ပေါ်တူဂီကို လီဗာပူး လာကစားတဲ့အခါတိုင်း ပေါ်တို ဘယ်လောက်တောင် မုန်းနေလိုက်မလဲ။ ၂၀၁၇-၁၈ ရာသီမှာ ၅-၀ နဲ့ အနိုင်ရပြီး ၂၀၁၈-၁၉ မှာလဲ ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ လီဗာပူးဟာ နှစ်ရာသီလုံးမှာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ရောက်ရှိခဲ့တာပါ။ အခု ဒီရာသီ တွေ့ဆုံမှုလဲ သူတို့ဟာ အစကနေ အဆုံးထိ ပွဲကိုလွှမ်းမိုးထားခဲ့ပြီး စိတ်ရှုပ်ထွေးနေတဲ့ ပြိုင်ဘက်တွေကို ၅-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပြန်ပါတယ်။

ဆာလာရဲ့ ၂ ဂိုး၊ မာနေးရဲ့ ၁ ဂိုးနဲ့အတူ လီဗာပူးဟာ ပွဲချိန်တစ်နာရီအတွင်း အပြည့်အဝ ထိန်းချုပ်ထားခဲ့ပြီးတော့ ပေါ်တိုက ချေပဂိုး တစ်ဂိုးနဲ့ ပြန်လာဖို့ ကြိုးစားခဲ့ပြီးနောက်မှာ လူစားဝင် ကစားသမား ဖာမီနိုက နောက်ထပ် အနိုင်ဂိုး ၂ ဂိုး ထပ်မံသွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ လီဗာပူးနဲ့ ယာဂန်ကလော့ပ်အတွက် ရင်သပ်ရှုမောဖွယ် ညတစ်ည ဖြစ်ခဲ့ပြီး ကလော့ပ်အနေနဲ့လဲ ဒီနိုင်ပွဲအတွက် သိပ်ကို ပျော်ရွှင်နေမှာပါ။ ဒီနိုင်ပွဲကနေ လီဗာပူးအတွက် အရေးပါတဲ့ အချက် ၄ ချက် ရှိနေပါတယ်။

ဥရောပစင်မြင့်နဲ့ အညီ ကာတစ်ဂျုံးစ်ရဲ့ ဝင့်ကြွားမှု

ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဂိုးသွင်းယူခဲ့ပြီး အထင်ကြီးစရာ ကောင်းခဲ့တဲ့နောက် ကာတစ်ဂျုံးစ်အပေါ် ယုံကြည်မှုတွေ ရှိလာခဲ့ပါတယ်။ ဒီပွဲမှာလည်း ဂျုံးစ်ဟာ လီဗာပူးရဲ့ အရှိန်အဟုန်မြင့် ကစားပုံအတွက် အဓိကကျတဲ့ အခိုက်အတန့်တွေမှာ ပါဝင်ခဲ့ပြီး အိမ်ရှင်အသင်းဆီက ခိုင်မာတဲ့ခုခံမှုကို ကျော်ဖြတ်နိုင်စေခဲ့ပါတယ်။

ဘယ်ခြမ်းတောက်လျှောက် အသင်းကို မောင်းနှင်ပေးးခဲ့တဲ့ ဂျုံးစ်ဟာ သူ့ရဲ့ အရည်အသွေးတွေ အားလုံးနဲ့ ပရိသတ် အကြိုက် လီဗာပူးသား တစ်ယောက်ရဲ့ ဝင့်ကြွားမှုမျိုးကို ပြသခဲ့တာပါ။

ဒုတိယဂိုး ကြိုးပမ်းမှု

ဘရန့်ဖို့ဒ်နဲ့ပွဲမှာ လီဗာပူးဟာ ၂-၁၊ ၃-၂ နဲ့ ဦးဆောင်ထားခဲ့ချိန်တွေမှာ ၃-၁၊ ၄-၂ အဖြစ် အနိုင် သေချာအောင် မလုပ်နိုင်ခဲ့တဲ့အပေါ် ဂျော်ဒန်ဟန်ဒါဆန်က စိတ်ပျက်နေခဲ့တာကြောင့် ဒီတစ်ကြိမ်မှာ အသင်းသားတွေက ကပ္ပတိန်စကားကို နားထောင်ခဲ့ကြပါတယ်။

