မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာဟာ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ရဲ့ မှတ်ချက်ကို သဘောတူလိုက်ပြီး အင်္ဂလန်မှာလည်း လူစားလဲမှု ၅ ကြိမ် ရသင့်တယ်လို့ ထုတ်ပြောလာပါတယ်။

မန်စီးတီးဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေ စတင် ရင်ဆိုင်နေရပြီး ကစားသမား အများအပြား ဒဏ်ရာရနေကြတာပါ။ ယာဂင်ကလော့ပ်က ပရီးမီးယားလိဂ်မှာ လူစားလဲမှုကို ၃ ကြိမ်ပဲ ပြန်လည် ခွင့်ပြုမယ်ဆိုရင် အနာဂတ်မှာ ကြံ့ခိုင်မှုပိုင်းအတွက် ပြဿနာကြီးတွေ ပေါ်လာလိမ့်မယ်လို့ ထုတ်ပြောထားခဲ့ပေမယ့် သူ့ရဲ့ စကားက အရာမရောက်ခဲ့ပါဘူး။

မနှစ်ကရာသီ ဒဏ်ရာရကစားသမားတွေ များနေစဉ်မှာ လူစားလဲမှု ၅ ကြိမ် ဆက်လက် ခွင့်ပြုပေးဖို့ တောင်းဆိုခဲ့တဲ့ ယာဂင်ကလော့ပ်ကို သူ့အသင်းက လူတွေနာနေလို့ ဒီလို အသံထွက်တာဆိုတဲ့ ဝေဖန်မှုတွေပဲ များနေခဲ့တာဖြစ်တယ်။ ဒါပေမယ့်လို့ ကာရာဘောင်းပွဲအပြီးမှာ ဂွာဒီယိုလာက ကလော့ပ်ရဲ့ အမြင်ကို ထောက်ခံသွားခဲ့ပါတယ်။

“ ကျနော်က ဒီနိုင်ငံကို ပြောင်းလဲဖို့ဆိုပြီး အင်္ဂလန်မှာ ရှိနေတာ မဟုတ်ပါဘူး။ တကမ္ဘာလုံးက လူစားလဲမှု ၅ ခုကို ခွင့်ပြုပေးနေချိန်မှာ အင်္ဂလန်မှာက ၃ ခုပဲ လုပ်လို့ရပါတယ်။ ဒီပွဲစဉ်ဇယားတွေအရဆိုရင် အဲ့တာက တကယ်ကို အလုပ်မဖြစ်တာပါ။ ဒါကြောင့်လည်း အင်္ဂလန်မှာ ကစားသမားတွေ ဒဏ်ရာရမှု သိပ်များနေတာပါ။

တကမ္ဘာလုံးက လူစားလဲမှု ၅ ကြိမ် ခွင့်ပြုပြီး ကစားသမားတွေရဲ့ ကျန်မာရေးကို ဂရုစိုက်ပေးနေတယ်။ သူတို့ကို ပိုကောင်းကောင်း သုံးနိုင်ဖို့ပေါ့။ အင်္ဂလန်မှာတော့ မရပါဘူး။ ၃ ကြိမ်ပဲ လဲခွင့်ရှိပါတယ်။ တစ်ပတ်ကို ၃ ပွဲလောက် ကစားနေရပြီး ကျနေ်ာတို့မှာ ဘာပြင်ဆင်ချိန်မှ မရှိဘူး။ လူတိုင်း ၅ ဦး ရနေချိန်မှာ ဒီမှာ ၃ ဦးပဲ ရပါတယ်။

တစ်ရက်မှာတော့ အကောင်းကြီးကြီးနဲ့ ထက်ထက်မြက်မြက် လူတစ်ယောက်ယောက်က ဘာလို့ ဒီလို ဆုံးဖြတ်ရပါတယ်ဆိုတာ ကျနော်ကို ရှင်းပြနိုင်ပါစေ ” လို့ ဂွာဒီယိုလာက ထုတ်ပြောခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေဟာ ပြည့်တွင်းပွဲတွေမှာ လူစားလဲမှု ၃ ကြိမ်ပဲ လုပ်ခွင့်ရှိပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ၅ ကြိမ် လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။

ZAWGYI

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာဟာ လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ရဲ႕ မွတ္ခ်က္ကို သေဘာတူလိုက္ျပီး အဂၤလန္မွာလည္း လူစားလဲမႈ ၅ ၾကိမ္ ရသင့္တယ္လို႔ ထုတ္ေျပာလာပါတယ္။

