ပေါ်တိုကို ၁-၅ ဖြင့် အဝေးကွင်းမှာ အနိုင်ရတဲ့ပွဲအတွင်း မန်နေဂျာကလော့ပ်ဟာ ကွင်းလယ်ပိုင်းမှာ အများမထင်ထားတဲ့ ကိစ္စတစ်ခုကို ပလန်ဆွဲခဲ့ပါတယ်။

စာရွက်ပေါ်မှာတော့ ဖာဘင်ညိုကို နံပါတ် ၆ နေရာ ကစားစေပြီး ညာခြမ်း ကွင်းလယ်လူအဖြစ် ဟန်ဒိုကို ပွဲထုတ်ခဲ့ကာ ဘယ်ခြမ်း ကွင်းလယ်လူနေရာမှာ ကာတစ်ဂျုံးကို ထုတ်သုံးခဲ့တာဖြစ်တယ်။ ဒါပေမယ့်လို့ ပွဲပလန်အရ သူတို့ နှစ်ဦးရဲ့ ကစားဟန်ဟာ လီဗာပူးပရိသတ်တွေကို မျက်ခုံးပင့်ရမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ချန်ပီယံလိဂ်ပွဲရဲ့ အစောပိုင်း ၃၇ မိနစ်မှာ ကာတစ်ဂျုံးဟာ deep-lying playmaker နေရာက ကစားခဲ့ရပါတယ်။ တွဲဘက်ဖြစ်တဲ့ ဝါရင့်ကွင်းလယ်လူ ဟန်ဒါဆန်ကတော့ တိုက်စစ်ကို လွတ်လပ်စွာ လိုက်ပါခွင့်ရခဲ့ပြီး နံပါတ် ၈ နေရာကို ကျော်ကာ နံပါတ် ၁၀ သမားဆန်ဆန်ထိ လိုင်းတိုးမြှင့် ကစားခွင့် ရခဲ့တာဖြစ်တယ်။

ပုံမှန်အားဖြင့်ဆိုရင် ဟန်ဒါဆန်ဟာ နံပါတ် ၆ နေရာကို အဓိက ကစားသူဖြစ်ပြီး အလွန်ဆုံး နံပါတ် ၈ နေရာအထိပဲ ကစားခွင့်ရသူဖြစ်တယ်။ ဂျုံးကတော့ တိုက်စစ်အားသန် ကွင်းလယ်လူဖြစ်ပြီး တိုက်စစ်မှူးနောက်က နောက်ချန်လူအဖြစ် ပါဝင်ကစားခြင်းဟာ သူ့ရဲ့ စိတ်ကြိုက်နေရာဖြစ်ပါတယ်။

ဒါပေမယ့်လို့ တာဝန်ယူမှုပိုင်းမှာ သင်ယူမှုတွေ လုပ်စေဖို့ရာ ယာဂင်က ကစားသမားတွေရဲ့ အကောင်းဆုံး နေရာတွေကို ပြောင်းပြန် နေရာချခဲ့တာဖြစ်တယ်။ ဒါဟာ ဂျုံးကို ကွင်းလယ်ပိုင်းမှာ ခံစစ်ပိုင်း တာဝန်ယူရမယ့် ကိစ္စတွေကို သင်ယူစေလိုခြင်းကြောင့်လို့ ယူဆရတယ်။

ဂျုံးကစားသွားတဲ့ နေရာဟာ သီယာဂို ကစားလေ့ရှိတဲ့ နေရာမျိုးနဲ့ ဆင်တူပါတယ်။ နံပါတ် ၆ သမားနဲ့ တွဲဘက်ရတဲ့ deep lying playmaker စတိုင်ဖြစ်ပြီး တိုက်စစ်လိုက်သွားတဲ့ ရော်ဘတ်ဆန်ရဲ့ နောက် နေရာလွတ်ကိုလည်း အတော်လေး အားဖြည့် ကစားနေခဲ့ရတာဖြစ်တယ်။

ပုံမှန်အားဖြင့် မန်နေဂျာတွေဟာ ထိပ်တန်း လူငယ်တွေကို စီမံရာမှာ လူငယ်ကစားသမားတွေကို ကာကွယ်မှုလုပ်ပေးဖို့ ဝါရင့် ကစားသမားတွေကို တာဝန်ယူစေတာမျိုးပဲ ဖြစ်လေ့ရှိတယ်။ ဒါပေမယ့်လို့ ဟန်ဒါဆန်နဲ့ ရော်ဘတ်ဆန်တို့ တိုက်စစ်ကစားမှုကို ကာကွယ်ပေးဖို့ ကာတစ်ဂျုံးကို တာဝန်ယူစေတာကတော့ တကယ်ကို ပြောင်းပြန် လုပ်ခဲ့တဲ့ ကိစ္စပဲဖြစ်ပါတယ်။

ယာဂင်က သူဘာကို ရည်ရွယ်ပြီး လုပ်နေတယ်ဆိုတာကို သူပဲ သိပါလိမ့်မယ်။ ဒါပေမယ့်လို့ သူထားတဲ့ နေရာမှာ ကာတစ်ဂျုံး တောက်ပလာတာကို ကြည့်မယ်ဆိုရင် လူငယ်တွေနဲ့ ပတ်သက်လို့ ကလော့ပ်ရဲ့ မြင်နိုင်စွမ်းဟာ သာမာန် အမြင်တွေထက် သာလွန်နေတယ်ဆိုတာတော့ အသိအမှတ်ပြုရမှာပဲ ဖြစ်ပါတယ်။

