လီဗာပူးကွင်းလယ်လူ ချိန်ဘာလိန်ဟာ ၂၀၁၇ မှာ အသင်းကို ရောက်လာခဲ့တာဖြစ်ပြီး သူဟာ ကစားသမားဘဝ အကောင်းဆုံး အရွယ်တစ်ခုကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းမှာ လေးနှစ်ကြာ ရှိလာခဲ့တဲ့ တိုက်စစ်အားသန် ကစားသမားဟာ စာချုပ်အားဖြင့်လည်း နောက်ဆုံး ၂ နှစ်ကို ရောက်ရှိနေပါပြီ။ ဒါကြောင့် ပိုမို အတွေ့အကြုံရှိလာတဲ့ ကစားသမားတစ်ဦးအဖြစ် ဒီရာသီမှာ သွင်းဂိုးတွေ၊ ဆုဖလားတွေအတွက် ကူညီပေးနိုင်ဖို့ စိတ်အားထက်သန်ခြင်းတွေလည်း တိုးပွားလာနေခဲ့ပါပြီ။

ချိန်ဘာလိန်က ” ကျနော်ကစားသမားဘဝ ဒုတိယအရွယ်ကို ဝင်ရောက်လာခဲ့ပါပြီ။ ဒီတော့ ကျနော်က လူငယ်ကစားသမားတစ်ယောက် မဟုတ်သလို အလားအလာရှိတဲ့ အရည်အချင်းရှိ လူငယ် တစ်ဦးလည်း မဟုတ်တော့ပါဘူး။

အချိန်တွေကုန်သွားမှန်း တကယ်ကို မသိလိုက်ပါဘဲ ကျနော်ဟာ ကွင်းတွင်း ကွင်းပြင်မှာ ရင့်ကျက်လာတဲ့ စီနီယာပရော်ဖက်ရှင်နယ်တစ်ဦး ဖြစ်လာနေခဲ့ပါတယ်။ အထူးသဖြင့်တော့ ကွင်းပြင်ပမှာပေါ့။ ကျနော် ကစားခဲ့တဲ့ ပုံစံတွေအတိုင်း ကွင်းထဲမှာ လုပ်ပြနိုင်ဖို့လည်း ဆက်လက် ကြိုးစားနေဆဲဖြစ်ပါတယ်။

ကုန်ခဲ့တဲ့ နှစ်တွေမှာ ကျနော် အများကြီး သင်ယူခဲ့ရပါတယ်။ ဒူးဒဏ်ရာကြီးအတွက် ခွဲစိတ်ရတာကတော့ ကျနော် ကစားသမားဘဝ ပထမဆုံး ခွဲစိတ်မှုပါပဲ။ ဒါကြောင့် အရာအားလုံးအပေါ် ကျနော်ရဲ့ အမြင်တွေကလည်း ပြောင်းလဲလာပါတယ်။

ကျနော်က အနည်းငယ် ခြားနားတဲ့ ကစားသမားဖြစ်တယ်။ ပိုပြီး အတွေ့အကြုံ ရင့်ကျက်တဲ့ ကစားသမားဖြစ်လာတယ်။ ဒါပေမယ့်လို့ အရင်ကနဲ့ တူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေတော့ ရှိနေဆဲဖြစ်ပါတယ်။ ကျနော်ရဲ့ ဘောလုံးကစားဟန်နဲ့ ကိုယ်ဘာသာ ထုတ်ဖော်မှုတွေကတော့ အပြောင်းအလဲ မရှိပါဘူး။ အဲ့အပိုင်းတွေမှာ အများကြီး ပြောင်းလဲသွားခြင်း မရှိပါဘူး။

စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ပိုပြီး အာရုံစိုက်လာသလို သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှုတွေလို ကိစ္စတွေကို ပိုလုပ်နိုင်ဖို့ ကြိုးစားလာနေပါတယ်။ အနိုင်ရဖို့ကောပေါ့။ ပွဲတွေကို အနိုင်ရအောင် သေချာလုပ်တာက ဆုဖလားတွေကို အနိုင်ရစေမှာဖြစ်ပါတယ်။ ဒါတွေကို လေးလေးနက်နက် မျှော်လင့်ချက်တွေနဲ့ လုပ်ဆောင်နေပါတယ်။

ဒီလို အရာတွေ အားလုံးကပဲ ကိုယ်ရဲ့ ချဉ်းကပ်ပုံနဲ့ စိတ်နေစိတ်ထားတွေကို ပြောင်းလဲသွားစေခဲ့တာလို့ ထင်ပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူ ခ်ိန္ဘာလိန္ဟာ ၂၀၁၇ မွာ အသင္းကို ေရာက္လာခဲ့တာျဖစ္ျပီး သူဟာ ကစားသမားဘဝ အေကာင္းဆံုး အရြယ္တစ္ခုကို ေရာက္လာခဲ့ျပီျဖစ္ပါတယ္။

