အေစီမီလန်နဲ့ပွဲအပြီးမှာ မန်နေဂျာကလော့ပ်က ပွဲနဲ့ ပတ်သက်လို့ မှတ်ချက်စကားတွေ ပြောဆိုခဲ့ပြီး သိပ်ကောင်းတဲ့ အသင်းနှစ်သင်း ယှဉ်ပြိုင်တဲ့ပွဲလို့ ဆိုပါတယ်။

ကလော့ပ်က ” ကျနေ်ာတို့ အစ သိပ်ကောင်းခဲ့တယ်။ သိပ် သိပ်ကောင်းတဲ့ ပွဲကို ကစားခဲ့ပါတယ်။ ပွဲရဲ့ ပြင်းထန်မှုက သိပ်ကောင်းတယ်။ နေရာလွတ်တွေ အားလုံးကို အသုံးချခဲ့ပြီး အေစီဘက်ကို အခွင့်အရေးလည်း မပေးခဲ့ပါဘူး။

ဒီလိုအနေအထားချည်းပဲတော့ ကျနေ်ာတို့ မထိန်းနိုင်ခဲ့ဘူး။ တိုက်စစ်နဲ့ ခံစစ်မှာ စုဖွဲ့မှု အပြည့်အဝ မကောင်းခဲ့ဘူး။ ကျနေ်ာတို့ စုဖွဲ့မှု ကောင်းလာချိန်မှာ ဖာဘင်ညိုရဲ့ ပါဝင်ပေးမှုကတော့ အံ့မခန်းပါပဲ။ အေစီဘက်က သွင်းဂိုး ၂ ဂိုး သွင်းခဲ့ပေမယ့် ကျနေ်ာတို့ ပြန်မသွင်းနိုင်တော့ဘူးလို့ မခံစားရပါဘူး။ နှစ်သင်းလုံး သိပ်ကောင်းခဲ့ပါတယ် ” လို့ ပွဲအပေါ် မှတ်ချက်ပေးခဲ့တယ်။

ဒီကနေ့ပွဲမှာတော့ အဓိက ကစားသမား နှစ်ဦးဖြစ်တဲ့ ဗန်ဒိုက်နဲ့ မာနေးတို့ နေရာမှာ ဂိုးမက်စ်နဲ့ အိုရီဂီကို ထည့်ကစားခဲ့တယ်။ ကလော့ပ်ရဲ့ လူရွေးချယ်မှုဟာ ပရိသတ်တွေကြား မေးခွန်းထုတ်စရာတွေ ရှိခဲ့ပေမယ့် အပတ်တိုင်း တူညီတဲ့ လူစာရင်းပဲ ကစားဖို့ မဖြစ်နိုင်ဘူးလို့ ကလော့ပ်က ဆိုပါတယ်။

လီဗာပူးအသင်းဟာ သုံးရက် ၁ ပွဲနှုန်း ကစားရဖို့ ရှိနေပြီး ခံစစ်နဲ့ တိုက်စစ်မှာ အရန်လူတွေကို ပွဲထိတွေ့ခွင့်တွေ ပေးဖို့တော့ လိုအပ်နေတာဖြစ်တယ်။ ဒုတိယပိုင်းမှာ ချိန်ဘာလိန်နဲ့ ဂျုံးတို့လည်း ပါဝင်ခွင့်ရခဲ့ပြီး တိုက်စစ်အားသန် နေရာတွေမှာ ဝင်ကစားခဲ့ပါသေးတယ်။

ယာဂင်ကလော့ပ်က ” ဒါက ကျနော် အမြင်ချင်ဆုံး ဘောလုံးပါပဲ။ ကျနေ်ာတို့က ချန်ပီယံလိဂ်မှာ အတွေ့အကြုံ ရှိနေပါပြီ၊ ရှိလည်း ရှိသင့်နေပါပြီ။ အပြောင်းအလဲ အနည်းငယ်လုပ်ခဲ့လို့ ကျနော်တို့ရဲ့ အသင်းက အရမ်းတော့ မကျစ်လစ်ခဲ့ပါဘူး။ နိုင်ပွဲရခဲ့ပြီဆိုတော့ ကျနေ်ာတို့ရဲ့ လူအပြောင်းအလဲတွေက မှန်ကန်တယ်လို့ ထင်ပါတယ်။

