လီဗာပူးအသင်းဟာ ထောင့်ကန်ဘောတွေကနေ သွင်းဂိုး ရှာနိုင်စွမ်းမှာ ပရီးမီးယားလိဂ် ကလပ်တွေထဲ အကောင်းဆုံးအသင်းအဖြစ် ဆက်ရှိနေပါသေးကြောင်း The Athletic က ဖော်ပြပါတယ်။

စနေနေ့က ပဲလေစ့်ကို ၃-၀ ဖြင့် အနိုင်ရမှုမှာ လီဗာပူးရဲ့ ဂိုးတွေ အားလုံးဟာ ထောင့်ကန်ဘောတွေက တစ်ဆင့် မြစ်ဖျားခံလာခဲ့တာဖြစ်ပါတယ်။ မနှစ်ကရာသီတည်းက စတင် ရေတွက်မယ်ဆိုရင် လီဗာပူးရခဲ့တဲ့ သွင်းဂိုးတွေထဲက ၁၆ ဂိုးဟာ ထောင့်ကန်ဘောတွေကနေ စတင်လာခြင်းပဲ ဖြစ်ပါတယ်။

မနှစ်ကရာသီမှာ ထောင့်ကန်ဘောကနေ သွင်းဂိုး ၁၁ ဂိုးထိ ရှာဖွေနိုင်ခဲ့တဲ့ လီဗာပူးဟာ ဒီရာသီမှာတော့ အဆိုပါ အနေအထားကနေ သွင်းဂိုး ၅ ဂိုးထိ ရထားပါပြီ။ စိတ်ဝင်စားစရာကတော့ လီဗာပူးအသင်းဟာ ထောင့်ကန်ဘော မတင်ပေးမှုတွေကို တိုက်ရိုက် ထိချက်ကနေ ဂိုးရယူနိုင်ခြင်းထက် second balls လို့ ခေါ်တဲ့ ပြန်လည် စင်ထွက်လာတဲ့ ဘောလုံးတွေကနေ သွင်းဂိုး ရယူနိုင်ခြင်း ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ ထောင့်ကန်ဘော မတင်ပေးမှုတွေကနေ တိုက်ရိုက် ဂိုးသွင်းနိုင်မှုတွေထဲ လူသိများတာကတော့ မနှစ်ကရာသီ ဝက်စ်ဘရွန်းပွဲမှာ အယ်လီဆန်ရဲ့ ခေါင်းတိုက်ချက်ဖြစ်တယ်။ ဒါပေမယ့်လို့ လီဗာပူးအသင်းဟာ ဗဟိုခံစစ်မှူးတွေနဲ့ အရပ်အမောင်း မြင့်မားတဲ့ အသင်းသားတွေထံက တိုက်ရိုက် ခေါင်းတိုက်မှုအစား နေရာယူမှန်ကန်ခြင်းကနေ ထပ်ဆင့် ပိတ်သွင်းခြင်းကိုပဲ ပိုမို ရယူလာနိုင်ပါတယ်။

မြင်သာတဲ့ အဆုံးသတ်မှုကတော့ ပဲလေစ့်ပွဲမှာ ကိတ်တာရဲ့ အဝေးကန်ချက်ပဲ ဖြစ်ပါလိမ့်မယ်။ တူညီတဲ့ ပုံစံမျိုးကို ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် အေစီမီလန်ကို ၃-၂ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဟန်ဒါဆန်က သွင်းယူထားပါသေးတယ်။

မနှစ်ကရာသီ ဗန်ဒိုက်နဲ့ မာတစ်တို့ ဒဏ်ရာကြောင့် အနားယူရမှုမှာ လီဗာပူးအသင်းရဲ့ ထောင့်ကန်ဘောတွေအတွက် အမြင့်ဘော လွှမ်းမိုးနိုင်မှုက ကျဆင်းသွားခဲ့တယ်။ တည်ကန်ဘောတွေကနေ အသာစီးရဖို့က အရေးပါတဲ့ ကိစ္စဖြစ်လို့ လက်ထောက်နည်းပြတွေဖြစ်တဲ့ ပီတာနဲ့ ပပ်တို့ဟာ အသင်းရဲ့ လေ့ကျင့်ရေးမှာ တည်ကန်ဘော နေရာ အသာစီးယူရေးတွေကို အမြဲ လေ့ကျင့်လေ့ ရှိပါတယ်။

တည်ကန်ဘောတွေနဲ့ dead ball တွေရဲ့ အရေးပါမှုကြောင့်ပဲ လီဗာပူးအသင်းဟာ လက်မြောက်ဘောဆိုင်ရာ နည်းပြဖြစ်သူ သောမက်စ်ကို အသင်းမှာ ဆက်လက် ခန့်ထားခဲ့တာဖြစ်တယ်။ ကလပ်ဟာ တည်ကန်ဘောတွေမှာ နေရာယူမှုတွေ ကောင်းမွန်ပေမယ့် တိုက်ရိုက် ထိတွေ့မှုကနေ သွင်းဂိုး ရယူမှုပိုင်းမှာလည်း ပြန်လည် တိုးတက်လာဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ေထာင့္ကန္ေဘာေတြကေန သြင္းဂိုး ရွာႏုိင္စြမ္းမွာ ပရီးမီးယားလိဂ္ ကလပ္ေတြထဲ အေကာင္းဆံုးအသင္းအျဖစ္ ဆက္ရွိေနပါေသးေၾကာင္း The Athletic က ေဖာ္ျပပါတယ္။

