လီဗာပူးဂိုးသမား အယ်လီဆန်က ပဲလေစ့်ပွဲမှာ သူအမှားလုပ်ခဲ့ကြောင်း ဝန်ခံလိုက်ပြီး နောက်တစ်ကြိမ် ထပ်မဖြစ်အောင် ဂရုစိုက်ရမယ်ဆိုတာကိုလည်း နားလည်ထားပါတယ်လို့ အသင်းဝဘ်ဆိုဒ်ကနေ ပြောဆိုပါတယ်။

ပဲလေစ့်ပွဲ အစပိုင်းမှာ ဘယ်ခြမ်း ကွင်းလယ်ကနေ ရရှိတဲ့ ဖရီးကစ်ကို ပဲလေစ့်ဘက်က အသုံးချခဲ့ပြီး ဘောလုံးပြန်စင်ထွက်မှုကို ပဲလေစ့်ဘက်ကပဲ နောက်တစ်ကြိမ် မတင်ဘော ပေးပို့ရာမှာ ဇာဟာရဲ့ တိုက်စစ်လမ်းကြောင်းကို ကြိုတင် ကာကွယ်ဖို့ ကြိုးစားရင်း အယ်လီဆန် အမှားတစ်ခု လုပ်ခဲ့ခြင်းဖြစ်ပါတယ်။

အယ်လီက ဘောလုံးကို ဖမ်းဖို့ ရှေ့ထွက်ခဲ့ပေမယ့် တုန့်နှေးမှုကြောင့် ဇာဟာက ဘောလုံးဦးသွားပြီး ကန်သွင်းခွင့်ရခဲ့ရာ ဘရာဇီးဂိုးသမား တုန့်ပြန်ပုံ မြန်ဆန်ခြင်းကြောင့်ပဲ ဂိုးအနားမှာ ပုပ်ထုတ်နိုင်ခဲ့ကာ ထောင့်ကန်ဘောဖြစ်ခဲ့ရခြင်း ဖြစ်ပါတယ်။

အယ်လီဆန်က ” ကျနော် ဖမ်းဖို့ ထွက်လာချိန်မှာ ပိုကောင်းကောင်း လုပ်နိုင်ခဲ့သင့်တယ်။ ဘောလုံးကို မိဖို့ ခုန်ဖမ်းလိုက်တာမျိုး တစ်ခုခုပေါ့။ ဒါပေမယ့် ကျနော် ချိန်သားမကိုက်ဖြစ်ခဲ့ပြီး ဇာဟာက အကောင်းဆုံး အသုံးချခဲ့တယ်။ ကျနော်ကို ကျော်ချဖို့ ဘောလုံးကို ထိခဲ့ပြီး ကျနော် ကံကောင်းလို့သာ ပြန်လှည့်ပြီး ဘောလုံးကို ကာကွယ်နိုင်ခဲ့တာပါ။

ပွဲအစပိုင်းမှာတင် အာရုံစူးစိုက်ထားနိုင်ဖို့က သိပ်ကို အရေးကြီးပါတယ်။ အကယ်လို့ ပွဲအစမှာတင် ဂိုးပေးလိုက်ရရင် ပွဲရဲ့ အခြေအနေ တစ်ခုလုံးက လုံးဝကြီးကို ပြောင်းလဲသွားနိုင်ပါတယ်။

ပဲလေစ့်ကို ရင်ဆိုင်တဲ့ပွဲမှာ နေရာလွတ်တွေ ဖန်တီးဖို့က ဘယ်လောက်ထိ ခက်ခဲတယ်ဆိုတာကို ကျနော်တို့ သိပါတယ်။ သူတို့က ပြင်းပြင်းထန်ထန် အားထုတ်တဲ့ အသင်းတစ်သင်းဖြစ်ပြီး ဒီရာသီကို အကောင်းဆုံး ကစားနေပါတယ်။ ကျနေ်ာတို့အတွက် အရေးပါတဲ့ နိုင်ပွဲ ဖြစ်ခဲ့ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

အယ်လီဆန်ဟာ ဒီရာသီ ပြိုင်ဘက် ကစားသမားတွေနဲ့ တစ်ဦးချင်း အနေအထားတွေမှာ ဘောလုံးကာကွယ်မှု ၇ ကြိမ်ထိ လုပ်ထားခဲ့ပြီဖြစ်ပါတယ်။ ဒီပမာဏဟာ သာမာန် ဂိုးသမားတစ်ဦးဆိုရင် သွင်းဂိုး ၄ ဂိုးပေးနေရပြီလို့လည်း အချက်အလက်တွေက ညွှန်းဆိုနေတယ်။

လီဗာပူးအသင်းနဲ့အတူ ကမ္ဘာအဆင့်ကို တောက်ပလာခဲ့တဲ့ ဂိုးသမားကြီးဟာ ကလပ်ရဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်အောင်မြင်မှုတွေမှာ အဓိက ကျခဲ့သူဖြစ်ကာ ဒီရာသီမှာလည်း သူ့ရဲ့ အရေးပါမှုတွေကို မြင်တွေ့နေရတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဂိုးသမား အယ္လီဆန္က ပဲေလစ့္ပြဲမွာ သူအမွားလုပ္ခဲ့ေၾကာင္း ဝန္ခံလိုက္ျပီး ေနာက္တစ္ၾကိမ္ ထပ္မျဖစ္ေအာင္ ဂရုစိုက္ရမယ္ဆိုတာကိုလည္း နားလည္ထားပါတယ္လို႔ အသင္းဝဘ္ဆိုဒ္ကေန ေျပာဆိုပါတယ္။

