ဒီအပတ် စနေနေ့မှာတော့ လီဗာပူးအသင်းက ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် ဘရန်ဖိုဒ့်အသင်း အိမ်ကွင်းထံ သွားရောက်ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်အတွက် မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းအား ဖော်ပြလိုက်ပါတယ်။

ဘရန့်ဖိုဒ့် V လီဗာပူး
ပရီးမီးယားလိဂ် ပွဲစဉ် (၆)
စက်တင်ဘာလ ၂၅ ရက်၊ စနေနေ့။
မြန်မာစံတော်ချိန် ည ၁၁ နာရီ။

အိုဝင်၏ ပွဲကြို သုံးသပ်ချက်။ ။ လီဗာပူးက ဒီရာသီ သိပ် လူပြောမများတဲ့ အသင်း ဖြစ်နေတယ်လို့ ကျနော် ထင်တယ်။ သူတို့က အရင် နှစ်ရာသီလောက်က ပုံစံမျိုး မရောက်နေသည့်တိုင် လီဗာပူးက နိုင်ပွဲတွေ ဆက်တိုက် ရယူနေသလို တိုးတက်မှုတွေလည်း ဆက်ရှိနေပါတယ်။

မိုဆာလက်ကလည်း ထက်မြက်နေဆဲ ဖြစ်ပြီး သူ့ ရွေ့လျားမှုတွေက ပြိုင်ဘက်က ခံစစ်သမားတွေ ကိုင်တွယ်ဖို့ သိပ်ကို ခက်ခဲနေရဆဲပါ။ ပြီးခဲ့တဲ့ အပတ်က သူ့ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ မြောက်ကိုလည်း သွင်းခဲ့ပြီး ဖြစ်သလို ဒီတစ်ပတ်ပွဲမှာ သူ ဂိုးတွေ ဆက်သွင်းရင်လည်း ကျနော် အံ့သြမိမှာ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ အပတ်က ဝုဗ်ကို နိုင်လိုက်တာက ဘရန့်ဖို့ဒ် အတွက် တကယ့်ကို အောင်နိုင်မှုကြီး ဖြစ်ခဲ့ပါတယ်။ တော်တော် များများက ဒီပွဲမှာ ဘရန့်ဖို့ဒ် နိုင်မယ်လို့ ထင်ခဲ့ကြတာ မဟုတ်ပါဘူး။ အထူးသဖြင့် သူတို့ အဓိက အသင်းသား တိုနေး ဂိုးသွင်းနိုင်လိုက်တာက သိပ်ကို အင်အားကြီး တစ်ရပ် ဖြစ်စေခဲ့မှာပါ။

ဘရန့်ဖို့ဒ်က အနိုင်ယူရ ခက်မှာ ဖြစ်ပေမယ့် လီဗာပူးက သူတို့အတွက်ကတော့ သိပ် အင်အားတောင့်လွန်းတဲ့ ပြိုင်ဘက်ပါ။ လီဗာပူးက အခုထိ တစ်ဂိုးသာ ပေးထားရပြီး ဒီပွဲမှာလည်း ပေးဂိုး လုံး၀ မရှိဖို့ ကျနော် မျှော်လင့်ထားတယ်။

ပွဲစဉ်အတွက် အိုဝင်၏ ခန့်မှန်းရလဒ်။ ။ ဘရန့်ဖိုဒ် ဝ-၂ လီဗာပူး

ZAWGYI

ဒီအပတ္ စေနေန႔မွာေတာ့ လီဗာပူးအသင္းက ပရီးမီးယားလိဂ္ ပြဲစဥ္ ၆ အျဖစ္ ဘရန္ဖိုဒ့္အသင္း အိမ္ကြင္းထံ သြားေရာက္ယွဥ္ျပိဳင္ ကစားရမွာျဖစ္ပါတယ္။

အဆိုပါ ပြဲစဥ္အတြက္ မိုက္ကယ္အိုဝင္ရဲ႕ သံုးသပ္ခ်က္နဲ႔ ရလဒ္ခန္႔မွန္းအား ေဖာ္ျပလိုက္ပါတယ္။

ဘရန္႔ဖိုဒ့္ V လီဗာပူး
ပရီးမီးယားလိဂ္ ပြဲစဥ္ (၆)
စက္တင္ဘာလ ၂၅ ရက္၊ စေနေန႔။
ျမန္မာစံေတာ္ခ်ိန္ ည ၁၁ နာရီ။

အိုဝင္၏ ပြဲၾကိဳ သံုးသပ္ခ်က္။ ။ လီဗာပူးက ဒီရာသီ သိပ္ လူေျပာမမ်ားတဲ့ အသင္း ျဖစ္ေနတယ္လို႔ က်ေနာ္ ထင္တယ္။ သူတို႔က အရင္ နွစ္ရာသီေလာက္က ပံုစံမ်ိဳး မေရာက္ေနသည့္တိုင္ လီဗာပူးက နိုင္ပြဲေတြ ဆက္တိုက္ ရယူေနသလို တိုးတက္မႈေတြလည္း ဆက္ရွိေနပါတယ္။

မိုဆာလက္ကလည္း ထက္ျမက္ေနဆဲ ျဖစ္ျပီး သူ႔ ေရြ႕လ်ားမႈေတြက ျပိဳင္ဘက္က ခံစစ္သမားေတြ ကိုင္တြယ္ဖို႔ သိပ္ကို ခက္ခဲေနရဆဲပါ။ ျပီးခဲ့တဲ့ အပတ္က သူ႔ရဲ႕ ပရီးမီးယားလိဂ္ သြင္းဂိုး ၁၀၀ ေျမာက္ကိုလည္း သြင္းခဲ့ျပီး ျဖစ္သလို ဒီတစ္ပတ္ပြဲမွာ သူ ဂိုးေတြ ဆက္သြင္းရင္လည္း က်ေနာ္ အံ့ၾသမိမွာ မဟုတ္ပါဘူး။

ျပီးခဲ့တဲ့ အပတ္က ၀ုဗ္ကို နုိင္လိုက္တာက ဘရန္႔ဖို႔ဒ္ အတြက္ တကယ့္ကို ေအာင္နိုင္မႈၾကီး ျဖစ္ခဲ့ပါတယ္။ ေတာ္ေတာ္ မ်ားမ်ားက ဒီပြဲမွာ ဘရန္႔ဖို႔ဒ္ နိုင္မယ္လို႔ ထင္ခဲ့ၾကတာ မဟုတ္ပါဘူး။ အထူးသျဖင့္ သူတို႔ အဓိက အသင္းသား တိုေနး ဂိုးသြင္းနုိင္လိုက္တာက သိပ္ကို အင္အားၾကီး တစ္ရပ္ ျဖစ္ေစခဲ့မွာပါ။

ဘရန္႔ဖို႔ဒ္က အနိုင္ယူရ ခက္မွာ ျဖစ္ေပမယ့္ လီဗာပူးက သူတို႔အတြက္ကေတာ့ သိပ္ အင္အားေတာင့္လြန္းတဲ့ ျပိဳင္ဘက္ပါ။ လီဗာပူးက အခုထိ တစ္ဂိုးသာ ေပးထားရျပီး ဒီပြဲမွာလည္း ေပးဂိုး လံုး၀ မရွိဖို႔ က်ေနာ္ ေမွ်ာ္လင့္ထားတယ္။

ပြဲစဥ္အတြက္ အိုဝင္၏ ခန္႔မွန္းရလဒ္။ ။ ဘရန္႔ဖိုဒ္ ၀-၂ လီဗာပူး