ဒီကနေ့ညမှာ လီဗာပူးအသင်းဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပထမဆုံး ချန်ပီယံလိဂ်ပွဲအဖြစ် အေစီမီလန်ကို အိမ်ကွင်း အန်ဖီးမှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ပွဲကြို ထူးခြားသတင်းတွေအဖြစ်

  • အယ်လီးယော့ဟာ ခြေကျင်းဝတ် ခွဲစိတ်မှု အောင်မြင်ခဲ့ပြီး ကာလရှည် အနားယူရမှာ ဖြစ်ပါတယ်။
  • ဖာမင်နို မပါနိုင်သေးပေမယ့်လို့ မီနာမီနို လေ့ကျင့်ရေး ပြန်ဝင်လာပါပြီ။
  • နီကိုး ဝီလီယမ် လေ့ကျင့်ရေး မဆင်းနိုင်ပေမယ့် ဘရတ်ဒလေ ပါဝင်ခဲ့ပြီး တိုက်စစ်သမား ဂေါ်ဒန် အသင်းနဲ့အတူ လေ့ကျင့်ရေးဝင်ပါတယ်။
  • မီလ်နာ လီဗာပူးအသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်ဝင်ပြီဖြစ်ပါတယ်။ေ
  • အစီမီလန်တိုက်စစ်မှူး အေဘရာဟီမိုဗစ်ဟာ ခြေထောက်ဒဏ်ရာကြောင့် မာဆေးဆိုဒ်ကို လိုက်ပါလာမှာ မဟုတ်ပါဘူး။

Liverpool’s XI vs. AC Milan

မကြာခင်မှာတော့ စီနီယာကစားသမားတွေကို အနားပေးတဲ့ အခိုက်အတန့်တွေ ရှိလာမှာဖြစ်ပါတယ်။ အဲ့မတိုင်ခင်မှာတော့ ကြံ့ခိုင်မှုပြည့်နေတဲ့ ကစားသမားတွေကို ပွဲကစားခွင့်တွေ ပေးနေဦးမှာဖြစ်ပြီး အေစီမီလန်နဲ့ပွဲမှာတော့ အကောင်းဆုံး ခံစစ်လူစာရင်းဖြစ်တဲ့ အယ်လီဆန်၊ ထရန့်၊ မာတစ်၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်တို့ကိုပဲ ပွဲထုတ်မှာဖြစ်ပါတယ်။

ဒီပွဲမှာ ကိုစတက်ကို ထည့်ကစားဖို့နဲ့ ခံစစ်ပိုင်း အပြောင်းအလဲလုပ်ဖို့ မျှော်လင့်တာတွေ ရှိနိုင်ပေမယ့် ယာဂင်ဟာ တစ်ပွဲတစ်မျိုး ပြောင်းကစားနေတာထက် လိဒ်နဲ့ပွဲ ကစားသမား အများစုကို အေစီပွဲမှာ ဆက်ပြီး ပွဲထွက်စေကာ ပဲလေစ့်ပွဲမှ ချန်ပီယံလိဂ် ကစားသမားတွေကို အနားပေးလိုက်တာကိုပဲ ရွေးချယ်ပါလိမ့်မယ်။

ရာသီသစ်ကို စတင်လာပြီးကတည်းက မန်နေဂျာကလော့ပ်ဟာ ကွင်းလယ်သုံးယောက်တန်းမှာ တိုက်စစ်အားသန် တစ်ဦးကို ထည့်သုံးပြီး ညာခြမ်းတိုက်စစ်ကို အားပြုခဲ့တာမျိုးကို မြင်ရပါလိမ့်မယ်။ ရာသီကြိုမှာ ကြားသိထားရတာက လီဗာပူးရဲ့ အကောင်းဆုံး ကွင်းလယ် သုံးယောက်တန်းမှာတော့ ဖာဘင်ညို၊ သီယာဂိုနဲ့ ဟန်ဒါဆန်တို့ကို ရွေးချယ်ထားတယ်လို့ သိထားရတယ်။

အေစီမီလန်နဲ့ပွဲမှာ ယာဂင် အကြိုက်ဆုံး အဆိုပါ ကွင်းလယ် သုံးယောက်တန်းကို ထုတ်သုံးမယ်ဆိုရင် ဖာဘင်ညို၊ သီယာဂို အတွဲက ကွင်းလယ် အကာအကွယ်တွေအဖြစ် အဓိက ကစားပါမယ်။ ညာခြမ်း ကွင်းလယ်လူဟာ တိုက်စစ်ကို လိုက်ပါဖို့ထက် ထရန့်ကြောင့် ဟာသွားမယ့် နေရာလွတ်တွေကို ဖြည့်ခြင်းကိုပဲ တာဝန်ယူရမှာဖြစ်တယ်။ ဒါဟာ ယခင်နှစ်တွေကလည်း ဟန်ဒါဆန် ကစားနေတဲ့ ပုံစံပဲဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ လက်ရှိ လူစာရင်းမှာ အယ်လီးယော့ကလွဲရင် နံပါတ် ၁၀ နေရာ အကောင်းဆုံး ကစားနိုင်သူ နှစ်ဦးက ကာတစ်ဂျုံးနဲ့ ချိန်ဘာလိန်တို့ဖြစ်ပြီး သူတို့ကို အယ်လီးယော့နေရာ တိုက်ရိုက် အစားထိုးမလားကလည်း စိတ်ဝင်စားစရာ ကိစ္စတစ်ခုဖြစ်ပါတယ်။

တိုက်စစ်ကတော့ အပြောင်းအလဲမရှိဘဲ မာနေး၊ ဆာလာ၊ ဂျိုတာတို့ကိုပဲ အသုံးပြုမှာဖြစ်ပါတယ်။

Alisson; Alexander-Arnold, Matip, Van Dijk, Robertson; Fabinho, Henderson, Thiago; Salah, Mane, Jota