ပဲေလစ့္ပြဲ အစပိုင္းမွာ ဘယ္ျခမ္း ကြင္းလယ္ကေန ရရွိတဲ့ ဖရီးကစ္ကို ပဲေလစ့္ဘက္က အသံုးခ်ခဲ့ျပီး ေဘာလံုးျပန္စင္ထြက္မႈကို ပဲေလစ့္ဘက္ကပဲ ေနာက္တစ္ၾကိမ္ မတင္ေဘာ ေပးပို႔ရာမွာ ဇာဟာရဲ႕ တိုက္စစ္လမ္းေၾကာင္းကို ၾကိဳတင္ ကာကြယ္ဖို႔ ၾကိဳးစားရင္း အယ္လီဆန္ အမွားတစ္ခု လုပ္ခဲ့ျခင္းျဖစ္ပါတယ္။

အယ္လီက ေဘာလံုးကို ဖမ္းဖို႔ ေရွ႔ထြက္ခဲ့ေပမယ့္ တုန္႔ေႏွးမႈေၾကာင့္ ဇာဟာက ေဘာလံုးဦးသြားျပီး ကန္သြင္းခြင့္ရခဲ့ရာ ဘရာဇီးဂိုးသမား တုန္႔ျပန္ပံု ျမန္ဆန္ျခင္းေၾကာင့္ပဲ ဂိုးအနားမွာ ပုပ္ထုတ္ႏုိင္ခဲ့ကာ ေထာင့္ကန္ေဘာျဖစ္ခဲ့ရျခင္း ျဖစ္ပါတယ္။

အယ္လီဆန္က ” က်ေနာ္ ဖမ္းဖို႔ ထြက္လာခ်ိန္မွာ ပိုေကာင္းေကာင္း လုပ္ႏုိင္ခဲ့သင့္တယ္။ ေဘာလံုးကို မိိဖို႔ ခုန္ဖမ္းလိုက္တာမ်ိဳး တစ္ခုခုေပါ့။ ဒါေပမယ့္ က်ေနာ္ ခ်ိန္သားမကိုက္ျဖစ္ခဲ့ျပီး ဇာဟာက အေကာင္းဆံုး အသံုးခ်ခဲ့တယ္။ က်ေနာ္ကို ေက်ာ္ခ်ဖို႔ ေဘာလံုးကို ထိခဲ့ျပီး က်ေနာ္ ကံေကာင္းလို႔သာ ျပန္လွည့္ျပီး ေဘာလံုးကို ကာကြယ္ႏုိင္ခဲ့တာပါ။

ပြဲအစပိုင္းမွာတင္ အာရံုစူးစိုက္ထားႏုိင္ဖို႔က သိပ္ကို အေရးၾကီးပါတယ္။ အကယ္လို႔ ပြဲအစမွာတင္ ဂိုးေပးလိုက္ရရင္ ပြဲရဲ႕ အေျခအေန တစ္ခုလံုးက လံုးဝၾကီးကို ေျပာင္းလဲသြားႏုိင္ပါတယ္။

ပဲေလစ့္ကို ရင္ဆိုင္တဲ့ပြဲမွာ ေနရာလြတ္ေတြ ဖန္တီးဖို႔က ဘယ္ေလာက္ထိ ခက္ခဲတယ္ဆိုတာကို က်ေနာ္တုိ႔ သိပါတယ္။ သူတို႔က ျပင္းျပင္းထန္ထန္ အားထုတ္တဲ့ အသင္းတစ္သင္းျဖစ္ျပီး ဒီရာသီကို အေကာင္းဆံုး ကစားေနပါတယ္။ က်ေန္ာတို႔အတြက္ အေရးပါတဲ့ ႏုိင္ပြဲ ျဖစ္ခဲ့ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

အယ္လီဆန္ဟာ ဒီရာသီ ျပိဳင္ဘက္ ကစားသမားေတြနဲ႔ တစ္ဦးခ်င္း အေနအထားေတြမွာ ေဘာလံုးကာကြယ္မႈ ၇ ၾကိမ္ထိ လုပ္ထားခဲ့ျပီျဖစ္ပါတယ္။ ဒီပမာဏဟာ သာမာန္ ဂိုးသမားတစ္ဦးဆိုရင္ သြင္းဂိုး ၄ ဂိုးေပးေနရျပီလို႔လည္း အခ်က္အလက္ေတြက ညႊန္းဆိုေနတယ္။

လီဗာပူးအသင္းနဲ႔အတူ ကမၻာအဆင့္ကို ေတာက္ပလာခဲ့တဲ့ ဂိုးသမားၾကီးဟာ ကလပ္ရဲ႕ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈေတြမွာ အဓိက က်ခဲ့သူျဖစ္ကာ ဒီရာသီမွာလည္း သူ႔ရဲ႕ အေရးပါမႈေတြကို ျမင္ေတြ႔ေနရတာျဖစ္ပါတယ္။