ပေါ်တို ၁-၅ လီဗာပူးပွဲမှာ လီဗာပူးကွင်းလယ်လူ ကာတစ်ဂျုံးဟာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့သလို ဂိုးထောက်ပံ့မှု ၄ ကြိမ်ထိ လုပ်ပေးခဲ့ပါတယ်။

ဆာလာအတွက် သွင်းဂိုး နှစ်ကြိမ်နဲ့ ဖာမင်နိုအတွက် တစ်ကြိမ်တို့မှာ ဂျုံးရဲ့ ဖန်တီးပေးမှုတွေက သိပ်ကို ကောင်းခဲ့ပေမယ့် ၂ ကြိမ်အတွက်ပဲ နာမည်စာရင်း သွင်းခြင်းခံခဲ့ရတယ်။ ဒါပေမယ့်လို့ အသက် ၂၀ အရွယ် ကွင်းလယ်လူဟာ လီဗာပူးပရိသတ်တွေရဲ့ အထင်ကြီးခြင်းကိုတော့ စတင် ရရှိခဲ့ပြီ ဖြစ်ပါတယ်။

ပွဲအပြီးမှာ အသင်းခေါင်းဆောင် ဟန်ဒါဆန်က ” ကာတစ်က သိပ်ကို ထူးချွန်ပါတယ်။ စာရွက်ပေါ်မှာတော့ သူက လူငယ်ကစားသမားပေါ့ဗျာ။ ဒါပေမယ့် စီနီယာအသင်းမှာ နှစ်တွေအများကြီး ရှိနေသူတစ်ယောက်လို ခံစားရပါတယ်။

သူက အထိုင်ကျလာပြီး ရင့်ကျက်လာနေပါပြီ။ သူက စိတ်ရှည်ဖို့ လိုခဲ့ပေမယ့် ကစားခွင့်ရချိန်မှာ အကောင်းဆုံး လုပ်ပြနိုင်ခဲ့တယ်။ ထိပ်တန်းကစားဖြစ်လာဖိ့ အရည်အချင်းတွေ အားလုံးကို ပိုင်ဆိုင်ထားပါတယ် ” လို့ ချီးကျူးခဲ့တယ်။

ကာတစ်ဂျုံးဟာ ဘောလုံးပြန်ဆယ်ယူမှု တိုက်စစ်အတွက် ဘောလုံးထုတ်နိုင်မှုအပြင် ပြေးလွှား ကစားနိုင်စွမ်းမှာပါ ကောင်းမွန်ခဲ့တာပါ။ ဒီခြေစွမ်းကို ဆက်ထိန်းနိုင်မယ်ဆိုရင် လာမယ့် ပွဲတွေမှာလည်း နေရာရလာဖို့ ရှိနေဦးမှာဖြစ်တယ်။ လီဗာပူးကစားသမားဟောင်းတွေဖြစ်တဲ့ ပီတာခရော့နဲ့ အိုဝင်တို့ကလည်း ကစားသမားလေးရဲ့ အရည်အချင်းကို ချီးကျူးခဲ့ပါသေးတယ်။

ပီတာခရော့က ” ဒီညပွဲမှာ ကာတစ်ဂျုံးက သိပ်ကို အထင်ကြီးဖို့ ကောင်းပါတယ်။ ခြေစွမ်း သိပ်ကို ထူးချွန်သလို မှန်ကန်တဲ့ အချိန်တွေမှာ ပြေးလွှား ကစားပေးနိုင်စွမ်း ရှိခဲ့တယ် ” လို့ ချီးကျူးခဲ့တာဖြစ်တယ်။

တွဲဘက် သုံးသပ်သူဖြစ်တဲ့ မိုက်ကယ်အိုဝင်ကလည်း ” အယ်လီးယော့ ဒဏ်ရာမရခင် သူက လီဗာပူးစတားပေါ့။ အဲ့တုန်းက ဂျုံးက အရန်ခုံမှာပဲ ရှိနေခဲ့ရတယ်။ စီနီယာအသင်းမှာ ကစားခွင့်ရဖို့ အများကြီး လုပ်ပြဖို့ လိုခဲ့တယ်။ ဒီညလို အခွင့်အရေး ရလာချိန်မှာတော့ သူ့ရဲ့ အခွင့်အရေးကို အရယူခဲ့ပါတယ် ” လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI

ေပၚတို ၁-၅ လီဗာပူးပြဲမွာ လီဗာပူးကြင္းလယ္လူ ကာတစ္ဂ်ံဳးဟာ ပြဲစဥ္ရဲ႕ အေကာင္းဆံုး ကစားသမားျဖစ္ခဲ့သလို ဂိုးေထာက္ပံ့မႈ ၄ ၾကိမ္ထိ လုပ္ေပးခဲ့ပါတယ္။