လီဗာပူးအသင္းမွာ ေလးႏွစ္ၾကာ ရွိလာခဲ့တဲ့ တိုက္စစ္အားသန္ ကစားသမားဟာ စာခ်ဳပ္အားျဖင့္လည္း ေနာက္ဆံုး ၂ ႏွစ္ကို ေရာက္ရွိေနပါျပီ။ ဒါေၾကာင့္ ပိုမို အေတြ႔အၾကံဳရွိလာတဲ့ ကစားသမားတစ္ဦးအျဖစ္ ဒီရာသီမွာ သြင္းဂိုးေတြ၊ ဆုဖလားေတြအတြက္ ကူညီေပးႏုိင္ဖို႔ စိတ္အားထက္သန္ျခင္းေတြလည္း တိုးပြားလာေနခဲ့ပါျပီ။

ခ်ိန္ဘာလိန္က ” က်ေနာ္ကစားသမားဘဝ ဒုတိယအရြယ္ကို ဝင္ေရာက္လာခဲ့ပါျပီ။ ဒီေတာ့ က်ေနာ္က လူငယ္ကစားသမားတစ္ေယာက္ မဟုတ္သလို အလားအလာရွိတဲ့ အရည္အခ်င္းရွိ လူငယ္ တစ္ဦးလည္း မဟုတ္ေတာ့ပါဘူး။

အခ်ိန္ေတြကုန္သြားမွန္း တကယ္ကို မသိလိုက္ပါဘဲ က်ေနာ္ဟာ ကြင္းတြင္း ကြင္းျပင္မွာ ရင့္က်က္လာတဲ့ စီနီယာပေရာ္ဖက္ရွင္နယ္တစ္ဦး ျဖစ္လာေနခဲ့ပါတယ္။ အထူးသျဖင့္ေတာ့ ကြင္းျပင္ပမွာေပါ့။ က်ေနာ္ ကစားခဲ့တဲ့ ပံုစံေတြအတိုင္း ကြင္းထဲမွာ လုပ္ျပႏုိင္ဖို႔လည္း ဆက္လက္ ၾကိဳးစားေနဆဲျဖစ္ပါတယ္။

ကုန္ခဲ့တဲ့ ႏွစ္ေတြမွာ က်ေနာ္ အမ်ားၾကီး သင္ယူခဲ့ရပါတယ္။ ဒူးဒဏ္ရာၾကီးအတြက္ ခြဲစိတ္ရတာကေတာ့ က်ေနာ္ ကစားသမားဘဝ ပထမဆံုး ခြဲစိတ္မႈပါပဲ။ ဒါေၾကာင့္ အရာအားလံုးအေပၚ က်ေနာ္ရဲ႕ အျမင္ေတြကလည္း ေျပာင္းလဲလာပါတယ္။

က်ေနာ္က အနည္းငယ္ ျခားနားတဲ့ ကစားသမားျဖစ္တယ္။ ပိုျပီး အေတြ႔အၾကံဳ ရင့္က်က္တဲ့ ကစားသမားျဖစ္လာတယ္။ ဒါေပမယ့္လို႔ အရင္ကနဲ႔ တူညီတဲ့ ကိုယ္ရည္ကိုယ္ေသြးေတြေတာ့ ရွိေနဆဲျဖစ္ပါတယ္။ က်ေနာ္ရဲ႕ ေဘာလံုးကစားဟန္နဲ႔ ကိုယ္ဘာသာ ထုတ္ေဖာ္မႈေတြကေတာ့ အေျပာင္းအလဲ မရွိပါဘူး။ အဲ့အပိုင္းေတြမွာ အမ်ားၾကီး ေျပာင္းလဲသြားျခင္း မရွိပါဘူး။

စြမ္းေဆာင္ရည္နဲ႔ ပတ္သက္လို႔ ပိုျပီး အာရံုစိုက္လာသလို သြင္းဂိုးနဲ႔ ဂိုးေထာက္ပံ့မႈေတြလို ကိစၥေတြကို ပိုလုပ္ႏုိင္ဖို႔ ၾကိဳးစားလာေနပါတယ္။ အႏုိင္ရဖို႔ေကာေပါ့။ ပြဲေတြကို အႏုိင္ရေအာင္ ေသခ်ာလုပ္တာက ဆုဖလားေတြကို အႏုိင္ရေစမွာျဖစ္ပါတယ္။ ဒါေတြကို ေလးေလးနက္နက္ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ လုပ္ေဆာင္ေနပါတယ္။

ဒီလို အရာေတြ အားလံုးကပဲ ကိုယ္ရဲ႕ ခ်ဥ္းကပ္ပံုနဲ႔ စိတ္ေနစိတ္ထားေတြကို ေျပာင္းလဲသြားေစခဲ့တာလို႔ ထင္ပါတယ္ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။