်ဒိုက်အတွက် ခက်ခဲတဲ့ အချိန်တစ်ခု ဖြစ်ခဲ့ပေမယ့် အခုတော့ အရင်လိုပဲ သူ ပြုံးနေနိုင်ပါပြီ။ ကျနော်တို့အားလုံးက သူ့အတွက် ဝမ်းသာရပါတယ်။

သူက တချိန်လုံး သူ့ခန္ဓာကိုယ်ကို ဂရုစိုက်တတ်တဲ့ သိပ်ကို ပရော်ဖက်ရှင်နယ် ပီသတဲ့ အားကစားသမား တစ်ယောက်ပါ။ အရင်လို ခြေစွမ်းကောင်းတွေနဲ့ သူ့ကို ပြန်မြင်ရတာ ကျနော်ကတော့ မအံ့ဩပါဘူး။ သူ ပွဲတွေမှာ ပြန်လည် ပါဝင်လာပြီး သူ့ဘယ်လို အဆင့်အတန်းမှာ ကစားနိုင်တယ်ဆိုတာ ကျနေ်ာတို့ မြင်ထားရပြီးပါပြီ။

မနှစ်တုန်းက ဗန်ဒိုက်၊ မာတစ်နဲ့ ဂိုးမက်စ်တို့ကို လက်လွတ်ရတာက အသင်းအတွက် ထိခိုက်မှုကြီးပဲ ဖြစ်ပါတယ်။ အသင်းမှာ ဒီလိုကစားသမားကောင်းတွေ ရှိနေပြီး သူတို့ မကစားနိုင်တဲ့အခါ သေချာပေါက် ခံစားရမှာပါ။ ကမ္ဘာပေါ်က ဘယ်ကလပ်မဆို ဒီလိုပဲ ခံစားရမယ်လို့ ထင်ပါတယ်။

အခု သူတို့တွေ ဒဏ်ရာကနေ ပြန်သက်သာလာလို့ ကျွန်တော်တို့ တကယ်ကို ပျော်ရွှင်နေပါတယ်။ ရာသီအစမှာတင် ကျနော်တို့နောက်က သူတို့တွေ ရှိနေတာက သိပ်ကို ကောင်းမွန်ပါတယ်။ ဒါပေမယ့် မနှစ်က သူတို့နေရာမှာ အစားဝင်ကစားပေးခဲ့ပြီး ကောင်းကောင်းလုပ်ပြခဲ့တဲ့ နတ်ဖီးလစ်ကိုလည်း ကျွန်တော်တို့ မမေ့သင့်ပါဘူး ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ရာသီအေစာပိုင္းကာလ အေကာင္းျမင္စရာ တခ်က္ကေတာ့ မႏွစ္က တစ္ရာသီလုံးနီးပါး ပြဲမကစားႏိုင္ခဲ့တဲ့ မာတစ္နဲ႔ ဗန္ဒိုက္တို႔ ဒဏ္ရာျပႆနာေတြကေန ျပန္ေကာင္းလာၿပီး ႀကံ့ခိုင္မႈ ျပည့္ဝေနကာ တည္ျငိမ္တဲ့ ေျခစြမ္းေတြ ျပသေနႏုိင္ျခင္းပဲ ျဖစ္ေၾကာင္း အသင္းဝဘ္ဆိုဒ္ကေန မာေနးက ဖြင့္ဟသြားပါတယ္။

ဂ်ိဳဂိုးမက္စ္ဟာလည္း ကာလရွည္ ဒူးဒဏ္ရာကေန ျပန္လည္ သက္သာလာၿပီး ပြဲေတြမွာ ေရြးခ်ယ္ခြင့္ရေနျပီျဖစ္တယ္။ သူတို႔လို ခံစစ္သမားေတြအျပင္ ေႏြေစ်းကြက္မွာ ရထားတဲ့ ကစားသမားသစ္ ကိုနေတးေၾကာင့္ မန္ေနဂ်ာကေလာ့ပ္ဟာ ဗဟိုခံစစ္အတြက္ ေ႐ြးခ်ယ္စရာ အလုံအေလာက္ ရွိေနတာပါ။

ဗန္ဒိုက္နဲ႔ ပတ္သက္ၿပီး မာေနးက “ကမာၻ႔အေကာင္းဆုံး ေနာက္ခံလူတစ္ေယာက္ အသင္းမွာ ျပန္ကစားႏိုင္တာက ေျပာျပလို႔ေတာင္ မရႏိုင္တဲ့ ခံစားခ်က္ပါပဲ။ အဲ့တာက သိပ္ေကာင္းပါတယ္။ မႏွစ္က ဗန္ဒိုက္အတြက္ ခက္ခဲတဲ့ အခ်ိန္တစ္ခု ျဖစ္ခဲ့ေပမယ့္ အခုေတာ့ အရင္လိုပဲ သူ ၿပဳံးေနႏိုင္ပါၿပီ။ က်ေနာ္တို႔အားလုံးက သူ႔အတြက္ ဝမ္းသာရပါတယ္။

သူက တခ်ိန္လုံး သူ႔ခႏၶာကိုယ္ကို ဂ႐ုစိုက္တတ္တဲ့ သိပ္ကို ပေရာ္ဖက္ရွင္နယ္ ပီသတဲ့ အားကစားသမား တစ္ေယာက္ပါ။ အရင္လို ေျခစြမ္းေကာင္းေတြနဲ႔ သူ႔ကို ျပန္ျမင္ရတာ က်ေနာ္ကေတာ့ မအံ့ဩပါဘူး။ သူ ပြဲေတြမွာ ျပန္လည္ ပါဝင္လာျပီး သူ႔ဘယ္လို အဆင့္အတန္းမွာ ကစားႏုိုင္တယ္ဆိုတာ က်ေန္ာတို႔ ျမင္ထားရျပီးပါျပီ။

မႏွစ္တုန္းက ဗန္ဒိုက္၊ မာတစ္နဲ႔ ဂိုးမက္စ္တို႔ကို လက္လြတ္ရတာက အသင္းအတြက္ ထိခိုက္မႈၾကီးပဲ ျဖစ္ပါတယ္။ အသင္းမွာ ဒီလိုကစားသမားေကာင္းေတြ ရွိေနၿပီး သူတို႔ မကစားႏိုင္တဲ့အခါ ေသခ်ာေပါက္ ခံစားရမွာပါ။ ကမာၻေပၚက ဘယ္ကလပ္မဆို ဒီလိုပဲ ခံစားရမယ္လို႔ ထင္ပါတယ္။

အခု သူတို႔ေတြ ဒဏ္ရာကေန ျပန္သက္သာလာလို႔ ကြၽန္ေတာ္တို႔ တကယ္ကို ေပ်ာ္႐ႊင္ေနပါတယ္။ ရာသီအစမွာတင္ က်ေနာ္တို႔ေနာက္က သူတို႔ေတြ ရွိေနတာက သိပ္ကို ေကာင္းမြန္ပါတယ္။ ဒါေပမယ့္ မႏွစ္က သူတို႔ေနရာမွာ အစားဝင္ကစားေပးခဲ့ၿပီး ေကာင္းေကာင္းလုပ္ျပခဲ့တဲ့ နတ္ဖီးလစ္ကိုလည္း ကြၽန္ေတာ္တို႔ မေမ့သင့္ပါဘူး ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။