လီဗာပူးအသင်းဟာ ဒီကနေ့ည ၁း၁၅ နာရီမှာတော့ နော့ဝစ်ချ်အိမ်ကွင်းထံ သွားပြီး ကာရာဘောင်းပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ဒီပွဲမှာ အသင်းက ဘယ်လို ကစားသမားတွေ ထုတ်သုံးလာမယ်ဆိုတာ မသိနိုင်သေးပေမယ့် ပွဲကြို ပြောစကားတွေအရ ဘယ်လို ကစားသမားမျိုးတွေ ပါဝင်လာမယ်ဆိုတာကို ကြိုတင် မှန်းဆကြည့်တာတွေတော့ ထွက်ရှိနေပါပြီ။ အထူးသဖြင့် ဒီပွဲမှာ အသက် ၁၆ နှစ်အရွယ် တောင်ပံသမား ခေးဂေါ်ဒန်ကို ထုတ်သုံးမယ်လို့လည်း လီဗာပူးသတင်းထောက်တွေ ဖော်ပြလာနေပြီဖြစ်ပါတယ်။

ကာရာဘောင်းပွဲကြိုမှာ လက်ထောက်နည်းပြ ပပ်လင်ဒါးက “ ပွဲထွက်လူစာရင်းအကြောင်း ပြောမယ်ဆိုရင် ကျနေ်ာတို့ရဲ့ ပုံရိပ်၊ ကျနေ်ာတို့ရဲ့ ရိုးရာ၊ ကျနေ်ာတို့ရဲ့ ကစားပုံတွေကို သိဖို့ လိုပါတယ်။ ဒါတွေကို စတင်လာတာ အတော်လေးလည်း ကြာခဲ့ပါပြီ။

ပထမဆုံးအနေနဲ့ ၃ ရက်တစ်ပွဲ ကစားရမယ့် အခြေအနေတွေမှာ မြင့်မားတဲ့ အရဲစွန့်မှုတွေ မဖြစ်ဖို့ ကစားသမားတွေကို ကာကွယ်ပေးလိုပါတယ်။ ဒုတိယကတော့ လန်ဆန်းတဲ့ ခြေထောက်တွေ၊ လန်းဆန်းနေတဲ့ နှလုံးသားနဲ့ ကစားသမားတွေကို ထည့်သုံးခြင်းပါတယ်။ ဒါကပဲ နော့ဝစ်ချ်နဲ့ပွဲမှာ ကျနေ်ာတို့ လုပ်ဆောင်မှာပါပဲ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဒီလူစာရင်းကတော့ ပွဲကစားခွင့်တွေ လိုအပ်နေတဲ့ အရန်ကစားသမားတွေ အဓိက ပါဝင်မယ့် ပုံစံဖြစ်ပါတယ်။ ယူ-၂၃ အသင်းမှာ ညာအစွန်လူ ဘရတ်ဒလေကို ထည့်မသုံးခဲ့ပေမယ့် တစ်ခု သတိပြုမိတာက ဘရတ်ဒလေဟာ ယူ-၂၃ အသင်းရဲ့ အဓိက ညာအစွန်လူ မဟုတ်ပါဘူး။ ဒီတော့ တနင်္လာနေ့ပွဲမှာ သူကစားခွင့် မရခဲ့တာက နော့ဝစ်ချ်ပွဲကြောင့်လို့ ပြောလို့ မရပါဘူး။

ပွဲကစားခွင့် နည်းနေတဲ့ ဂိုးမက်စ်ကို ညာခြမ်းထုတ်ပြီး ကိုနတေး၊ နက်ဖီးလစ်တို့ကို တွဲပေးကာ ကွင်းလယ်မှာ ဝါရင့်ကစားသမား မီလ်နာကို ထည့်ဖို့ဖြစ်တယ်။ သူ့ကို ကိတ်တာ၊ ဂျုံးတို့နဲ့ တွဲပေးပြီး ပွဲကစားခွင့် လိုအပ်နေတဲ့ တိုက်စစ်သမားတွေနဲ့ ပေါင်းစပ်ပေးခြင်း ဖြစ်ပါတယ်။

