မန်နေဂျာကလော့ပ်က ခံစစ်မှူးသစ် ကိုနတေးရဲ့ ပွဲဦးထွက်ကို သဘောကျနေပြီး ပရီးမီးယားလိဂ်က ပြင်သစ်သားကို သင်ခန်းစာတွေ ပေးခဲ့တယ်လို့ ယုံကြည်နေပါတယ်။

ပထမဆုံး မိနစ် ၉၀ မှာ ဗန်ဒိုက်လို ကစားသမားနဲ့ တွဲကစားခွင့်ရတာက အီဘူးအတွက် နည်းနည်းတော့ ပိုမို လွယ်ကူစေခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အရည်အသွေးနဲ့ အလားအလာကောင်းတွေကိုလည်း မြင်ခဲ့ရသေးတာဖြစ်တယ်။

ကိုနတေးနဲ့ ပတ်သတ်ပြီး – ” သူက မယုံနိုင်လောက်အောင် ပင်ကို အရည်အသွေးနဲ့ ထူးချွန်တယ် ဆိုတာ တွေ့ကြမှာပါ။ အလားအလာကတော့ တကယ့် အကောင်းစားပဲ။ သူက ဘောလုံးယှဉ်လုတာတွေကို သက်သက်သာသာပဲ လုပ်သွားတယ်။ ငယ်လည်းငယ်တယ်၊ ပွဲကို ကောင်းကောင်း ကစားသွားတယ်။ သူ့အတွက် ပထမဆုံး အိမ်ကွင်းပွဲလည်း ဖြစ်တယ်။ သိပ်ကောင်းတာပေါ့ဗျာ။ ” လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

ပြင်သစ်သားက လီဗာပူးရဲ့ စနစ်မှာ အံဝင်နေလားဆိုတဲ့ အမေးကို ယာဂင်က ကျေနပ် အားရစွာ ပြန်လည် အဖြေပေးပါတယ်။

မန်နေဂျာက ဆက်ပြီးလည်း ” သူက ကျနော်ရဲ့ စနစ်မှာလည်း အသားကျနေပါတယ်။ ဒီကောင်လေး ပိုင်ဆိုင်ထားတဲ့ အရည်အချင်းတွေကို အားလုံးလည်း မြင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ နည်းစနစ်ပိုင်း သိပ်ကောင်းတယ်။ ပွဲအပေါ် နားလည်နိုင်စွမ်းရှိတယ်။ အဲ့တာတွေက အရေးကြီးပါတယ်။

ဒါပေမယ့်လို့ မင်းက စွမ်းရည်တွေ ရှိထားပြီး ရံဖန်ရံခါ အဲ့စွမ်းရည်တွေအပေါ်မှာ မှီခိုနေမယ်ဆိုရင် ပရီးမီးယားလိဂ်က ခက်ခဲတဲ့ သင်ခန်းစာတွေ ပေးပါလိမ့်မယ်။ ပဲလေစ့်ပွဲမှာ ဇာဟာ၊ ဘန်တီကီ၊ အက်ဒွပ်တို့နဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး သူတို့က တိုက်စစ်သမား စစ်စစ်တွေဖြစ်ပါတယ်။

နောက်ဆုံးလိုင်းမှာ ကစားသမားသစ်အနေနဲ့ သူကစားရမယ်ဆိုရင် သိပ်ကောင်းခဲ့မှာ မဟုတ်ဘူး။ ဒါပေမယ့်လို့ ဗာဂျယ်၊ မီလီတို့က အကောင်းဆုံး ကြိုးစားပေးခဲ့ပြီး ကိုစတက်ကလည်း အတော်လေး ကောင်းခဲ့ပါတယ်။

ကိုနတေးက လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပါတယ်။ အဲ့အတွက် ပျော်ပါတယ်။ ဒါပေမယ့် အီဘူးထံကနေ အများကြီး မြင်လာရဦးမှာပါ။ သူက ငယ်ရွယ်သေးတယ်၊ အသားကျနေတယ်။ ကျနေ်ာတို့ ကစားဟန်နဲ့ အသားကျနေပြီး ပရီးမီးယားလိဂ်လို စပယ်ရှယ်လိဂ်မှာလည်း အသားကျလာနေတယ်။ ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာကေလာ့ပ္က ခံစစ္မွဴးသစ္ ကိုနေတးရဲ႕ ပြဲဦးထြက္ကို သေဘာက်ေနျပီး ပရီးမီးယားလိဂ္က ျပင္သစ္သားကို သင္ခန္းစာေတြ ေပးခဲ့တယ္လို႔ ယံုၾကည္ေနပါတယ္။

