လီဗာပူးတိုက်စစ်သမား မီနာမီနိုဟာ ဒီကနေ့ည နော့ဝစ်ချ်ပွဲမှာ ပွဲထွက်လူစာရင်းက ပါဝင်လာနိုင်ဖို့ ရှိနေပါတယ်။

မီနာမီနိုဟာ ရာသီကြိုမှာ လီဗာပူးနဲ့ အပြည့်အဝ ပူးပေါင်းနိုင်ခဲ့ပေမယ့်လို့ လက်ရွေးစင်အသင်းထံ သွားရောက်ချိန်မှာ ဒဏ်ရာ ပြဿနာ ပေါ်ပေါက်ခဲ့ရာက ပွဲကစားခွင့် မရဖြစ်နေတာပါ။ သူဟာ ကြံ့ခိုင်မှု ပြန်ကောင်းနေလို့ ဒီကနေ့ညပွဲမှာ ပွဲထွက်ခွင့်ရမယ် သတင်းကြီးနေတာဖြစ်တယ်။

မီနာမီနိုက တိုက်စစ်ပိုင်းမှာ အိုရီဂီ၊ ဂေါ်ဒန်တို့နဲ့ တွဲဘက်ရမယ်လို့ သိထားရသလို သူ့ကို နံပါတ် ၁၀ နေရာ ထားပြီး သုံးမလားကတော့ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

” တာကီက ရာသီကြိုမှာ အတော်လေး ကောင်းပါတယ်။ ဆောက်သမ်တန်ထံ အငှားလွတ်ခဲ့တာ သူ့အတွက် အတော်လေး အရေးပါခဲ့တယ်။ ကျနေ်ာတို့နဲ့အတူ ရာသီကြိုကို အပြည့်အဝ သူပါနိုင်ခဲ့တာဟာ အတော်လေး ကောင်းပါတယ်။ သူက သက်ရောက်မှုတွေ ရှိထားပြီး သူ့ကို သုံးဖို့ကို ကျနေ်ာတို့ စိတ်အားထက်သန်နေပါတယ်။

အဲ့နောက် လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းချိန်မှာ သူ အသေးစား ပြဿနာ ရှိခဲ့တယ်။ သူက ရာနှုန်းပြည့် ကြံ့ခိုင်နေမှု မရှိပါဘူး ဒါပေမယ့် အခုချိန်မှာတော့ ပြန်ကောင်းလာနေပါပြီ။ အသင်းရဲ့ အစိတ်အပိုင်းအဖြစ် သူပါဝင်နေတာကို ကျနေ်ာတို့ တကယ်ကို ပျော်ရွှင်ပါတယ်။ ” လို့ လင်ဒါးက ပြောပါတယ်။

လက်ထောက်နည်းပြကြီးကပဲ ဆက်လက်ပြီး ” ဂိုးသမားနဲ့ တစ်ဦးချင်း အနေအထားတွေ ရင်ဆိုင်ဖို့ တာကီ အကြိမ် အတော်များများ လုပ်နိုင်ခြင်းကို ယာဂင်က ပျော်ရွှင်နေပါတယ်။ အဲ့လို လုပ်နိုင်ဖို့ဆိုတာက အတော်လေး လျှင်မြန်မှ ဂိုးသမားနဲ့ တစ်ဦးချင်း တွေ့နိုင်တာပါ။

သူက ပင်ကိုယ် သဘာဝကိုယ်က လှုပ်ရှားမှုတွေအတွက် အမြင်ရှိပါတယ်။ အဲ့တာမျိုးကို ကျနေ်ာတို့ လိုပါတယ်။ သူက ခံစစ်သမားတွေကို ကျော်ဖြတ်ပြေးနိုင်ပြီး သူနားက ကစားသမားတွေနဲ့ တွဲဘက် ကစားနိုင်စွမ်း ရှိပါတယ်။ သူပိုကောင်းလာနိုင်တယ်။ ဒါကိုပဲ ကျနေ်ာတို့ သဘောကျပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမား မီနာမီႏိုဟာ ဒီကေန႔ည ေနာ့ဝစ္ခ်္ပြဲမွာ ပြဲထြက္လူစာရင္းက ပါဝင္လာႏုိင္ဖို႔ ရွိေနပါတယ္။