ကျနေ်ာတို့က သုံးရက် တစ်ပွဲ ကစားရမှာပါ။ တူညီတဲ့ အသင်းနဲ့ပဲ အပတ်တိုင်း ကစားဖို့က မဖြစ်နိုင်ပါဘူး။ ဒီကနေ့ပွဲမှာ ပါဝင်ကစားပေးခဲ့ကြတဲ့ အသင်းသားတွေက သိပ်ကို ကောင်းခဲ့ကြပါတယ်။

ဒီဗို့က ကောင်းကောင်းကစားနိုင်ခဲ့တယ်။ သူက ကြွက်တက်ခဲ့ပေမယ့်လည်း ပုံမှန်ပါပဲ။ လူတွေက သူ ဘယ်လောက်ထိ ကောင်းခဲ့တယ်ဆိုတာကို မေ့လျော့နေခဲ့ကြပါတယ်။ အသင်းမှာ သူ့ကို ပြန်နေရာပေးနိုင်ဖို့က ခက်ခဲခဲ့ပါတယ်။ နွေရာသီကြိုမှာ အားလုံးကို တောင်းဆိုမှုတွေ လုပ်ခဲ့ပြီး ပရိသတ်တွေကတော့ အသင်းကစားတာကို လုံလောက်အောင် မကြည့်ရသေးပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီအပတ် အကုန်မှာတော့ ပဲလေစ့်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီရာသီ တာထွက်ကောင်းနေမှုကို ဆက်ထိန်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ZAWGYI

ေအစီမီလန္နဲ႔ပြဲအျပီးမွာ မန္ေနဂ်ာကေလာ့ပ္က ပြဲနဲ႔ ပတ္သက္လို႔ မွတ္ခ်က္စကားေတြ ေျပာဆိုခဲ့ျပီး သိပ္ေကာင္းတဲ့ အသင္းႏွစ္သင္း ယွဥ္ျပိဳင္တဲ့ပြဲလို႔ ဆိုပါတယ္။

ကေလာ့ပ္က ” က်ေန္ာတို႔ အစ သိပ္ေကာင္းခဲ့တယ္။ သိပ္ သိပ္ေကာင္းတဲ့ ပြဲကို ကစားခဲ့ပါတယ္။ ပြဲရဲ႕ ျပင္းထန္မႈက သိပ္ေကာင္းတယ္။ ေနရာလြတ္ေတြ အားလံုးကို အသံုးခ်ခဲ့ျပီး ေအစီဘက္ကို အခြင့္အေရးလည္း မေပးခဲ့ပါဘူး။

ဒီလိုအေနအထားခ်ည္းပဲေတာ့ က်ေန္ာတို႔ မထိန္းႏုိင္ခဲ့ဘူး။ တိုက္စစ္နဲ႔ ခံစစ္မွာ စုဖြဲ႔မႈ အျပည့္အဝ မေကာင္းခဲ့ဘူး။ က်ေန္ာတို႔ စုဖြဲ႔မႈ ေကာင္းလာခ်ိန္မွာ ဖာဘင္ညိဳရဲ႕ ပါဝင္ေပးမႈကေတာ့ အံ့မခန္းပါပဲ။ ေအစီဘက္က သြင္းဂိုး ၂ ဂိုး သြင္းခဲ့ေပမယ့္ က်ေန္ာတို႔ ျပန္မသြင္းႏုိင္ေတာ့ဘူးလို႔ မခံစားရပါဘူး။ ႏွစ္သင္းလံုး သိပ္ေကာင္းခဲ့ပါတယ္ ” လို႔ ပြဲအေပၚ မွတ္ခ်က္ေပးခဲ့တယ္။

