ဒီရာသီ လီဗာပူးရဲ့ ရည်မှန်းချက် အတိုင်းအတာက အကန့်အသတ် မရှိပါဘူးလို့ ကွင်းလယ်လူ သီယာဂို အန်ကယ်တာရာက လီဗာပူးဝဘ်ဆိုဒ်ကို ထုတ်ဖော် ပြောဆိုပါတယ်။

ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာတို့နဲ့ စီးရီးလိုက် ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ စပိန်သား ကွင်းလယ်လူဟာ သူ့ရဲ့ အန်ဖီး ကစားသမားဘဝ ဒုတိယမြောက် ရာသီကို စတင်နေပြီဖြစ်တယ်။ မနှစ်တုန်းက ကိုဗစ်ကပ်ဘေးကြားမှာ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပေမယ့် ဒီရာသီမှာတော့ ဆုဖလားပြိုင်ပွဲတိုင်းမှာ လီဗာပူးအသင်း ရှိနေအောင် ကွင်းလယ်လူက ကူညီပေးချင်နေပါတယ်။

“ ကျနော် ကစားခဲ့တဲ့ အသင်းတိုင်းမှာ ထားခဲ့တဲ့ တူညီတဲ့ ခံစားချက်က တတ်နိုင်သလောက် ရည်မှန်းချက် မြင့်မြင့်ထားဖို့ပဲ။ ဆိုလိုတာကဗျာ ပါဝင်သမျှ ပြိုင်ပွဲတိုင်းမှာ အနိုင်ရဖို့ပေါ့။ အမှတ်ပေးလိဂ်၊ ချန်ပီယံလိဂ်နဲ့ ဖလားပြိုင်ပွဲတွေမှာရော ရသမျှ ယူနိုင်ဖို့ပါပဲ။ ဒါက အမြဲတမ်း ကျနော်တို့ရဲ့ ရည်မှန်းချက် ဖြစ်ခဲ့ပါတယ်။

မနှစ်ကကော၊ ဒီနှစ်ပါ ဒီရည်မှန်းချက်အတိုင်းဖြစ်ပြီး ခြားနားသွားတာ မရှိပါဘူး။ နှစ်တိုင်း ဒီလိုပါပဲ။ ကျနော်တို့ အရာအားလုံးကို အနိုင်ယူချင်တယ်။ ပြိုင်ပွဲတိုင်းတင်မက ပွဲစဉ်တိုင်းမှာပါ အနိုင်ယူဖို့ ဆာလောင်မှု ရှိချင်ပါတယ် ” လို့ သီယေဂို အယ်ကန်တာရာက ဆိုပါတယ်။

မာဆေးဆိုဒ်မှာ ပွဲဦးထွက်ရာသီအတွင်း ကိုဗစ်နဲ့ ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရတဲ့ သီယာဂိုဟာ ရာသီနှောင်းပိုင်းကျမှ ကလပ်ကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် အဓိက အကူအညီပေးနိုင်ခဲ့တယ်။ သူ့အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ကစားပုံနဲ့ စည်းချက်ကို အသားကျနေပြီလို့ ခံစားနေရပါတယ်။

“ ကျနော်ရဲ့ ပထမတစ်နှစ် အတွေ့အကြုံကို ထည့်တွက်လို့ ရပါ့မလား မသိပါဘူး။ ကိုဗစ်ကြောင့် အရာအားလုံးကို ပိတ်ထားခဲ့ရတာမို့ ကျနော်တို့ အပြည့်အဝ ပျော်ရွှင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ပရီးမီးယားလိဂ်က ဘယ်လောက် ပြင်းထန်တယ်၊ ကစားပုံ အရှိန်အဟုန်က ဘယ်လောက် မြန်ဆန်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျနော် တစ်နှစ် အတွေ့အကြုံ ရခဲ့တယ်။ အထိုင်ကျဖို့ ကြိုးစားခဲ့ရတဲ့ တစ်နှစ်တာက ကောင်းမွန်ခဲ့ပေမယ့် အစမှာတင် ခက်ခဲတဲ့အချိန်တွေကို တွေ့ကြုံခဲ့ရပါတယ်။ ဒါတွေကို ကျနော် ဖြတ်ကျော်ခဲ့ပြီးတော့ အခု ဒီရာသီသစ်အတွက် မျှော်လင့်နေပါတယ်။