မန္စီးတီးဟာ ဒီရာသီမွာ ဒဏ္ရာျပႆနာေတြ စတင္ ရင္ဆိုင္ေနရျပီး ကစားသမား အမ်ားအျပား ဒဏ္ရာရေနၾကတာပါ။ ယာဂင္ကေလာ့ပ္က ပရီးမီးယားလိဂ္မွာ လူစားလဲမႈကို ၃ ၾကိမ္ပဲ ျပန္လည္ ခြင့္ျပဳမယ္ဆိုရင္ အနာဂတ္မွာ ၾကံ႕ခိုင္မႈပိုင္းအတြက္ ျပႆနာၾကီးေတြ ေပၚလာလိမ့္မယ္လို႔ ထုတ္ေျပာထားခဲ့ေပမယ့္ သူ႔ရဲ႕ စကားက အရာမေရာက္ခဲ့ပါဘူး။

မႏွစ္ကရာသီ ဒဏ္ရာရကစားသမားေတြ မ်ားေနစဥ္မွာ လူစားလဲမႈ ၅ ၾကိမ္ ဆက္လက္ ခြင့္ျပဳေပးဖို႔ ေတာင္းဆိုခဲ့တဲ့ ယာဂင္ကေလာ့ပ္ကို သူ႔အသင္းက လူေတြနာေနလို႔ ဒီလို အသံထြက္တာဆိုတဲ့ ေဝဖန္မႈေတြပဲ မ်ားေနခဲ့တာျဖစ္တယ္။ ဒါေပမယ့္လို႔ ကာရာေဘာင္းပြဲအျပီးမွာ ဂြာဒီယိုလာက ကေလာ့ပ္ရဲ႕ အျမင္ကို ေထာက္ခံသြားခဲ့ပါတယ္။

“ က်ေနာ္က ဒီႏုိင္ငံကို ေျပာင္းလဲဖို႔ဆိုျပီး အဂၤလန္မွာ ရွိေနတာ မဟုတ္ပါဘူး။ တကမၻာလံုးက လူစားလဲမႈ ၅ ခုကို ခြင့္ျပဳေပးေနခ်ိန္မွာ အဂၤလန္မွာက ၃ ခုပဲ လုပ္လို႔ရပါတယ္။ ဒီပြဲစဥ္ဇယားေတြအရဆိုရင္ အဲ့တာက တကယ္ကို အလုပ္မျဖစ္တာပါ။ ဒါေၾကာင့္လည္း အဂၤလန္မွာ ကစားသမားေတြ ဒဏ္ရာရမႈ သိပ္မ်ားေနတာပါ။

တကမၻာလံုးက လူစားလဲမႈ ၅ ၾကိမ္ ခြင့္ျပဳျပီး ကစားသမားေတြရဲ႕ က်န္မာေရးကို ဂရုစိုက္ေပးေနတယ္။ သူတို႔ကို ပိုေကာင္းေကာင္း သံုးႏုိင္ဖို႔ေပါ့။ အဂၤလန္မွာေတာ့ မရပါဘူး။ ၃ ၾကိမ္ပဲ လဲခြင့္ရွိပါတယ္။ တစ္ပတ္ကို ၃ ပြဲေလာက္ ကစားေနရျပီး က်ေန္ာတို႔မွာ ဘာျပင္ဆင္ခ်ိန္မွ မရွိဘူး။ လူတိုင္း ၅ ဦး ရေနခ်ိန္မွာ ဒီမွာ ၃ ဦးပဲ ရပါတယ္။

တစ္ရက္မွာေတာ့ အေကာင္းၾကီးၾကီးနဲ႔ ထက္ထက္ျမက္ျမက္ လူတစ္ေယာက္ေယာက္က ဘာလို႔ ဒီလို ဆံုးျဖတ္ရပါတယ္ဆိုတာ က်ေနာ္ကို ရွင္းျပႏုိင္ပါေစ ” လို႔ ဂြာဒီယိုလာက ထုတ္ေျပာခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကလပ္ေတြဟာ ျပည့္တြင္းပြဲေတြမွာ လူစားလဲမႈ ၃ ၾကိမ္ပဲ လုပ္ခြင့္ရွိေပမယ့္ ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာေတာ့ ၅ ၾကိမ္ လုပ္ခြင့္ရမွာ ျဖစ္ပါတယ္။