လီဗာပူးက ပေါ်တိုကို အဝေးကွင်းမှာ ၅ ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာတော့ ညာအစွန်လူ ထရန့် လိုက်ပါသွားနိုင်ခြင်း မရှိဘဲ ဒဏ်ရာကြောင့် ခါဘီမှာပဲ ကျန်နေခဲ့တာဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်ရဲ့ လူစာရင်းမှာ လူငယ်အစွန်လူ နီကိုး ပါဝင်ခဲ့ပေမယ့် ဝါရင့် ကွင်းလယ်လူ မီလ်နာ၊ ဗဟိုခံစစ်သမား ဂိုးမက်စ်တို့ကို ကျော်ပြီး ပွဲထွက်ကစားခွင့်တော့ မရခဲ့ဘူး။ နီကိုး ကိုယ်တိုင်ကလည်း ဒဏ်ရာကနေ ပြန်သက်သာလာတာ မကြာသေးပါဘူး။

ပေါ်တိုပွဲကြိုမှာ ကလော့ပ်က ထရန့်ရဲ့ အခြေအနေကို ပြောပြခဲ့ပြီး အသက် ၂၂ နှစ်အရွယ် ဖန်တီးရှင်လေးဟာ ဒဏ်ရာကြောင့် မလိုက်ပါနိုင်ခဲ့တာလို့ အတည်ပြုပေးခဲ့တယ်။ ဒါ့အပြင် ထရန့်ဟာ မန်စီးတီးပွဲကို သေချာပေါက် လွဲချော်သွားဖို့ ရှိနေပါတယ်။

ကလော့ပ်က “ လေ့ကျင့်ရေးအပြီးမှာ ဖြစ်တာလို့ ပြောရပါမယ်။ အစောတည်းက ထရန့်က ဒဏ်ရာ နည်းနည်းရနေဟန် ရှိပေမယ့် ပြင်းထန်ပုံ မရခဲ့ဘူး။ လေ့ကျင့်ရေးအပြီး စစ်ဆေးမှုတွေအရ သူ့ရဲ့ ဒဏ်ရာက အလေးဂရုပြုစရာ ဖြစ်နေပါတယ်။

ဒီတော့ ဒီနေ့ပွဲအတွက် သူပါဝင်နိုင်ဖို့ မရှိသလို လူစာရင်းကနေ ချန်လှပ်ခံရပြီး ကျနေ်ာတို့နဲ့အတူ လိုက်ပါလာနိုင်ခြင်း မရှိပါဘူး။ မန်စီးတီးပွဲမှာ သူပါဝင်ပေးနိုင်ဖို့လည်း သိပ်ကောင်းတဲ့ အခြေအနေမှာ ရှိမနေပါဘူး။

ကြွက်သားပိုင်းဆိုင်ရာ ပြဿနာဖြစ်ပြီး အဲ့တာတွေက ခပ်မြန်မြန်လေး သက်သာလာလေ့ မရှိပါဘူး။ ဘရန့်ဖိုဒ့်ပွဲမှာ နည်းနည်း ပင်ပန်းခဲ့တာကြောင့်လို့ ထင်ပါတယ်။ ဒါပေမယ့် အခြေအနေက အဲ့ထက် ပိုပါတယ်။ အခုတော့ သူမရှိတဲ့ အခြေအနေကို ကျနေ်ာတို့ ကိုင်တွယ်ရမှာပါ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ချန်ပီယံလိဂ်ပွဲမှာ မီလ်နာကို ၆၆ မိနစ်မှာတင် ထုတ်ခဲ့ပြီး ဂိုးမက်စ်ကို လက်ကျန် မိနစ်တွေမှာ ညာအစွန်လူနေရာက ကစားစေခဲ့ပါတယ်။ ဒီအပတ် မန်စီးတီးပွဲမှာတော့ မီလ်နာကို ညာခြမ်းကနေ ထပ်မံ ကစားစေမယ်လို့ ယုံကြည်ရပြီး အသက် ၃၅ နှစ်အရွယ် ကွင်းလယ်လူရဲ့ ကြံ့ခိုင်မှုက ၃ ပွဲဆက် ကစားဖို့ရာ ကောင်းမွန်နေဖို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးက ေပၚတိုကို အေဝးကြင္းမွာ ၅ ဂိုးျပတ္ အႏုိင္ရတဲ့ပြဲမွာေတာ့ ညာအစြန္လူ ထရန္႔ လိုက္ပါသြားႏုိင္ျခင္း မရွိဘဲ ဒဏ္ရာေၾကာင့္ ခါဘီမွာပဲ က်န္ေနခဲ့တာျဖစ္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္ရဲ႕ လူစာရင္းမွာ လူငယ္အစြန္လူ နီကိုး ပါဝင္ခဲ့ေပမယ့္ ဝါရင့္ ကြင္းလယ္လူ မီလ္နာ၊ ဗဟိုခံစစ္သမား ဂိုးမက္စ္တို႔ကို ေက်ာ္ျပီး ပြဲထြက္ကစားခြင့္ေတာ့ မရခဲ့ဘူး။ နီကိုး ကိုယ္တုိင္ကလည္း ဒဏ္ရာကေန ျပန္သက္သာလာတာ မၾကာေသးပါဘူး။