မီနာမီႏိုဟာ ရာသီၾကိဳမွာ လီဗာပူးနဲ႔ အျပည့္အဝ ပူးေပါင္းႏုိင္ခဲ့ေပမယ့္လို႔ လက္ေရြးစင္အသင္းထံ သြားေရာက္ခ်ိန္မွာ ဒဏ္ရာ ျပႆနာ ေပၚေပါက္ခဲ့ရာက ပြဲကစားခြင့္ မရျဖစ္ေနတာပါ။ သူဟာ ၾကံ႔ခိုင္မႈ ျပန္ေကာင္းေနလို႔ ဒီကေန႔ညပြဲမွာ ပြဲထြက္ခြင့္ရမယ္ သတင္းၾကီးေနတာျဖစ္တယ္။

မီနာမီႏိုက တိုက္စစ္ပိုင္းမွာ အိုရီဂီ၊ ေဂၚဒန္တို႔နဲ႔ တြဲဘက္ရမယ္လို႔ သိထားရသလို သူ႔ကို နံပါတ္ ၁၀ ေနရာ ထားျပီး သံုးမလားကေတာ့ ေစာင့္ၾကည့္သြားရမွာပဲ ျဖစ္ပါတယ္။

” တာကီက ရာသီၾကိဳမွာ အေတာ္ေလး ေကာင္းပါတယ္။ ေဆာက္သမ္တန္ထံ အငွားလြတ္ခဲ့တာ သူ႔အတြက္ အေတာ္ေလး အေရးပါခဲ့တယ္။ က်ေန္ာတို႔နဲ႔အတူ ရာသီၾကိဳကို အျပည့္အဝ သူပါႏုိင္ခဲ့တာဟာ အေတာ္ေလး ေကာင္းပါတယ္။ သူက သက္ေရာက္မႈေတြ ရွိထားျပီး သူ႔ကို သံုးဖို႔ကို က်ေန္ာတို႔ စိတ္အားထက္သန္ေနပါတယ္။

အ့ဲေနာက္ လက္ေရြးစင္အသင္းနဲ႔ ပူးေပါင္းခ်ိန္မွာ သူ အေသးစား ျပႆနာ ရွိခဲ့တယ္။ သူက ရာႏႈန္းျပည့္ ၾကံ႔ခိုင္ေနမႈ မရွိပါဘူး ဒါေပမယ့္ အခုခ်ိန္မွာေတာ့ ျပန္ေကာင္းလာေနပါျပီ။ အသင္းရဲ႕ အစိတ္အပိုင္းအျဖစ္ သူပါဝင္ေနတာကို က်ေန္ာတို႔ တကယ္ကို ေပ်ာ္ရႊင္ပါတယ္။ ” လို႔ လင္ဒါးက ေျပာပါတယ္။

လက္ေထာက္နည္းျပၾကီးကပဲ ဆက္လက္ျပီး ” ဂိုးသမားနဲ႔ တစ္ဦးခ်င္း အေနအထားေတြ ရင္ဆိုင္ဖို႔ တာကီ အၾကိမ္ အေတာ္မ်ားမ်ား လုပ္ႏုိင္ျခင္းကို ယာဂင္က ေပ်ာ္ရႊင္ေနပါတယ္။ အဲ့လို လုပ္ႏုိင္ဖို႔ဆိုတာက အေတာ္ေလး လွ်င္ျမန္မွ ဂိုးသမားနဲ႔ တစ္ဦးခ်င္း ေတြ႔ႏုိင္တာပါ။

သူက ပင္ကိုယ္ သဘာဝကိုယ္က လႈပ္ရွားမႈေတြအတြက္ အျမင္ရွိပါတယ္။ အဲ့တာမ်ိဳးကို က်ေန္ာတို႔ လိုပါတယ္။ သူက ခံစစ္သမားေတြကို ေက်ာ္ျဖတ္ေျပးႏုိင္ျပီး သူနားက ကစားသမားေတြနဲ႔ တြဲဘက္ ကစားႏုိင္စြမ္း ရွိပါတယ္။ သူပိုေကာင္းလာႏုိင္တယ္။ ဒါကိုပဲ က်ေန္ာတို႔ သေဘာက်ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။