ဒီကေန႔ပြဲမွာေတာ့ အဓိက ကစားသမား ႏွစ္ဦးျဖစ္တဲ့ ဗန္ဒိုက္နဲ႔ မာေနးတို႔ ေနရာမွာ ဂိုးမက္စ္နဲ႔ အိုရီဂီကို ထည့္ကစားခဲ့တယ္။ ကေလာ့ပ္ရဲ႕ လူေရြးခ်ယ္မႈဟာ ပရိသတ္ေတြၾကား ေမးခြန္းထုတ္စရာေတြ ရွိခဲ့ေပမယ့္ အပတ္တိုင္း တူညီတဲ့ လူစာရင္းပဲ ကစားဖို႔ မျဖစ္ႏုိင္ဘူးလို႔ ကေလာ့ပ္က ဆိုပါတယ္။

လီဗာပူးအသင္းဟာ သံုးရက္ ၁ ပြဲႏႈန္း ကစားရဖို႔ ရွိေနျပီး ခံစစ္နဲ႔ တိုက္စစ္မွာ အရန္လူေတြကို ပြဲထိေတြ႔ခြင့္ေတြ ေပးဖို႔ေတာ့ လိုအပ္ေနတာျဖစ္တယ္။ ဒုတိယပိုင္းမွာ ခ်ိန္ဘာလိန္နဲ႔ ဂ်ံဳးတို႔လည္း ပါဝင္ခြင့္ရခဲ့ျပီး တိုက္စစ္အားသန္ ေနရာေတြမွာ ဝင္ကစားခဲ့ပါေသးတယ္။

ယာဂင္ကေလာ့ပ္က ” ဒါက က်ေနာ္ အျမင္ခ်င္ဆံုး ေဘာလံုးပါပဲ။ က်ေန္ာတို႔က ခ်န္ပီယံလိဂ္မွာ အေတြ႔အၾကံဳ ရွိေနပါျပီ၊ ရွိလည္း ရွိသင့္ေနပါျပီ။ အေျပာင္းအလဲ အနည္းငယ္လုပ္ခဲ့လို႔ က်ေနာ္တို႔ရဲ႕ အသင္းက အရမ္းေတာ့ မက်စ္လစ္ခဲ့ပါဘူး။ ႏုိင္ပြဲရခဲ့ျပီဆိုေတာ့ က်ေန္ာတို႔ရဲ႕ လူအေျပာင္းအလဲေတြက မွန္ကန္တယ္လို႔ ထင္ပါတယ္။

က်ေန္ာတို႔က သံုးရက္ တစ္ပြဲ ကစားရမွာပါ။ တူညီတဲ့ အသင္းနဲ႔ပဲ အပတ္တိုင္း ကစားဖို႔က မျဖစ္ႏုိင္ပါဘူး။ ဒီကေန႔ပြဲမွာ ပါဝင္ကစားေပးခဲ့ၾကတဲ့ အသင္းသားေတြက သိပ္ကို ေကာင္းခဲ့ၾကပါတယ္။

ဒီဗို႔က ေကာင္းေကာင္းကစားႏုိင္ခဲ့တယ္။ သူက ၾကြက္တက္ခဲ့ေပမယ့္လည္း ပံုမွန္ပါပဲ။ လူေတြက သူ ဘယ္ေလာက္ထိ ေကာင္းခဲ့တယ္ဆိုတာကို ေမ့ေလ်ာ့ေနခဲ့ၾကပါတယ္။ အသင္းမွာ သူ႔ကို ျပန္ေနရာေပးႏုိင္ဖို႔က ခက္ခဲခဲ့ပါတယ္။ ေႏြရာသီၾကိဳမွာ အားလံုးကို ေတာင္းဆိုမႈေတြ လုပ္ခဲ့ျပီး ပရိသတ္ေတြကေတာ့ အသင္းကစားတာကို လံုေလာက္ေအာင္ မၾကည့္ရေသးပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ဒီအပတ္ အကုန္မွာေတာ့ ပဲေလစ့္နဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ဒီရာသီ တာထြက္ေကာင္းေနမႈကို ဆက္ထိန္းဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။