ဆာလာအတြက္ သြင္းဂိုး ႏွစ္ၾကိမ္နဲ႔ ဖာမင္ႏိုအတြက္ တစ္ၾကိမ္တို႔မွာ ဂ်ံဳးရဲ႕ ဖန္တီးေပးမႈေတြက သိပ္ကို ေကာင္းခဲ့ေပမယ့္ ၂ ၾကိမ္အတြက္ပဲ နာမည္စာရင္း သြင္းျခင္းခံခဲ့ရတယ္။ ဒါေပမယ့္လို႔ အသက္ ၂၀ အရြယ္ ကြင္းလယ္လူဟာ လီဗာပူးပရိသတ္ေတြရဲ႕ အထင္ၾကီးျခင္းကိုေတာ့ စတင္ ရရွိခဲ့ျပီ ျဖစ္ပါတယ္။

ပြဲအျပီးမွာ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ” ကာတစ္က သိပ္ကို ထူးခၽြန္ပါတယ္။ စာရြက္ေပၚမွာေတာ့ သူက လူငယ္ကစားသမားေပါ့ဗ်ာ။ ဒါေပမယ့္ စီနီယာအသင္းမွာ ႏွစ္ေတြအမ်ားၾကီး ရွိေနသူတစ္ေယာက္လို ခံစားရပါတယ္။

သူက အထိုင္က်လာျပီး ရင့္က်က္လာေနပါျပီ။ သူက စိတ္ရွည္ဖို႔ လိုခဲ့ေပမယ့္ ကစားခြင့္ရခ်ိန္မွာ အေကာင္းဆံုး လုပ္ျပႏုိင္ခဲ့တယ္။ ထိပ္တန္းကစားျဖစ္လာဖိ႔ အရည္အခ်င္းေတြ အားလံုးကို ပိုင္ဆိုင္ထားပါတယ္ ” လို႔ ခ်ီးက်ဴးခဲ့တယ္။

ကာတစ္ဂ်ံဳးဟာ ေဘာလံုးျပန္ဆယ္ယူမႈ တိုက္စစ္အတြက္ ေဘာလံုးထုတ္ႏုိင္မႈအျပင္ ေျပးလႊား ကစားႏုိင္စြမ္းမွာပါ ေကာင္းမြန္ခဲ့တာပါ။ ဒီေျခစြမ္းကို ဆက္ထိန္းႏုိင္မယ္ဆိုရင္ လာမယ့္ ပြဲေတြမွာလည္း ေနရာရလာဖို႔ ရွိေနဦးမွာျဖစ္တယ္။ လီဗာပူးကစားသမားေဟာင္းေတြျဖစ္တဲ့ ပီတာခေရာ့နဲ႔ အိုဝင္တို႔ကလည္း ကစားသမားေလးရဲ႕ အရည္အခ်င္းကို ခ်ီးက်ဴးခဲ့ပါေသးတယ္။

ပီတာခေရာ့က ” ဒီညပြဲမွာ ကာတစ္ဂ်ံဳးက သိပ္ကို အထင္ၾကီးဖို႔ ေကာင္းပါတယ္။ ေျခစြမ္း သိပ္ကို ထူးခၽြန္သလို မွန္ကန္တဲ့ အခ်ိန္ေတြမွာ ေျပးလႊား ကစားေပးႏုိင္စြမ္း ရွိခဲ့တယ္ ” လို႔ ခ်ီးက်ဴးခဲ့တာျဖစ္တယ္။

တြဲဘက္ သံုးသပ္သူျဖစ္တဲ့ မုိက္ကယ္အိုဝင္ကလည္း ” အယ္လီးေယာ့ ဒဏ္ရာမရခင္ သူက လီဗာပူးစတားေပါ့။ အဲ့တုန္းက ဂ်ံဳးက အရန္ခံုမွာပဲ ရွိေနခဲ့ရတယ္။ စီနီယာအသင္းမွာ ကစားခြင့္ရဖို႔ အမ်ားၾကီး လုပ္ျပဖို႔ လိုခဲ့တယ္။ ဒီညလို အခြင့္အေရး ရလာခ်ိန္မွာေတာ့ သူ႔ရဲ႕ အခြင့္အေရးကို အရယူခဲ့ပါတယ္ ” လို႔ ခ်ီးက်ဴးသြားခဲ့တာပဲ ျဖစ္ပါတယ္။