ချယ်ဆီး ကြယ်ပွင့်ကစားသမား အီဒင် ဟာဇက်က ရီးရဲလ်အသင်းသို့ ၄င်းရဲ့အပြောင်းအရွှေ့နဲ့ပတ်သတ်ပြီး လာမည့် အပတ်ချဲလ်ဆီးအသင်းရဲ့ နောက်ဆုံးပွဲအပြီးတွင် ပြောင်းရွှေ့ချင်ကြောင်း ပြတ်ပြတ်သားသား ရှင်းရှင်းလင်း ပြောဆိုခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

ဟာဇက်က ရီးရဲလ်ရဲ့ အဓိကပစ်မှတ်ဖြစ်နေပြီး အပြောင်းအရွှေ့အတွက် ညှိနှိုင်းနေမှုများကတော့ သဘောတူညီမှုများ မရရှိသေးပါဘူး။
အသက် ၂၈ နှစ် အရွယ် ကစားသမားဟာ အာဆင်နယ် နှင့်ကစားရမည့် ယူရိုပါလိဂ် ဗိုလ်လုပွဲအပြီး ၆ ရက်မြောက်နေ့ဖြစ်သော ဇွန်လ ၄ ရက်မှာ သူရဲ့အနာဂတ်မှာ အဖြေပေါ်လောက်ပြီဟု သတ်မှတ်ထားကြောင်း သတင်းများမှာ ဖော်ပြလာပါတယ်။

ရီးရဲလ်က ဟာဇက်အတွက် ပေါင် ၈၃ သန်း ဖြင့်ကမ်းလှမ်းခဲ့ပေမယ့် ချဲလ်ဆီးအသင်းဘက်က ပေါင် ၁၁၂ သန်း အလိုရှိနေပါတယ်။ ဒါကြောင့် ကစားသမားနဲ့ ရီးရဲလ်ကြား ပြေလည်မှု ရနေပေမယ့် ချယ်ဆီးအသင်း လက်ခံအောင် ညှိနှိုင်းရ ခက်ဆဲပါ။

ပြီးခဲ့သတဲ့ ဇန်န၀ါရီလက အသက် ၂၈ နှစ်ပြည့်ခဲ့တဲ့ ဟာဇက်ဟာ ၂၀၁၂ နွေရာသီက လိုင်လီအသင်းမှ ပေါင် ၃၂ သန်းဖြင့် ရောက်ရှိ လာခဲ့ပြီး နောက် ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၃၅၁ ပွဲ ကစားထားပြီး ၁၀၈ ဂိုးသွင်းယူထားပါတယ်။ ဒါ့အပြင် ချယ်ဆီးအသင်းနဲ့ အတူ ပရီးမီးယားလိဂ်ဖလား (၂) ကြိမ် နှင့် ယူရိုပါလိဂ်ဖလား (၁) ကြိမ် ၊ လိဂ်ဖလား နှင့် အက်ဖ်အေဖလားတို့ကိုလည်း (၁) ကြိမ်စီ ရရှိထားပါတယ်။