ေပၚတိုပြဲၾကိဳမွာ ကေလာ့ပ္က ထရန္႔ရဲ႕ အေျခအေနကို ေျပာျပခဲ့ျပီး အသက္ ၂၂ နွစ္အရြယ္ ဖန္တီးရွင္ေလးဟာ ဒဏ္ရာေၾကာင့္ မလိုက္ပါႏုိင္ခဲ့တာလို႔ အတည္ျပဳေပးခဲ့တယ္။ ဒါ့အျပင္ ထရန္႔ဟာ မန္စီးတီးပြဲကို ေသခ်ာေပါက္ လြဲေခ်ာ္သြားဖို႔ ရွိေနပါတယ္။

ကေလာ့ပ္က “ ေလ့က်င့္ေရးအျပီးမွာ ျဖစ္တာလို႔ ေျပာရပါမယ္။ အေစာတည္းက ထရန္႔က ဒဏ္ရာ နည္းနည္းရေနဟန္ ရွိေပမယ့္ ျပင္းထန္ပံု မရခဲ့ဘူး။ ေလ့က်င့္ေရးအျပီး စစ္ေဆးမႈေတြအရ သူ႔ရဲ႕ ဒဏ္ရာက အေလးဂရုျပဳစရာ ျဖစ္ေနပါတယ္။

ဒီေတာ့ ဒီေန႔ပြဲအတြက္ သူပါဝင္ႏုိင္ဖို႔ မရွိသလို လူစာရင္းကေန ခ်န္လွပ္ခံရျပီး က်ေန္ာတို႔နဲ႔အတူ လိုက္ပါလာႏုိင္ျခင္း မရွိပါဘူး။ မန္စီးတီးပြဲမွာ သူပါဝင္ေပးႏုိင္ဖို႔လည္း သိပ္ေကာင္းတဲ့ အေျခအေနမွာ ရွိမေနပါဘူး။

ၾကြက္သားပိုင္းဆိုင္ရာ ျပႆနာျဖစ္ျပီး အဲ့တာေတြက ခပ္ျမန္ျမန္ေလး သက္သာလာေလ့ မရွိပါဘူး။ ဘရန္႔ဖိုဒ့္ပြဲမွာ နည္းနည္း ပင္ပန္းခဲ့တာေၾကာင့္လို႔ ထင္ပါတယ္။ ဒါေပမယ့္ အေျခအေနက အဲ့ထက္ ပိုပါတယ္။ အခုေတာ့ သူမရွိတဲ့ အေျခအေနကို က်ေန္ာတို႔ ကိုင္တြယ္ရမွာပါ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ခ်န္ပီယံလိဂ္ပြဲမွာ မီလ္နာကို ၆၆ မိနစ္မွာတင္ ထုတ္ခဲ့ျပီး ဂိုးမက္စ္ကို လက္က်န္ မိနစ္ေတြမွာ ညာအစြန္လူေနရာက ကစားေစခဲ့ပါတယ္။ ဒီအပတ္ မန္စီးတီးပြဲမွာေတာ့ မီလ္နာကို ညာျခမ္းကေန ထပ္မံ ကစားေစမယ္လို႔ ယံုၾကည္ရျပီး အသက္ ၃၅ ႏွစ္အရြယ္ ကြင္းလယ္လူရဲ႕ ၾကံ႕ခိုင္မႈက ၃ ပြဲဆက္ ကစားဖို႔ရာ ေကာင္းမြန္ေနဖို႔ ေမွ်ာ္လင့္ရတာ ျဖစ္ပါတယ္။