ပထမပိုင်းပြီးဖို့ နီးစပ်လာတဲ့အချိန်မှာ လီဗာပူးက သူတို့ရဲ့ လွှမ်းမိုးမှုတွေကို ဒုတိယဂိုးအဖြစ် ပြောင်းလဲ မရယူနိုင်ခဲ့တာကြောင့် စိတ်ပျက်ရမလို ဖြစ်ခဲ့ပေမယ့် အဲ့နောက်မှာ ဂျိမ်းစ်မီနာရဲ့ ဖြတ်တင်ပေးပို့မှုကို မာနေးက အလိုက်သင့် ပိတ်သွင်းယူခဲ့ပြီး ၂-၀ နဲ့ ဦဆောင်စေခဲ့ပါတယ်။

ဒါက သေချာပေါက် လီဗာပူးနဲ့ ထိုက်တန်ခဲ့တဲ့အရာပါပဲ။ အဲ့ဒီ့ဂိုးဟာ လီဗာပူးနဲ့ ချက်ချင်းဆိုသလို ပြန်လာဖို့ မျှော်လင့်ချက် မရှိတော့သလို ဖြစ်သွားတဲ့ အိမ်ရှင်အသင်းရဲ့ကြားမှာ လုံးဝ ကွဲပြားသွားစေခဲ့တာပါ။ လီဗာပူးတို့ လွှမ်းမိုးထားချိန်မှာ ဒုတိယဂိုး ရလိုက်တာက ကလော့ပ်ရဲ့ ကစားပုံကို ပိုပြီး လွယ်ကူသွားစေတဲ့ အရာပါပဲ။ အဲ့ဒီ့ ဒုတိယဂိုးရဲ့ ဂိုးသွင်းရှင်ကိုလဲ ကလော့ပ် ကျေနပ်နေခဲ့မှာပါ။

ကောင်းကောင်း ကစားနိုင်နေဆဲ မာနေး

မာနေးဟာ မနှစ်က ရာသီကုန်နဲ့ ဒီရာသီအစတွေမှာ ပွဲချိန်နှောင်းပိုင်းဆို အရှိန်ကျသွားတတ်တဲ့ ကစားသမားအဖြစ် လက်ခံထားကြတာပါ။

ဒါပေမယ့် သူဟာ အခွင့်အရေးတွေ အများကြီး လွဲချော်ခဲ့ပေမယ့်လဲ ဂိုးတွေ ရရှိနေဆဲဖြစ်ပါတယ်။ လွဲနေတာတောင် အခွင့်အရေးတွေ ဆက်လက်ရယူခဲ့ပြီး သူ့ရဲ့ အခက်အခဲကြားက မဆုတ်မနစ် ကြိုးစားမှုအတွက် ဆုလာဘ်ရရှိခဲ့တယ်လို့ ဆိုရမှာပါ။

ပြတ်သားတိကျတဲ့ ပုံစံနဲ့ ဖာမီနို

သူက အမြဲတမ်း သွက်သွက်လက်လက် ရှိနေတာဆိုပေမယ့် ဘာကို ပြောချင်လဲ သိမှာပါ။ ဘရာဇီးသား ဟာ အရန်ခုံကနေ ထလာပြီးနောက်မှာ အံ့အားသင့်စရာ ကောင်းခဲ့ပြီး ရယ်စရာ ကောင်းတဲ့ အဖွင့်ဂိုးနဲ့ ဧရိယာအတွင်း နောက်ခံလူကိုထိပြီး ပြန်ကန်ထွက်လာတဲ့ ဘောလုံးကို အပိုင်ပိတ်သွင်းယူကာ သူ့ရဲ့ ဒုတိယဂိုးကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဖာမီနိုဟာ တံကောက်ကြောဒဏ်ရာကနေ ပြန်လာဖို့ အချိန်ယူခဲ့ရပေမယ့် ဒီသွင်းဂိုး ၂ ဂိုးဟာ တနင်္ဂနွေနေ့ မန်စီးတီးနဲ့ပွဲကိုလဲ သူ ပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ ကလော့ပ်ကို အသိပေးခဲ့တာလည်း ဖြစ်ပါတယ်။

Zawgyi

ေပၚတူဂီကို လီဗာပူး လာကစားတဲ့အခါတိုင္း ေပၚတို ဘယ္ေလာက္ေတာင္ မုန္းေနလိုက္မလဲ။ ၂၀၁၇-၁၈ ရာသီမွာ ၅-၀ နဲ႔ အႏိုင္ရၿပီး ၂၀၁၈-၁၉ မွာလဲ ၄-၁ နဲ႔ အႏိုင္ရခဲ့တဲ့ လီဗာပူးဟာ ႏွစ္ရာသီလုံးမွာ ခ်န္ပီယံလိဂ္ဖိုင္နယ္ကို ေရာက္ရွိခဲ့တာပါ။ အခု ဒီရာသီ ေတြ႕ဆုံမႈလဲ သူတို႔ဟာ အစကေန အဆုံးထိ ပြဲကိုလႊမ္းမိုးထားခဲ့ၿပီး စိတ္ရႈပ္ေထြးေနတဲ့ ၿပိဳင္ဘက္ေတြကို ၅-၁ ဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ယူခဲ့ျပန္ပါတယ္။

