လိဒ်ယူနိုက်တက်နဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့တာဟာ လီဗာပူး ကွင်းလယ်လူ ဖာဘင်ညိုအတွက် အရမ်းကို ခံစားခဲ့ရတဲ့ အချိန်ဖြစ်ခဲ့ပါတယ်။

ဖာဘင်ညိုကတော့ သူ့ရဲ့ သွင်းဂိုးဟာ ဘုရားသခင်ကပေးတဲ့ လက်ဆောင်ဖြစ်သလို ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ရဲ့ဖခင်အတွက်ကော ဘရာဇီးမှာ သက်ရှိထင်ရှား ရှိနေဆဲ မိခင်အတွက်ပါ ထူးရှယ်ဖြစ်လိမ့်မယ်လို့ ယုံကြည်နေတယ်။

ဖာဘင်ညိုဟာ သူ့ရဲ့ ဖခင်ကို ပြီးခဲ့တဲ့လက ဆုံးရံှူးခဲ့ရတာဖြစ်ပါတယ်။ ဘရာဇီးကွင်းလယ်လူဟာ အတော်လေး ခံစားခဲ့ရပေမယ့် ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ဇာတိမြေကို မပြန်နိုင်ခဲ့ဘဲ အင်္ဂလန်မှာပဲ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။

ဖာဘင်ညိုဟာ ဒီအပတ်တွေမှာ မိသားစုရေးရာ ကိစ္စအပြင် လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းရေးမှာလည်း ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ပွဲပယ်ခံရဖို့ နီးစပ်ခဲ့သေးတာပါ။ လိဒ်နဲ့ပွဲမှ ဂိုးသွင်းနိုင်တဲ့ အခိုက်အတန့်တွေက သူ့ရဲ့ စိတ်ထိခိုက်စရာတွေ များနေတဲ့ ကိစ္စတွေကို မေ့လျော့စေခဲ့ပါတယ်။

ဖာဘင်ညိုက “ ကျနော်အတွက် သိပ်ကောင်းတဲ့ အခိုက်အတန့်ပဲဖြစ်ပါတယ်။ ဟုတ်ပါတယ် ဂိုးသွင်းပြီးတော့ အဖေနဲ့ အမေအကြောင်း စဉ်းစားမိပါတယ်။ အမေက အဆင်ပြေပါတယ်။ အခု သူမက ဘရာဇီးမှာ ရှိနေတာဖြစ်ပါတယ်။

အမေနဲ့ ကျနော်ရဲ့ အဖေအတွက် ဂိုးသွင်းချင်ခဲ့တာပါ။ ဂိုးသွင်းအပြီးမှာ ဒီဂိုးအတွက် ကောင်းကင်ဘုံက အဖဘုရားသခင်ထံ အပ်နှံလိုခဲ့ပါတယ်။ မနှစ်ကရာသီ အယ်လီဆန် ဂိုးသွင်းတုန်းကလည်း သူကလည်း သူရဲ့ သွင်းဂိုးကို လက်ဆောင်အဖြစ်ပေးခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ခဲ့ပါသေးတယ်။

ကျနော်လည်း အယ်လီဆန်လိုပါပဲ။ ဒီဂိုးသွင်းနိုင်ခဲ့ချိန်က ကျနော်အတွက် သိပ်ကိုကောင်းတဲ့ အခိုက်အတန့်ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လိဒ္ယူႏုိက္တက္နဲ႔ပြဲမွာ သြင္းဂိုးတစ္ဂိုး ရယူႏုိင္ခဲ့တာဟာ လီဗာပူး ကြင္းလယ္လူ ဖာဘင္ညိဳအတြက္ အရမ္းကို ခံစားခဲ့ရတဲ့ အခ်ိန္ျဖစ္ခဲ့ပါတယ္။

ဖာဘင္ညိဳကေတာ့ သူ႔ရဲ႕ သြင္းဂိုးဟာ ဘုရားသခင္ကေပးတဲ့ လက္ေဆာင္ျဖစ္သလို ကြယ္လြန္သြားျပီျဖစ္တဲ့ သူ႔ရဲ႕ဖခင္အတြက္ေကာ ဘရာဇီးမွာ သက္ရွိထင္ရွား ရွိေနဆဲ မိခင္အတြက္ပါ ထူးရွယ္ျဖစ္လိမ့္မယ္လို႔ ယံုၾကည္ေနတယ္။

ဖာဘင္ညိဳဟာ သူ႔ရဲ႕ ဖခင္ကို ျပီးခဲ့တဲ့လက ဆံုးရံွဴးခဲ့ရတာျဖစ္ပါတယ္။ ဘရာဇီးကြင္းလယ္လူဟာ အေတာ္ေလး ခံစားခဲ့ရေပမယ့္ ကိုဗစ္ဆိုင္ရာ ကန္႔သတ္ခ်က္္ေတြေၾကာင့္ ဇာတိေျမကို မျပန္ႏုိင္ခဲ့ဘဲ အဂၤလန္မွာပဲ ဆက္ရွိေနခဲ့တာျဖစ္ပါတယ္။

ဖာဘင္ညိဳဟာ ဒီအပတ္ေတြမွာ မိသားစုေရးရာ ကိစၥအျပင္ လက္ေရြးစင္အသင္းနဲ႔ ပူးေပါင္းေရးမွာလည္း ကိုဗစ္ဆိုင္ရာ ကန္႔သတ္ခ်က္ေတြေၾကာင့္ ပြဲပယ္ခံရဖို႔ နီးစပ္ခဲ့ေသးတာပါ။ လိဒ္နဲ႔ပြဲမွ ဂိုးသြင္းႏုိင္တဲ့ အခိုက္အတန္႔ေတြက သူ႔ရဲ႕ စိတ္ထိခိုက္စရာေတြ မ်ားေနတဲ့ ကိစၥေတြကို ေမ့ေလ်ာ့ေစခဲ့ပါတယ္။

ဖာဘင္ညိဳက “ က်ေနာ္အတြက္ သိပ္ေကာင္းတဲ့ အခိုက္အတန္႔ပဲျဖစ္ပါတယ္။ ဟုတ္ပါတယ္ ဂိုးသြင္းျပီးေတာ့ အေဖနဲ႔ အေမအေၾကာင္း စဥ္းစားမိပါတယ္။ အေမက အဆင္ေျပပါတယ္။ အခု သူမက ဘရာဇီးမွာ ရွိေနတာျဖစ္ပါတယ္။

အေမနဲ႔ က်ေနာ္ရဲ႕ အေဖအတြက္ ဂိုးသြင္းခ်င္ခ့ဲတာပါ။ ဂိုးသြင္းအျပီးမွာ ဒီဂိုးအတြက္ ေကာင္းကင္ဘံုက အဖဘုရားသခင္ထံ အပ္ႏွံလိုခဲ့ပါတယ္။ မႏွစ္ကရာသီ အယ္လီဆန္ ဂိုးသြင္းတုန္းကလည္း သူကလည္း သူရဲ႕ သြင္းဂိုးကို လက္ေဆာင္အျဖစ္ေပးခဲ့တဲ့ ဘုရားသခင္ကို ေက်းဇူးတင္ခဲ့ပါေသးတယ္။

က်ေနာ္လည္း အယ္လီဆန္လိုပါပဲ။ ဒီဂိုးသြင္းႏုိင္ခဲ့ခ်ိန္က က်ေနာ္အတြက္ သိပ္ကုိေကာင္းတဲ့ အခိုက္အတန္႔ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။