လီဗာပူးအသင်းဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွက် လူငယ်ချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ကာ လူငယ် (၄၀) ကို ပြိုင်ပွဲအတွက် နာမည်စာရင်း တင်ခဲ့ပြီဖြစ်ပါတယ်။

ထူးထူးခြားခြားအဖြစ် လိဒ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရာမှာ ဒဏ်ရာကြီး ရသွားခဲ့တဲ့ အယ်လီးယော့ကိုလည်း ထည့်သွင်းသွားပါတယ်။ ဒီဇင်ဘာလ ၇ ရက်အထိ ယှဉ်ပြိုင်ရမယ့် လူငယ် ပြိုင်ပွဲမှာ အယ်လီးယော့ရဲ့ ကြံ့ခိုင်မှုကို စမ်းသပ်ခွင့် ရလိုရညားလို့ ထည့်သွင်းခြင်းလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်တယ်။

လူငယ် ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ယူ-၁၉ အသင်းပုံစံဖြင့် ပါဝင်ရခြင်းဖြစ်ကာ လီဗာပူးဘက်ကတော့ ယူ-၂၃ နဲ့ ယူ-၁၈ တို့ရဲ့ မန်နေဂျာတွေဖြစ်တဲ့ လွီတက်နဲ့ ဝဲလ်ကင်ဆန်တို့ရဲ့ အကောင်းဆုံး လူစာရင်းတွေကို အကယ်ဒမီ ဒါရိုက်တာ အင်းဂေါ်သော်နဲ့ ပူးပေါင်း ရွေးချယ်ခဲ့ကြခြင်းဖြစ်ပါတယ်။

ယူ-၂၃ မှ နာမည်ကြီး လီဗာပူးကြယ်ပွင့် ကိတ်ဂေါ်ဒန်လို ကစားသမားအပြင် ယူ-၁၈ အသင်းမှ ဘော်ဘီကလက်လို ကစားသမားကလည်း ဒီလူစာရင်းမှာ ပါဝင်လာခဲ့တယ်။ လီဗာပူးပရိသတ်တွေကြား လူသိများတဲ့ ကိုမတ်တီယို၊ ဘလာဂီဇီ၊ မိုဆော့လိုစကီ၊ ကော်နာ ဘရန်ဒလေ၊ အိုဝင်ဘက်၊ မော်တန်၊ ဖောင်းဒေါ့ အစရှိတဲ့ ကစားသမားတွေလည်း ပါဝင်လာခဲ့ပါတယ်။

လူငယ်အသင်းပွဲတွေကို စီနီယာအသင်းပွဲတွေ မတိုင်ခင် နာရီပိုင်းမှာ သက်ဆိုင်ရာ အိမ်ကွင်း၊ အဝေးကွင်းပုံစံအတိုင်း ယှဉ်ပြိုင်ကစားမှာဖြစ်တယ်။ ဒီအပတ်မှာတော့ လီဗာပူး လူငယ်အသင်းက အေစီမီလန် လူငယ်အသင်းကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားခြင်းနဲ့ အုပ်စုတွင်း ပြိုင်ပွဲကို စတင်ကြမှာ ဖြစ်ပါတယ်။

Liverpool’s UEFA Youth League squad

Goalkeepers: Harvey Davies, Fabian Mrozek, Luke Hewitson

Defenders: Billy Koumetio, Jarell Quansah, Lee Jonas, Terence Miles, Stefan Bajcetic, Conor Bradley, Owen Beck, Luke Chambers, Sean Wilson, James Norris, Calum Scanlon, Josh Davidson, Wellity Omoruyi, Keyrol Figueroa

Midfielders: Harvey Elliott, Tyler Morton, Dominic Corness, James Balagizi, Melkamu Frauendorf, Tom Hill, Luca Stephenson, Isaac Mabaya, James McConnell, Lewis Koumas, Kyle Kelly, Nathan Giblin, Michael Laffey

Forwards: Kaide Gordon, Mateusz Musialowski, Max Woltman, Oakley Cannonier, Fidel O’Rourke, Bobby Clark, Iwan Roberts, Harvey Blair, Tommy Pilling, Jayden Danns