ဒေးဗစ်ဘက်ခမ်းဆိုတာ မန်ချက်စတာယူနိုက်တက် ပရိတ်သတ်တိုင်းရဲ့ အချစ်တော် ဂန္တ၀င်တစ်ဦးပါ။ သူဟာ မန်ယူအတွက် လိဂ်ပွဲပေါင်း (၂၆၅) ပွဲ ကစားပေးခဲ့ပြီး မန်ယူမှာ တကယ့်ကို ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် (၂၀၀၃) ခုနှစ်မှာတော့ မထင်မှတ်ပဲ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွေ့သွားခဲ့ပါတယ်။ ယခုပတ် တနင်္ဂနွေနေ့ အိုထရက်ဖိုဒ့်မှာ ပြုလုပ်ခဲ့တဲ့ အမှတ်တရပွဲစဉ်မှာတော့ သူ့ကို သူ့ရဲ့ မန်ယူ ဂန္တ၀င်နံပါတ် (၇) နဲ့ ပြန်လည်မြင်တွေ့ကြရပါပြီ။

တကယ့်ကို နှစ်ပေါင်း (၂၀) ကြာမြင့်ပြီးခဲ့ချိန်မှာ မန်ယူဂန္တ၀င်နည်းပြကြီး ဖာဂူဆန်ရဲ့ ကိုင်တွယ်မှုနဲ့ မန်ယူ ဂန္တ၀င်ဟောင်းတွေကို တစ်စုတစ်စည်းထဲ ပြန်လည်မြင်တွေ့ရတာ ကြည်နူးစရာပါ။ ဘောလုံးလောကကနေ အနားယူသွားခဲ့ပြီ ဖြစ်ပေမယ့် ဘက်ခမ်းဟာ သူ့ရဲ့ အရည်အချင်းကောင်းတွေကို အိုးထရက်ဖိုဒ့်မှာ ပြသသွားနိုင်ခဲ့ပါတယ်။ အသင်းရဲ့ တောင်ပံနှစ်ဖက်လုံးမှာ သူ့ရဲ့ပုံစံဟောင်းအတိုင်း ကစားပြသွားခဲ့ပြီး ပရိတ်သတ်တွေရဲ့ အချစ်ကို ထပ်မံသိမ်းယူသွားခဲ့တာ ဖြစ်ပါတယ်။

မန်ယူနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ အမှတ်တရ ပွဲစဉ်မှာ မန်ယူက (၅-၀) ရလာဒ်နဲ့ အနိုင်ယူခဲ့တာပါ။ ဘက်ခမ်းဟာ အဆိုပါပွဲစဉ်မှာ အသင်းအတွက် နောက်ဆုံးအနိုင်ဂိုးကို ပရိတ်သတ် (၆) သောင်းကျော် ရှေ့မှောက်မှာ သွင်းယူသွားနိုင်ခဲ့ပါတယ်။ သူ ဂိုးသွင်းယူပြီးချိန်မှာ အသင်းကို ကိုင်တွယ်တဲ့ ဂန္တ၀င်နည်းပြကြီး ဖာဂူဆန်က ရီရီမောမောနဲ့ လက်ခုပ်တီးပြီး အားပေးခဲ့ပါသေးတယ်။

သရဲနီပရိတ်သတ်တွေကတော့ “ ငါတို့ သူ့ကို ခေါ်လို့ရမလား “ ဆိုပြီး Twitter မှာ ဖေါ်ပြခဲ့ကြပါသေးတယ်။

“ မှားနေတာ တစ်ခုက ဘက်ခမ်းနဲ့ နဗီလ်းတို့ကတောင် အသင်းရဲ့ ညာတောင်ပံမှာ လက်ရှိ ကစားသမား အားလုံးထပ် ပိုကောင်းနေတာပါပဲ။ “

“ ဘက်ခမ်းဟာ အခုယူနိုက်တက် ကစားသမား အားလုံးထပ် ပိုကောင်းတဲ့ ဖြတ်တင်ဘောတွေ လုပ်ပေးနေနိုင်သေးတယ်။ “

“ ဘက်ခမ်းဟာ ခုချိန် ယူနိုက်တက်မှာ ပြန်ကစားဆိုလည်း ကစားနိုင်သေးတယ်။ ဒါ ငါဟာသလုပ်နေတာ မဟုတ်ဘူး။”

အဆိုပါ စာသားတွေကို ယူနိုက်တက် ပရိတ်သတ်တွေဟာ သူတို့ရဲ့ လူမှုကွန်ယက်မှာ ဖေါ်ပြခဲ့ကြတာပါ။

ဒေးဗစ်ဘက်ခမ်းရဲ့ တိကျနေဆဲ ဖြတ်တင်ဘောတွေ၊ ကွင်းလယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိနေဆဲ ပေါလ်စခိုးရဲ့ ခြေစွမ်းတွေ၊ နောက်တန်းက အကြောက်တရား ကင်းနေဆဲ စတမ်းရဲ့ ဖြတ်ထုတ်မှုတွေဟာ တကယ့်ကို လွမ်းမောဖွယ်ရာတွေပါပဲ။ အမှတ်တရ အနေနဲ့ အသင်းရဲ့ လက်ရှိနည်းပြ ဆိုးရှားကလည်း သူ့ရဲ့ ပုံစံအတိုင်း လူစားဝင်လာခဲ့ပြီးနောက် တည်တည်ငြိမ်ငြိမ်နဲ့ အသင်းအတွက် ဂိုးသွင်းယူပေးခဲ့တာပါ။

နှစ်ပေါင်း (၂၀) ဖြတ်သန်းခဲ့ပြီးနောက် တကယ့်ကို ကြီးကျယ်ခမ်းနားမှုတွေ အပြည့်နဲ့ ဖလား (၃) လုံး အောင်မြင်မှု ရရှိခဲ့တဲ့ (၁၉၉၉) ခုနှစ် အမှတ်တရ ပွဲစဉ်ဟာ ကြည်နူးဖွယ်ရာပါပဲ။ လက်ရှိ မန်ယူအသင်းရဲ့ ပွဲစဉ်တွေ အားလုံးထပ် အသင်းပရိတ်သတ်တွေ ပိုမို အားရခဲ့ကြရပါတယ်။

နောက်လာမယ့် ရာသီမှာလည်း မန်ယူအနေနဲ့ ဆိုးရှားနဲ့အတူ ဒီလို ခမ်းနားတဲ့ ပွဲစဉ်တွေ ဖန်တီးသွားဖို့ ဆိုတာကတော့ ပရိတ်သတ်အားလုံးရဲ့ ဆန္ဒလို့ ဆိုနိုင်မှာပဲ ဖြစ်ပါတယ်။