ဒီကို စရောက်တုန်းက ကျနော်က အသင်းအတွက် ဘာတွေ ယူလာပေးနိုင်တယ်၊ အသင်းက ကျနော့်ကို ဘာတွေပေးနိုင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိပြီးသားပါ။ ကျနော်တို့ အတူတကွ ဆက်လက်ပြီး လက်တွဲလုပ်သွားမယ်။ ဒီနေရာကို ရောက်တာ အချိန်ကြာလှနေပြီဖြစ်တဲ့ အသင်းဖော်တွေရော၊ အသင်းဖော်သစ်တွေရော ကျနော်တို့အားလုံးဟာ အသစ်အသစ်သော အရာတွေကို အမြဲတမ်း ရှာဖွေနေတယ်လို့ ထင်ပါတယ်။

အသင်းက အမြင့်ဆုံးအဆင့်အတန်းမှာ စွမ်းဆောင်နိုင်တဲ့ ဟန်ချက်ညီမှုကို ဖန်တီးနေတာပဲ ဖြစ်ပါတယ် ”လို့ သီယာဂိုက ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။‌

ZAWGYI

ဒီရာသီ လီဗာပူးရဲ႕ ရည္မွန္းခ်က္ အတိုင္းအတာက အကန္႔အသတ္ မရွိပါဘူးလို႔ ကြင္းလယ္လူ သီယာဂို အန္ကယ္တာရာက လီဗာပူးဝဘ္ဆိုဒ္ကို ထုတ္ေဖာ္ ေျပာဆိုပါတယ္။

ဘိုင္ယန္ျမဴးနစ္၊ ဘာစီလိုနာတို႔နဲ႔ စီးရီးလိုက္ ခ်န္ပီယံျဖစ္ခဲ့ဖူးတဲ့ စပိန္သား ကြင္းလယ္လူဟာ သူ႔ရဲ႕ အန္ဖီး ကစားသမားဘဝ ဒုတိယေျမာက္ ရာသီကို စတင္ေနျပီျဖစ္တယ္။ မႏွစ္တုန္းက ကိုဗစ္ကပ္ေဘးၾကားမွာ အခက္အခဲေတြ ရင္ဆိုင္ခဲ့ရေပမယ့္ ဒီရာသီမွာေတာ့ ဆုဖလားျပိဳင္ပြဲတိုင္းမွာ လီဗာပူးအသင္း ရွိေနေအာင္ ကြင္းလယ္လူက ကူညီေပးခ်င္ေနပါတယ္။

“ က်ေနာ္ ကစားခဲ့တဲ့ အသင္းတိုင္းမွာ ထားခဲ့တဲ့ တူညီတဲ့ ခံစားခ်က္က တတ္ႏိုင္သေလာက္ ရည္မွန္းခ်က္ ျမင့္ျမင့္ထားဖို႔ပဲ။ ဆိုလိုတာကဗ်ာ ပါဝင္သမွ် ၿပိဳင္ပြဲတိုင္းမွာ အႏိုင္ရဖို႔ေပါ့။ အမွတ္ေပးလိဂ္၊ ခ်န္ပီယံလိဂ္နဲ႔ ဖလားၿပိဳင္ပြဲေတြမွာေရာ ရသမွ် ယူႏိုင္ဖို႔ပါပဲ။ ဒါက အၿမဲတမ္း က်ေနာ္တို႔ရဲ႕ ရည္မွန္းခ်က္ ျဖစ္ခဲ့ပါတယ္။