ပထမဆံုး မိနစ္ ၉၀ မွာ ဗန္ဒိုက္လို ကစားသမားနဲ႔ တြဲကစားခြင့္ရတာက အီဘူးအတြက္ နည္းနည္းေတာ့ ပိုမို လြယ္ကူေစခဲ့ပါတယ္။ ဒါေပမယ့္လည္း သူ႔ရဲ႕ အရည္အေသြးနဲ႔ အလားအလာေကာင္းေတြကိုလည္း ျမင္ခဲ့ရေသးတာျဖစ္တယ္။

ကိုနေတးနဲ႕ ပတ္သတ္ျပီး – ” သူက မယံုနုိင္ေလာက္ေအာင္ ပင္ကို အရည္အေသြးနဲ႕ ထူးခၽြန္တယ္ ဆိုတာ ေတြ႔ၾကမွာပါ။ အလားအလာကေတာ့ တကယ့္ အေကာင္းစားပဲ။ သူက ေဘာလံုးယွဥ္လုတာေတြကို သက္သက္သာသာပဲ လုပ္သြားတယ္။ ငယ္လည္းငယ္တယ္၊ ပြဲကို ေကာင္းေကာင္း ကစားသြားတယ္။ သူ႔အတြက္ ပထမဆံုး အိမ္ကြင္းပြဲလည္း ျဖစ္တယ္။ သိပ္ေကာင္းတာေပါ့ဗ်ာ။ ” လို႕ ကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။

ျပင္သစ္သားက လီဗာပူးရဲ႕ စနစ္မွာ အံဝင္ေနလားဆိုတဲ့ အေမးကို ယာဂင္က ေက်နပ္ အားရစြာ ျပန္လည္ အေျဖေပးပါတယ္။

မန္ေနဂ်ာက ဆက္ျပီးလည္း ” သူက က်ေနာ္ရဲ႕ စနစ္မွာလည္း အသားက်ေနပါတယ္။ ဒီေကာင္ေလး ပိုင္ဆိုင္ထားတဲ့ အရည္အခ်င္းေတြကို အားလံုးလည္း ျမင္ပါတယ္။ ရုပ္ပိုင္းဆိုင္ရာနဲ႔ နည္းစနစ္ပိုင္း သိပ္ေကာင္းတယ္။ ပြဲအေပၚ နားလည္ႏုိင္စြမ္းရွိတယ္။ အဲ့တာေတြက အေရးၾကီးပါတယ္။

ဒါေပမယ့္လို႔ မင္းက စြမ္းရည္ေတြ ရွိထားျပီး ရံဖန္ရံခါ အဲ့စြမ္းရည္ေတြအေပၚမွာ မွီခိုေနမယ္ဆိုရင္ ပရီးမီးယားလိဂ္က ခက္ခဲတဲ့ သင္ခန္းစာေတြ ေပးပါလိမ့္မယ္။ ပဲေလစ့္ပြဲမွာ ဇာဟာ၊ ဘန္တီကီ၊ အက္ဒြပ္တို႔နဲ႔ ယွဥ္ျပိဳင္ကစားခဲ့ျပီး သူတို႔က တိုက္စစ္သမား စစ္စစ္ေတြျဖစ္ပါတယ္။

ေနာက္ဆံုးလိုင္းမွာ ကစားသမားသစ္အေနနဲ႔ သူကစားရမယ္ဆိုရင္ သိပ္ေကာင္းခဲ့မွာ မဟုတ္ဘူး။ ဒါေပမယ့္လို႔ ဗာဂ်ယ္၊ မီလီတို႔က အေကာင္းဆံုး ၾကိဳးစားေပးခဲ့ျပီး ကိုစတက္ကလည္း အေတာ္ေလး ေကာင္းခဲ့ပါတယ္။

ကိုနေတးက လမ္းေၾကာင္းမွန္ေပၚမွာ ရွိေနပါတယ္။ အဲ့အတြက္ ေပ်ာ္ပါတယ္။ ဒါေပမယ့္ အီဘူးထံကေန အမ်ားၾကီး ျမင္လာရဦးမွာပါ။ သူက ငယ္ရြယ္ေသးတယ္၊ အသားက်ေနတယ္။ က်ေန္ာတို႔ ကစားဟန္နဲ႔ အသားက်ေနျပီး ပရီးမီးယားလိဂ္လို စပယ္ရွယ္လိဂ္မွာလည္း အသားက်လာေနတယ္။ ” လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။