စေနေန႔က ပဲေလစ့္ကို ၃-၀ ျဖင့္ အႏုိင္ရမႈမွာ လီဗာပူးရဲ႕ ဂိုးေတြ အားလံုးဟာ ေထာင့္ကန္ေဘာေတြက တစ္ဆင့္ ျမစ္ဖ်ားခံလာခဲ့တာျဖစ္ပါတယ္။ မႏွစ္ကရာသီတည္းက စတင္ ေရတြက္မယ္ဆိုရင္ လီဗာပူးရခ့ဲတဲ့ သြင္းဂိုးေတြထဲက ၁၆ ဂိုးဟာ ေထာင့္ကန္ေဘာေတြကေန စတင္လာျခင္းပဲ ျဖစ္ပါတယ္။

မႏွစ္ကရာသီမွာ ေထာင့္ကန္ေဘာကေန သြင္းဂိုး ၁၁ ဂိုးထိ ရွာေဖြႏုိင္ခဲ့တဲ့ လီဗာပူးဟာ ဒီရာသီမွာေတာ့ အဆိုပါ အေနအထားကေန သြင္းဂိုး ၅ ဂိုးထိ ရထားပါျပီ။ စိတ္ဝင္စားစရာကေတာ့ လီဗာပူးအသင္းဟာ ေထာင့္ကန္ေဘာ မတင္ေပးမႈေတြကို တိုက္ရိုက္ ထိခ်က္ကေန ဂိုးရယူႏုိင္ျခင္းထက္ second balls လို႔ ေခၚတဲ့ ျပန္လည္ စင္ထြက္လာတဲ့ ေဘာလံုးေတြကေန သြင္းဂိုး ရယူႏုိင္ျခင္း ျဖစ္ပါတယ္။

လီဗာပူးအသင္းရဲ႕ ေထာင့္ကန္ေဘာ မတင္ေပးမႈေတြကေန တိုက္ရိုက္ ဂိုးသြင္းႏုိင္မႈေတြထဲ လူသိမ်ားတာကေတာ့ မႏွစ္ကရာသီ ဝက္စ္ဘရြန္းပြဲမွာ အယ္လီဆန္ရဲ႕ ေခါင္းတိုက္ခ်က္ျဖစ္တယ္။ ဒါေပမယ့္လို႔ လီဗာပူးအသင္းဟာ ဗဟိုခံစစ္မွဴးေတြနဲ႔ အရပ္အေမာင္း ျမင့္မားတဲ့ အသင္းသားေတြထံက တိုက္ရိုက္ ေခါင္းတိုက္မႈအစား ေနရာယူမွန္ကန္ျခင္းကေန ထပ္ဆင့္ ပိတ္သြင္းျခင္းကိုပဲ ပိုမို ရယူလာႏုိင္ပါတယ္။

ျမင္သာတဲ့ အဆံုးသတ္မႈကေတာ့ ပဲေလစ့္ပြဲမွာ ကိတ္တာရဲ႕ အေဝးကန္ခ်က္ပဲ ျဖစ္ပါလိမ့္မယ္။ တူညီတဲ့ ပံုစံမ်ိဳးကို ခ်န္ပီယံလိဂ္ျပိဳင္ပြဲအျဖစ္ ေအစီမီလန္ကို ၃-၂ ျဖင့္ အႏုိင္ရတဲ့ပြဲမွာ ဟန္ဒါဆန္က သြင္းယူထားပါေသးတယ္။

မႏွစ္ကရာသီ ဗန္ဒိုက္နဲ႔ မာတစ္တို႔ ဒဏ္ရာေၾကာင့္ အနားယူရမႈမွာ လီဗာပူးအသင္းရဲ႕ ေထာင့္ကန္ေဘာေတြအတြက္ အျမင့္ေဘာ လႊမ္းမိုးႏုိင္မႈက က်ဆင္းသြားခဲ့တယ္။ တည္ကန္ေဘာေတြကေန အသာစီးရဖို႔က အေရးပါတဲ့ ကိစၥျဖစ္လို႔ လက္ေထာက္နည္းျပေတြျဖစ္တဲ့ ပီတာနဲ႔ ပပ္တို႔ဟာ အသင္းရဲ႕ ေလ့က်င့္ေရးမွာ တည္ကန္ေဘာ ေနရာ အသာစီးယူေရးေတြကို အျမဲ ေလ့က်င့္ေလ့ ရွိပါတယ္။

တည္ကန္ေဘာေတြနဲ႔ dead ball ေတြရဲ႕ အေရးပါမႈေၾကာင့္ပဲ လီဗာပူးအသင္းဟာ လက္ေျမာက္ေဘာဆိုင္ရာ နည္းျပျဖစ္သူ ေသာမက္စ္ကို အသင္းမွာ ဆက္လက္ ခန္႔ထားခဲ့တာျဖစ္တယ္။ ကလပ္ဟာ တည္ကန္ေဘာေတြမွာ ေနရာယူမႈေတြ ေကာင္းမြန္ေပမယ့္ တိုက္ရိုက္ ထိေတြ႔မႈကေန သြင္းဂိုး ရယူမႈပိုင္းမွာလည္း ျပန္လည္ တိုးတက္လာဖို႔ လိုအပ္ေနဆဲျဖစ္ပါတယ္။