မႏွစ္ကေကာ၊ ဒီႏွစ္ပါ ဒီရည္မွန္းခ်က္အတုိင္းျဖစ္ျပီး ျခားနားသြားတာ မရွိပါဘူး။ ႏွစ္တိုင္း ဒီလိုပါပဲ။ က်ေနာ္တို႔ အရာအားလုံးကို အႏိုင္ယူခ်င္တယ္။ ၿပိဳင္ပြဲတိုင္းတင္မက ပြဲစဥ္တိုင္းမွာပါ အႏိုင္ယူဖို႔ ဆာေလာင္မႈ ရွိခ်င္ပါတယ္ ” လို႔ သီေယဂို အယ္ကန္တာရာက ဆိုပါတယ္။

မာေဆးဆိုဒ္မွာ ပြဲဦးထြက္ရာသီအတြင္း ကိုဗစ္နဲ႔ ဒဏ္ရာေတြေၾကာင့္ ရုန္းကန္ခဲ့ရတဲ့ သီယာဂိုဟာ ရာသီေႏွာင္းပိုင္းက်မွ ကလပ္ကို ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိေအာင္ အဓိက အကူအညီေပးႏိုင္ခဲ့တယ္။ သူ႔အေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕ ကစားပုံနဲ႔ စည္းခ်က္ကို အသားက်ေနၿပီလို႔ ခံစားေနရပါတယ္။

“ က်ေနာ္ရဲ႕ ပထမတစ္ႏွစ္ အေတြ႔အၾကံဳကို ထည့္တြက္လို႔ ရပါ့မလား မသိပါဘူး။ ကိုဗစ္ေၾကာင့္ အရာအားလုံးကို ပိတ္ထားခဲ့ရတာမို႔ က်ေနာ္တို႔ အျပည့္အဝ ေပ်ာ္ရႊင္ႏုိင္ခဲ့ျခင္း မရွိပါဘူး။

ပရီးမီးယားလိဂ္က ဘယ္ေလာက္ ျပင္းထန္တယ္၊ ကစားပုံ အရွိန္အဟုန္က ဘယ္ေလာက္ ျမန္ဆန္လဲ ဆိုတာနဲ႔ ပတ္သက္ၿပီး က်ေနာ္ တစ္ႏွစ္ အေတြ႕အႀကဳံ ရခဲ့တယ္။ အထိုင္က်ဖို႔ ႀကိဳးစားခဲ့ရတဲ့ တစ္ႏွစ္တာက ေကာင္းမြန္ခဲ့ေပမယ့္ အစမွာတင္ ခက္ခဲတဲ့အခ်ိန္ေတြကို ေတြ႔ႀကဳံခဲ့ရပါတယ္။ ဒါေတြကို က်ေနာ္ ျဖတ္ေက်ာ္ခဲ့ၿပီးေတာ့ အခု ဒီရာသီသစ္အတြက္ ေမွ်ာ္လင့္ေနပါတယ္။

ဒီကို စေရာက္တုန္းက က်ေနာ္က အသင္းအတြက္ ဘာေတြ ယူလာေပးႏိုင္တယ္၊ အသင္းက က်ေနာ့္ကို ဘာေတြေပးႏိုင္တယ္ဆိုတာကို ရွင္းရွင္းလင္းလင္း သိၿပီးသားပါ။ က်ေနာ္တို႔ အတူတကြ ဆက္လက္ၿပီး လက္တြဲလုပ္သြားမယ္။ ဒီေနရာကို ေရာက္တာ အခ်ိန္ၾကာလွေနၿပီျဖစ္တဲ့ အသင္းေဖာ္ေတြေရာ၊ အသင္းေဖာ္သစ္ေတြေရာ က်ေနာ္တို႔အားလုံးဟာ အသစ္အသစ္ေသာ အရာေတြကို အၿမဲတမ္း ရွာေဖြေနတယ္လို႔ ထင္ပါတယ္။

အသင္းက အျမင့္ဆုံးအဆင့္အတန္းမွာ စြမ္းေဆာင္ႏိုင္တဲ့ ဟန္ခ်က္ညီမႈကို ဖန္တီးေနတာပဲ ျဖစ္ပါတယ္ ”လို႔ သီယာဂိုက ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။‌