ZAWGYI

ေပၚတိုကို ၁-၅ ျဖင့္ အေဝးကြင္းမွာ အႏိုင္ရတဲ့ပြဲအတြင္း မန္ေနဂ်ာကေလာ့ပ္ဟာ ကြင္းလယ္ပိုင္းမွာ အမ်ားမထင္ထားတဲ့ ကိစၥတစ္ခုကို ပလန္ဆြဲခဲ့ပါတယ္။

စာရြက္ေပၚမွာေတာ့ ဖာဘင္ညိဳကို နံပါတ္ ၆ ေနရာ ကစားေစျပီး ညာျခမ္း ကြင္းလယ္လူအျဖစ္ ဟန္ဒိုကို ပြဲထုတ္ခဲ့ကာ ဘယ္ျခမ္း ကြင္းလယ္လူေနရာမွာ ကာတစ္ဂ်ံဳးကို ထုတ္သံုးခဲ့တာျဖစ္တယ္။ ဒါေပမယ့္လို႔ ပြဲပလန္အရ သူတို႔ ႏွစ္ဦးရဲ႕ ကစားဟန္ဟာ လီဗာပူးပရိသတ္ေတြကို မ်က္ခံုးပင့္ရမႈေတြ ျဖစ္ေပၚေစခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ပြဲရဲ႕ အေစာပိုင္း ၃၇ မိနစ္မွာ ကာတစ္ဂ်ံဳးဟာ deep-lying playmaker ေနရာက ကစားခဲ့ရပါတယ္။ တြဲဘက္ျဖစ္တဲ့ ဝါရင့္ကြင္းလယ္လူ ဟန္ဒါဆန္ကေတာ့ တိုက္စစ္ကို လြတ္လပ္စြာ လိုက္ပါခြင့္ရခဲ့ျပီး နံပါတ္ ၈ ေနရာကို ေက်ာ္ကာ နံပါတ္ ၁၀ သမားဆန္ဆန္ထိ လိုင္းတိုးျမွင့္ ကစားခြင့္ ရခဲ့တာျဖစ္တယ္။

ပံုမွန္အားျဖင့္ဆိုရင္ ဟန္ဒါဆန္ဟာ နံပါတ္ ၆ ေနရာကို အဓိက ကစားသူျဖစ္ျပီး အလြန္ဆံုး နံပါတ္ ၈ ေနရာအထိပဲ ကစားခြင့္ရသူျဖစ္တယ္။ ဂ်ံဳးကေတာ့ တိုက္စစ္အားသန္ ကြင္းလယ္လူျဖစ္ျပီး တိုက္စစ္မွဴးေနာက္က ေနာက္ခ်န္လူအျဖစ္ ပါဝင္ကစားျခင္းဟာ သူ႔ရဲ႕ စိတ္ၾကိဳက္ေနရာျဖစ္ပါတယ္။

ဒါေပမယ့္လို႔ တာဝန္ယူမႈပိုင္းမွာ သင္ယူမႈေတြ လုပ္ေစဖို႔ရာ ယာဂင္က ကစားသမားေတြရဲ႕ အေကာင္းဆံုး ေနရာေတြကို ေျပာင္းျပန္ ေနရာခ်ခဲ့တာျဖစ္တယ္။ ဒါဟာ ဂ်ံဳးကို ကြင္းလယ္ပိုင္းမွာ ခံစစ္ပိုင္း တာဝန္ယူရမယ့္ ကိစၥေတြကို သင္ယူေစလိုျခင္းေၾကာင့္လို႔ ယူဆရတယ္။

ဂ်ံဳးကစားသြားတဲ့ ေနရာဟာ သီယာဂို ကစားေလ့ရွိတဲ့ ေနရာမ်ိဳးနဲ႔ ဆင္တူပါတယ္။ နံပါတ္ ၆ သမားနဲ႔ တြဲဘက္ရတဲ့ deep lying playmaker စတိုင္ျဖစ္ျပီး တိုက္စစ္လိုက္သြားတဲ့ ေရာ္ဘတ္ဆန္ရဲ႕ ေနာက္ ေနရာလြတ္ကိုလည္း အေတာ္ေလး အားျဖည့္ ကစားေနခဲ့ရတာျဖစ္တယ္။

ပံုမွန္အားျဖင့္ မန္ေနဂ်ာေတြဟာ ထိပ္တန္း လူငယ္ေတြကို စီမံရာမွာ လူငယ္ကစားသမားေတြကို ကာကြယ္မႈလုပ္ေပးဖို႔ ဝါရင့္ ကစားသမားေတြကို တာဝန္ယူေစတာမ်ိဳးပဲ ျဖစ္ေလ့ရွိတယ္။ ဒါေပမယ့္လို႔ ဟန္ဒါဆန္နဲ႔ ေရာ္ဘတ္ဆန္တို႔ တိုက္စစ္ကစားမႈကို ကာကြယ္ေပးဖို႔ ကာတစ္ဂ်ံဳးကို တာဝန္ယူေစတာကေတာ့ တကယ္ကို ေျပာင္းျပန္ လုပ္ခဲ့တဲ့ ကိစၥပဲျဖစ္ပါတယ္။

ယာဂင္က သူဘာကို ရည္ရြယ္ျပီး လုပ္ေနတယ္ဆိုတာကို သူပဲ သိပါလိမ့္မယ္။ ဒါေပမယ့္လို႔ သူထားတဲ့ ေနရာမွာ ကာတစ္ဂ်ံဳး ေတာက္ပလာတာကို ၾကည့္မယ္ဆိုရင္ လူငယ္ေတြနဲ႔ ပတ္သက္လို႔ ကေလာ့ပ္ရဲ႕ ျမင္ႏုိင္စြမ္းဟာ သာမာန္ အျမင္ေတြထက္ သာလြန္ေနတယ္ဆိုတာေတာ့ အသိအမွတ္ျပဳရမွာပဲ ျဖစ္ပါတယ္။