အေစီမီလန်လို သမိုင်းဝင် ပြိုင်ဘက်အသင်းနဲ့ ရင်ဆိုင်ချိန်မှာ လီဗာပူးအသင်းအတွက် အနိုင်ဂိုး သွင်းယူပေးနိုင်တာကြောင့် ပရိသတ်တွေက အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို Stevie H ရယ်လို့တောင် တင်စားခေါ်ဝေါ်နေခဲ့ကြတယ်။

လီဗာပူးကပွဲကို ဦးဆောင်ထားနိုင်ပေမယ့် ခံစစ်ပိုင်း အမှားတွေကနေ ပွဲ ဦးဆောင်ခွင့်ကို လက်လွတ်ခဲ့ရတယ်။ ဟန်ဒါဆန်ရဲ့ သိပ်ကိုကောင်းတဲ့ အဆုံးသတ် ကန်ချက်ကြောင့် ချန်ပီယံလိဂ် အုပ်စု B မှာ နေရာကောင်းကို လီဗာပူးက ပိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဟန်ဒါဆန်က ” သွင်းဂိုး ရယူနိုင်ခဲ့တာ သိပ်ကောင်းတာပေါ့ဗျာ။ ဂိုးမသွင်းနိုင်တာ ကြာခဲ့ပြီဆိုတော့ သွင်းဂိုး တစ်ဂိုးရလိုက်တာ သိပ်ကောင်းပါတယ်။ အခုကစားရတဲ့ တိုက်စစ်ကို အနည်းငယ် လိုက်ရတဲ့ နံပါတ် ၈ နေရာမှာဆိုရင် ကျနေ်ာ ဂိုးအနည်းငယ်လည်း သွင်းဖို့လိုမယ်ဆိုတာကို သိပါတယ်။ ဒီတော့ ဂိုးရခဲ့ပြီး နိုင်ပွဲ ရှာနိုင်ခဲ့တာက သိပ်ကောင်းပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဧရိယာထိပ်ကနေ ကောင်းမွန်စွာ နေရာယူမှုနဲ့အတူ လီဗာပူးအတွက် အနိုင်ဂိုး သွင်းပေးခဲ့တဲ့ ဟန်ဒါဆန်ဟာ ချန်ပီယံလိဂ်သွင်းဂိုးအတွက် ၇ နှစ်ကြာ စောင့်နေခဲ့ရတာပါ။ ဒါဟာ ၂၀၁၄ မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ပါဝင်ကစားခွင့်ရခဲ့ပြီးနောက် လူဒိုဂိုးရပ်ပွဲမှာ သွင်းယူတဲ့ သူ့ရဲ့ ပထမဆုံးသော ဥရောပပြိုင်ပွဲ သွင်းဂိုးနောက်ပိုင်း ချန်ပီယံလိဂ်သွင်းဂိုး ပြန်ရခြင်းဖြစ်ပါတယ်။ နောက်ပြီး ၉ လအတွင်း ပြိုင်ပွဲစုံမှာ ပထမဆုံးအကြိမ် ဂိုးပြန်သွင်းနိုင်ခြင်းလည်းဖြစ်တယ်။

လီဗာပူးတိုက်စစ်မှူးဟောင်း ပီတာခရော့ကတော့ ‘ စတီဗင်ဂျရတ်လိုပါပဲ။ သူက ဘောလုံးဟန်ချက်ကိုစောင့်ပြီး အားပါပါနဲ့ ကန်သွင်းခဲ့တယ်။ ကန်သွင်းပုံကလည်း မှန်ပါတယ်။ ဒီလို ကန်နိုင်ဖို့က ခက်ခဲတဲ့ စွမ်းရည်ပါပဲ ‘ လို့ ချီးကျူးခဲ့တယ်။

တွဲဘက်သုံးသပ်သူ ဖာဒီနန်ကတော့ ‘ ဟန်ဒါဆန်က တည်ငြိမ်မှုနဲ့ လမ်းညွှန်မှုတွေ လုပ်ပေးဖို့ လိုအပ်နေတဲ့ သူ့အသင်းကို စံနမူနာကောင်းတွေနဲ့ ဦးဆောင်သွားခဲ့တယ်။ ‘ လို့ မှတ်ချက်ပေးခဲ့သေးတာဖြစ်ပါတယ်။