ဆာလာရဲ႕ ၂ ဂိုး၊ မာေနးရဲ႕ ၁ ဂိုးနဲ႔အတူ လီဗာပူးဟာ ပြဲခ်ိန္တစ္နာရီအတြင္း အျပည့္အဝ ထိန္းခ်ဳပ္ထားခဲ့ၿပီးေတာ့ ေပၚတိုက ေခ်ပဂိုး တစ္ဂိုးနဲ႔ ျပန္လာဖို႔ ႀကိဳးစားခဲ့ၿပီးေနာက္မွာ လူစားဝင္ ကစားသမား ဖာမီႏိုက ေနာက္ထပ္ အႏိုင္ဂိုး ၂ ဂိုး ထပ္မံသြင္းယူခဲ့တာ ျဖစ္ပါတယ္။

ဒါဟာ လီဗာပူးနဲ႔ ယာဂန္ကေလာ့ပ္အတြက္ ရင္သပ္ရႈေမာဖြယ္ ညတစ္ည ျဖစ္ခဲ့ၿပီး ကေလာ့ပ္အေနနဲ႔လဲ ဒီႏိုင္ပြဲအတြက္ သိပ္ကို ေပ်ာ္႐ႊင္ေနမွာပါ။ ဒီနိုင္ပြဲကေန လီဗာပူးအတြက္ အေရးပါတဲ့ အခ်က္ ၄ ခ်က္ ရွိေနပါတယ္။

ဥေရာပစင္ျမင့္နဲ႔ အညီ ကာတစ္ဂ်ဳံးစ္ရဲ႕ ဝင့္ႂကြားမႈ

ဘရန္႔ဖို႕ဒ္နဲ႔ပြဲမွာ ဂိုးသြင္းယူခဲ့ၿပီး အထင္ႀကီးစရာ ေကာင္းခဲ့တဲ့ေနာက္ ကာတစ္ဂ်ဳံးစ္အေပၚ ယုံၾကည္မႈေတြ ရွိလာခဲ့ပါတယ္။ ဒီပြဲမွာလည္း ဂ်ံဳးစ္ဟာ လီဗာပူးရဲ႕ အရွိန္အဟုန္ျမင့္ ကစားပုံအတြက္ အဓိကက်တဲ့ အခိုက္အတန႔္ေတြမွာ ပါဝင္ခဲ့ၿပီး အိမ္ရွင္အသင္းဆီက ခိုင္မာတဲ့ခုခံမႈကို ေက်ာ္ျဖတ္ႏိုင္ေစခဲ့ပါတယ္။

ဘယ္ျခမ္းေတာက္ေလွ်ာက္ အသင္းကို ေမာင္းႏွင္ေပးးခဲ့တဲ့ ဂ်ဳံးစ္ဟာ သူ႔ရဲ႕ အရည္အေသြးေတြ အားလုံးနဲ႔ ပရိသတ္ အႀကိဳက္ လီဗာပူးသား တစ္ေယာက္ရဲ႕ ဝင့္ႂကြားမႈမ်ိဳးကို ျပသခဲ့တာပါ။

ဒုတိယဂိုး ႀကိဳးပမ္းမႈ

ဘရန္႔ဖို႔ဒ္နဲ႔ပြဲမွာ လီဗာပူးဟာ ၂-၁၊ ၃-၂ နဲ႔ ဦးေဆာင္ထားခဲ့ခ်ိန္ေတြမွာ ၃-၁၊ ၄-၂ အျဖစ္ အႏိုင္ ေသခ်ာေအာင္ မလုပ္ႏိုင္ခဲ့တဲ့အေပၚ ေဂ်ာ္ဒန္ဟန္ဒါဆန္က စိတ္ပ်က္ေနခဲ့တာေၾကာင့္ ဒီတစ္ႀကိမ္မွာ အသင္းသားေတြက ကပၸတိန္စကားကို နားေထာင္ခဲ့ၾကပါတယ္။

