လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်က အေစီမီလန်နဲ့ပွဲမှာ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ပေါ့ဆစွာ ကစားမိခဲ့မှုတွေကို ပွဲအပြီးမှာ ဝန်ခံသွားပါတယ်။
လီဗာပူးဟာ ချန်ပီယံလိဂ် အဖွင့်ပွဲမှာလည်း နိုင်ပွဲရခဲ့တာကြောင့် ဒီရာသီ ရံှူးပွဲ မရှိသေးပါဘူး။ ပထမပိုင်းအပြီးမှာတော့ ဘယ်လိုတွေများ ကစားခဲ့လို့ အေစီမီလန်ဘက်ကို ဦးဆောင်ခွင့် ပေးလိုက်ရတယ်ဆိုတာ မစဉ်းစားနိုင်အောင် ဖြစ်ခဲ့တယ်လို့ ရော်ဘတ်ဆန်က ဖွင့်ဟခဲ့ပါတယ်။
ရော်ဘတ်ဆန်က ” ကျနေ်ာတို့ ပွဲကို လွှမ်းမိုးကစားနိုင်ခဲ့တာတွေကို ပရိသတ်တွေ နှစ်သက်ကြမှာ သေချာပါတယ်။ ပထမပိုင်း နာရီဝက်လောက်မှာ ကျနေ်ာတို့ အေစီကို လုံးဝ ရှင်းထုတ်ထားနိုင်ခဲ့တာပါ။ အဲ့နောက် ကျနေ်ာတို့ နှေးကွေးလာတယ်။ ကျနေ်ာတို့ ကောင်းကောင်းလုပ်နေတာတွေကို ရပ်လိုက်ကြတယ်။
အေစီမီလန်ကို ပွဲထဲ ပြန်ဝင်ခွင့်ပေးလိုက်ပြီး ပထမပိုင်းပြီးသွားလို့ အဝတ်လဲခန်းထဲ ဝင်ချိန်မှာ ‘ငါတို့ ဘယ်လိုလုပ်ပြီး ဒီလိုအနေအထားကို ဖြစ်ခွင့်ပေးလိုက်တာလဲ?’ လို့ တွေးနေမိခဲ့တယ်။
ဒုတိယပိုင်းအစမှာ အကောင်းဆုံး စတင်နိုင်ဖို့က အရေးကြီးခဲ့ပါတယ်။ ပထမပိုင်း နောက်ဆုံး မိနစ်မှာ ကျနေ်ာတို့ ဘယ်လိုကစားခဲ့သလဲဆိုတာကို မေ့လျောပြီး နာရီဝက်လောက် ကောင်းကောင်းကစားခဲ့တာကိုပဲ တွေးခဲ့တယ်။
ဒုတိယပိုင်း အစမှာတင် သွင်းဂိုး ရခဲ့ပြီး အဲ့နောက်မှာ ဟန်ဒိုက ခပ်ပြင်းပြင်းကန်ချက်ဖြင့် အဆုံးသတ်ပေပးခဲ့တယ်။ အေစီဘက်က အခွင့်အရေးတွေ သိပ်ပြီး မရခဲ့ပါဘူး။ ချန်ပီယံလိဂ်ပွဲတွေက ဘယ်လောက်ထိ ခက်ခဲတယ်ဆိုတာနဲ့ ပွဲအစကို အနိုင် ၃မှတ်ရဖို့က ဘယ်လောက် အရေးပါသလဲဆိုတာ ကျနေ်ာတို့ နားလည်ပါတယ်။
အများကြီး ဖြေရှင်းရမှာတွေ မဟုတ်ပါဘူး။ ၁၀ မိနစ်စာမှာ ကျနေ်ာတို့ ကွင်းလယ်က နေရာလွတ်တွေ သိပ်ကြီးခဲ့ပြီး သူတို့က ကျနေ်ာတို့ကြားက နေရာလွတ်တွေကို အသုံးချခဲ့ပါတယ်။ အထူးသဖြင့် တောင်ပံသမားက အတွင်းကို ဝင်လာချိန်ဟာ အန္တရာယ် ရှိပါတယ်။ ကျနေ်ာတို့ အဲ့နေရာတွေကို ပြန်ပိတ်နိုင်ခဲ့တယ်။
ချန်ပီယံလိဂ်မှာ အသင်းကောင်းနဲ့ ရင်ဆိုင်ကစားရင် ကျနေ်ာတို့ စမတ်ကျဖို့ လိုပါတယ်။ ခက်ခဲတဲ့ပွဲဖြစ်ပေမယ့် ဒုတိယပိုင်းမှာ ကျနေ်ာတို့ ကိုင်တွယ်နိုင်ခဲ့ပြီး ကျနေ်ာတို့ရဲ့ ဘောလုံးကို အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ် ” လို့ ပြောဆိုသွားပါတယ်။
အုပ်စုတွင်းပြိုင်ဘက် တစ်သင်းဖြစ်တဲ့ အက်သလက်တီကိုနဲ့ ပေါ်တိုအသင်းတို့ရဲ့ ပွဲကတော့ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် လီဗာပူးက အဖွင့်ပွဲကစားပြီး အုပ်စု B ကို ဦးဆောင်ထားပြီဖြစ်ပါတယ်။
ZAWGYI
ရော်ဘတ်ဆန်က ” ကျနော်တို့ ပွဲကို လွှမ်းမိုးကစားနိုင်ခဲ့တာတွေကို ပရိသတ်တွေ နှစ်သက်ကြမှာ သေချာပါတယ်။ ပထမပိုင်း နာရီဝက်လောက်မှာ ကျနော်တို့ အေစီကို လုံးဝ ရှင်းထုတ်ထားနိုင်ခဲ့တာပါ။ အဲ့နောက် ကျနော်တို့ နှေးကွေးလာတယ်။ ကျနော်တို့ ကောင်းကောင်းလုပ်နေတာတွေကို ရပ်လိုက်ကြတယ်။
ချန်ပီယံလိဂ်မှာ အသင်းကောင်းနဲ့ ရင်ဆိုင်ကစားရင် ကျနော်တို့ စမတ်ကျဖို့ လိုပါတယ်။ ခက်ခဲတဲ့ပွဲဖြစ်ပေမယ့် ဒုတိယပိုင်းမှာ ကျနော်တို့ ကိုင်တွယ်နိုင်ခဲ့ပြီး ကျနော်တို့ရဲ့ ဘောလုံးကို အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ် ” လို့ ပြောဆိုသွားပါတယ်။