ဒီလူစာရင်းကတော့ ပွဲကြိုတွေမှာ ကြားထားရမှုတွေအရ ဖြစ်နိုင်ချေ အများဆုံး လူစာရင်းဖြစ်ပါတယ်။ ပဲလေစ့်ပွဲမှာ အနားပေးခံထားရတဲ့ ရိုဘို၊ ဂိုးမက်စ်ကို ခံစစ်မှာ ဦးဆောင်စေပြီး ကွင်းလယ်မှာတော့ မီလ်နာ၊ ချိန်ဘာလိန်၊ ဂျုံးတို့ကို သုံးဖို့ဖြစ်တယ်။ တိုက်စစ်မှာတော့ ပွဲထွက်ခွင့်ရမယ် သတင်းကြီးနေတဲ့ ဂေါ်ဒန် ပါမှာဖြစ်ပါတယ်။

ဒီလူစာရင်းကတော့ မီလ်နာကို နံပါတ် ၆ နေရာ မထားဘူးဆိုရင် ကိတ်တာကို ရွေးချယ်နိုင်တဲ့ ပုံစံဖြစ်ပါတယ်။ ကိတ်တာဟာ နံပါတ် ၈ နေရာ ကစားသူဖြစ်ပေမယ့်လို့ ယာဂင်က သူ့ကို နံပါတ် ၆ နေရာအတွက် သုံးစွဲမှုတွေကိုလည်း မြင်တွေ့ထားရဖူးပါတယ်။ ကိတ်တာဟာ ပဲလေစ့်ပွဲမှာ လူစားဝင် ကစားသမားအဖြစ်ပဲ ကစားခွင့်ရထားလို့ လန်းဆန်းမှုရှိနေမှာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီကေန႔ည ၁း၁၅ နာရီမွာေတာ့ ေနာ့ဝစ္ခ်္အိမ္ကြင္းထံ သြားျပီး ကာရာေဘာင္းပြဲ ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။

ဒီပြဲမွာ အသင္းက ဘယ္လို ကစားသမားေတြ ထုတ္သံုးလာမယ္ဆိုတာ မသိႏိုင္ေသးေပမယ့္ ပြဲၾကိဳ ေျပာစကားေတြအရ ဘယ္လို ကစားသမားမ်ိဳးေတြ ပါဝင္လာမယ္ဆိုတာကို ၾကိဳတင္ မွန္းဆၾကည့္တာေတြေတာ့ ထြက္ရွိေနပါျပီ။ အထူးသျဖင့္ ဒီပြဲမွာ အသက္ ၁၆ ႏွစ္အရြယ္ ေတာင္ပံသမား ေခးေဂၚဒန္ကို ထုတ္သံုးမယ္လို႔လည္း လီဗာပူးသတင္းေထာက္ေတြ ေဖာ္ျပလာေနျပီျဖစ္ပါတယ္။

ကာရာေဘာင္းပြဲၾကိဳမွာ လက္ေထာက္နည္းျပ ပပ္လင္ဒါးက “ ပြဲထြက္လူစာရင္းအေၾကာင္း ေျပာမယ္ဆိုရင္ က်ေန္ာတို႔ရဲ႕ ပံုရိပ္၊ က်ေန္ာတို႔ရဲ႕ ရိုးရာ၊ က်ေန္ာတို႔ရဲ႕ ကစားပံုေတြကို သိဖို႔ လိုပါတယ္။ ဒါေတြကို စတင္လာတာ အေတာ္ေလးလည္း ၾကာခဲ့ပါျပီ။