ပထမပိုင္းၿပီးဖို႔ နီးစပ္လာတဲ့အခ်ိန္မွာ လီဗာပူးက သူတို႔ရဲ႕ လႊမ္းမိုးမႈေတြကို ဒုတိယဂိုးအျဖစ္ ေျပာင္းလဲ မရယူႏိုင္ခဲ့တာေၾကာင့္ စိတ္ပ်က္ရမလို ျဖစ္ခဲ့ေပမယ့္ အဲ့ေနာက္မွာ ဂ်ိမ္းစ္မီနာရဲ႕ ျဖတ္တင္ေပးပို႔မႈကို မာေနးက အလိုက္သင့္ ပိတ္သြင္းယူခဲ့ၿပီး ၂-၀ နဲ႔ ဦေဆာင္ေစခဲ့ပါတယ္။

ဒါက ေသခ်ာေပါက္ လီဗာပူးနဲ႔ ထိုက္တန္ခဲ့တဲ့အရာပါပဲ။ အဲ့ဒီ့ဂိုးဟာ လီဗာပူးနဲ႔ ခ်က္ခ်င္းဆိုသလို ျပန္လာဖို႔ ေမွ်ာ္လင့္ခ်က္ မရွိေတာ့သလို ျဖစ္သြားတဲ့ အိမ္ရွင္အသင္းရဲ႕ၾကားမွာ လုံးဝ ကြဲျပားသြားေစခဲ့တာပါ။ လီဗာပူးတို႔ လႊမ္းမိုးထားခ်ိန္မွာ ဒုတိယဂိုး ရလိုက္တာက ကေလာ့ပ္ရဲ႕ ကစားပုံကို ပိုၿပီး လြယ္ကူသြားေစတဲ့ အရာပါပဲ။ အဲ့ဒီ့ ဒုတိယဂိုးရဲ႕ ဂိုးသြင္းရွင္ကိုလဲ ကေလာ့ပ္ ေက်နပ္ေနခဲ့မွာပါ။

ေကာင္းေကာင္း ကစားႏိုင္ေနဆဲ မာေနး

မာေနးဟာ မႏွစ္က ရာသီကုန္နဲ႔ ဒီရာသီအစေတြမွာ ပြဲခ်ိန္ေႏွာင္းပိုင္းဆို အရွိန္က်သြားတတ္တဲ့ ကစားသမားအျဖစ္ လက္ခံထားၾကတာပါ။

ဒါေပမယ့္ သူဟာ အခြင့္အေရးေတြ အမ်ားႀကီး လြဲေခ်ာ္ခဲ့ေပမယ့္လဲ ဂိုးေတြ ရရွိေနဆဲျဖစ္ပါတယ္။ လြဲေနတာေတာင္ အခြင့္အေရးေတြ ဆက္လက္ရယူခဲ့ၿပီး သူ႔ရဲ႕ အခက္အခဲၾကားက မဆုတ္မနစ္ ႀကိဳးစားမႈအတြက္ ဆုလာဘ္ရရွိခဲ့တယ္လို႔ ဆိုရမွာပါ။

ျပတ္သားတိက်တဲ့ ပုံစံနဲ႔ ဖာမီႏို

သူက အၿမဲတမ္း သြက္သြက္လက္လက္ ရွိေနတာဆိုေပမယ့္ ဘာကို ေျပာခ်င္လဲ သိမွာပါ။ ဘရာဇီးသား ဟာ အရန္ခုံကေန ထလာၿပီးေနာက္မွာ အံ့အားသင့္စရာ ေကာင္းခဲ့ၿပီး ရယ္စရာ ေကာင္းတဲ့ အဖြင့္ဂိုးနဲ႔ ဧရိယာအတြင္း ေနာက္ခံလူကိုထိၿပီး ျပန္ကန္ထြက္လာတဲ့ ေဘာလုံးကို အပိုင္ပိတ္သြင္းယူကာ သူ႔ရဲ႕ ဒုတိယဂိုးကို ရရွိခဲ့တာ ျဖစ္ပါတယ္။

ဖာမီႏိုဟာ တံေကာက္ေၾကာဒဏ္ရာကေန ျပန္လာဖို႔ အခ်ိန္ယူခဲ့ရေပမယ့္ ဒီသြင္းဂိုး ၂ ဂိုးဟာ တနဂၤေႏြေန႔ မန္စီးတီးနဲ႔ပြဲကိုလဲ သူ ပါဝင္ကစားဖို႔ အဆင္သင့္ျဖစ္ေနၿပီဆိုတာ ကေလာ့ပ္ကို အသိေပးခဲ့တာလည္း ျဖစ္ပါတယ္။