ZAWGYI

ေအစီမီလန္လို သမိုင္းဝင္ ျပိဳင္ဘက္အသင္းနဲ႔ ရင္ဆိုင္ခ်ိန္မွာ လီဗာပူးအသင္းအတြက္ အႏုိင္ဂိုး သြင္းယူေပးႏုိင္တာေၾကာင့္ ပရိသတ္ေတြက အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကို Stevie H ရယ္လို႔ေတာင္ တင္စားေခၚေဝၚေနခဲ့ၾကတယ္။

လီဗာပူးကပြဲကို ဦးေဆာင္ထားႏုိင္ေပမယ့္ ခံစစ္ပိုင္း အမွားေတြကေန ပြဲ ဦးေဆာင္ခြင့္ကို လက္လြတ္ခဲ့ရတယ္။ ဟန္ဒါဆန္ရဲ႕ သိပ္ကိုေကာင္းတဲ့ အဆံုးသတ္ ကန္ခ်က္ေၾကာင့္ ခ်န္ပီယံလိဂ္ အုပ္စု B မွာ ေနရာေကာင္းကို လီဗာပူးက ပိုင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

ဟန္ဒါဆန္က ” သြင္းဂိုး ရယူႏုိင္ခဲ့တာ သိပ္ေကာင္းတာေပါ့ဗ်ာ။ ဂိုးမသြင္းႏုိင္တာ ၾကာခဲ့ျပီဆိုေတာ့ သြင္းဂိုး တစ္ဂိုးရလိုက္တာ သိပ္ေကာင္းပါတယ္။ အခုကစားရတဲ့ တုိက္စစ္ကို အနည္းငယ္ လိုက္ရတဲ့ နံပါတ္ ၈ ေနရာမွာဆိုရင္ က်ေန္ာ ဂိုးအနည္းငယ္လည္း သြင္းဖို႔လိုမယ္ဆိုတာကို သိပါတယ္။ ဒီေတာ့ ဂိုးရခဲ့ျပီး ႏုိင္ပြဲ ရွာႏုိင္ခဲ့တာက သိပ္ေကာင္းပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဧရိယာထိပ္ကေန ေကာင္းမြန္စြာ ေနရာယူမႈနဲ႔အတူ လီဗာပူးအတြက္ အႏုိင္ဂိုး သြင္းေပးခဲ့တဲ့ ဟန္ဒါဆန္ဟာ ခ်န္ပီယံလိဂ္သြင္းဂိုးအတြက္ ၇ ႏွစ္ၾကာ ေစာင့္ေနခဲ့ရတာပါ။ ဒါဟာ ၂၀၁၄ မွာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ပထမဆံုးအၾကိမ္ ပါဝင္ကစားခြင့္ရခဲ့ျပီးေနာက္ လူဒိုဂိုးရပ္ပြဲမွာ သြင္းယူတဲ့ သူ႔ရဲ႕ ပထမဆံုးေသာ ဥေရာပျပိဳင္ပြဲ သြင္းဂိုးေနာက္ပိုင္း ခ်န္ပီယံလိဂ္သြင္းဂိုး ျပန္ရျခင္းျဖစ္ပါတယ္။ ေနာက္ျပီး ၉ လအတြင္း ျပိဳင္ပြဲစံုမွာ ပထမဆံုးအၾကိမ္ ဂိုးျပန္သြင္းႏုိင္ျခင္းလည္းျဖစ္တယ္။

လီဗာပူးတိုက္စစ္မွဴးေဟာင္း ပီတာခေရာ့ကေတာ့ ‘ စတီဗင္ဂ်ရတ္လိုပါပဲ။ သူက ေဘာလံုးဟန္ခ်က္ကိုေစာင့္ျပီး အားပါပါနဲ႔ ကန္သြင္းခဲ့တယ္။ ကန္သြင္းပုံကလည္း မွန္ပါတယ္။ ဒီလို ကန္ႏုိင္ဖို႔က ခက္ခဲတဲ့ စြမ္းရည္ပါပဲ ‘ လို႔ ခ်ီးက်ဴးခဲ့တယ္။

တြဲဘက္သံုးသပ္သူ ဖာဒီနန္ကေတာ့ ‘ ဟန္ဒါဆန္က တည္ျငိမ္မႈနဲ႔ လမ္းညႊန္မႈေတြ လုပ္ေပးဖို႔ လိုအပ္ေနတဲ့ သူ႔အသင္းကို စံနမူနာေကာင္းေတြနဲ႔ ဦးေဆာင္သြားခဲ့တယ္။ ‘ လို႔ မွတ္ခ်က္ေပးခဲ့ေသးတာျဖစ္ပါတယ္။