ပထမဆံုးအေနနဲ႔ ၃ ရက္တစ္ပြဲ ကစားရမယ့္ အေျခအေနေတြမွာ ျမင့္မားတဲ့ အရဲစြန္႔မႈေတြ မျဖစ္ဖို႔ ကစားသမားေတြကို ကာကြယ္ေပးလိုပါတယ္။ ဒုတိယကေတာ့ လန္ဆန္းတဲ့ ေျခေထာက္ေတြ၊ လန္းဆန္းေနတဲ့ ႏွလံုးသားနဲ႔ ကစားသမားေတြကို ထည့္သံုးျခင္းပါတယ္။ ဒါကပဲ ေနာ့ဝစ္ခ်္နဲ႔ပြဲမွာ က်ေန္ာတို႔ လုပ္ေဆာင္မွာပါပဲ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဒီလူစာရင္းကေတာ့ ပြဲကစားခြင့္ေတြ လိုအပ္ေနတဲ့ အရန္ကစားသမားေတြ အဓိက ပါဝင္မယ့္ ပံုစံျဖစ္ပါတယ္။ ယူ-၂၃ အသင္းမွာ ညာအစြန္လူ ဘရတ္ဒေလကို ထည့္မသံုးခဲ့ေပမယ့္ တစ္ခု သတိျပဳမိတာက ဘရတ္ဒေလဟာ ယူ-၂၃ အသင္းရဲ႕ အဓိက ညာအစြန္လူ မဟုတ္ပါဘူး။ ဒီေတာ့ တနလၤာေန႔ပြဲမွာ သူကစားခြင့္ မရခဲ့တာက ေနာ့ဝစ္ခ်္ပြဲေၾကာင့္လို႔ ေျပာလို႔ မရပါဘူး။

ပြဲကစားခြင့္ နည္းေနတဲ့ ဂိုးမက္စ္ကို ညာျခမ္းထုတ္ျပီး ကိုနေတး၊ နက္ဖီးလစ္တို႔ကို တြဲေပးကာ ကြင္းလယ္မွာ ဝါရင့္ကစားသမား မီလ္နာကို ထည့္ဖို႔ျဖစ္တယ္။ သူ႔ကို ကိတ္တာ၊ ဂ်ံဳးတို႔နဲ႔ တြဲေပးျပီး ပြဲကစားခြင့္ လိုအပ္ေနတဲ့ တိုက္စစ္သမားေတြနဲ႔ ေပါင္းစပ္ေပးျခင္း ျဖစ္ပါတယ္။

ဒီလူစာရင္းကေတာ့ ပြဲၾကိဳေတြမွာ ၾကားထားရမႈေတြအရ ျဖစ္ႏုိင္ေခ် အမ်ားဆံုး လူစာရင္းျဖစ္ပါတယ္။ ပဲေလစ့္ပြဲမွာ အနားေပးခံထားရတဲ့ ရိုဘို၊ ဂိုးမက္စ္ကို ခံစစ္မွာ ဦးေဆာင္ေစျပီး ကြင္းလယ္မွာေတာ့ မီလ္နာ၊ ခ်ိန္ဘာလိန္၊ ဂ်ံဳးတို႔ကို သံုးဖို႔ျဖစ္တယ္။ တိုက္စစ္မွာေတာ့ ပြဲထြက္ခြင့္ရမယ္ သတင္းၾကီးေနတဲ့ ေဂၚဒန္ ပါမွာျဖစ္ပါတယ္။

ဒီလူစာရင္းကေတာ့ မီလ္နာကို နံပါတ္ ၆ ေနရာ မထားဘူးဆိုရင္ ကိတ္တာကို ေရြးခ်ယ္ႏုိင္တဲ့ ပံုစံျဖစ္ပါတယ္။ ကိတ္တာဟာ နံပါတ္ ၈ ေနရာ ကစားသူျဖစ္ေပမယ့္လို႔ ယာဂင္က သူ႔ကို နံပါတ္ ၆ ေနရာအတြက္ သံုးစြဲမႈေတြကိုလည္း ျမင္ေတြ႔ထားရဖူးပါတယ္။ ကိတ္တာဟာ ပဲေလစ့္ပြဲမွာ လူစားဝင္ ကစားသမားအျဖစ္ပဲ ကစားခြင့္ရထားလို႔ လန္းဆန္းမႈရွိေနမွာျဖစ္ပါတယ္။