ပေါ်တိုကို ရင်ဆိုင်တိုင်း လီဗာပူးက ရလဒ်တွေ ကောင်းသလို အထူးသဖြင့် သူတို့ အိမ်ကွင်းမှာဆိုရင် ဂိုးတွေ အတော်လေး ပြတ်တဲ့ထိ ရလဒ်ကောင်းခြင်းအတွက် ဆာလာက အံ့သြနေပါတယ်။

” ကျနေ်ာတို့ ပွဲစတည်းက လွှမ်းမိုးကစားနိုင်စွမ်း ကောင်းမွန်ခဲ့ပါတယ်။ ကျနေ်ာတို့အတွက် ရလဒ်ကောင်းလည်း ရခဲ့ပါတယ်။ အခု ကျနေ်ာတို့တွေ အုပ်စုတွင်း ပထမနေရာမှာ ရပ်တည်နေတယ်လို့ ထင်ပါတယ်။

ခက်ခဲတဲ့ပွဲဖြစ်ပေမယ့်လို့ ပွဲစတည်းကနေပြီး ကျနေ်ာတို့ ရလဒ်ကောင်းအတွက် ဦးဆောင်ကစားနိုင်ခဲ့တယ်။ ” လို့ ပေါ်တိုကို ၅-၁ ဖြင့် အနိုင်ရခြင်းနဲ့ ပတ်သက်လို့ မာဆေးဆိုဒ်အခြေစိုက် Liverpool Echo နဲ့ အင်တာဗျူးမှာ ဆာလာက ဖြေဆိုပေးပါတယ်။

လီဗာပူးနဲ့ ပေါ်တိုတို့ နောက်တစ်ကြိမ် ထိပ်တိုက်တွေ့မှုက အန်ဖီးကွင်းမှာ ဖြစ်လာမှာပါ။ ဒါပေမယ့် ဆာလာကတော့ ပေါ်တိုအသင်း အိမ်ကွင်းမှာပဲ နောက်ထပ် တစ်ကျော့ကို ယှဉ်ပြိုင်လိုတယ်လို့ စနောက်ခဲ့ပါသေးတယ်။

ဆာလာက ” ကျေနာ်တို့ရဲ့ အိမ်ကွင်းပွဲကိုလည်း ပေါ်တိုမှာပဲ ကစားကြရင် ကောင်းမယ်ထင်တယ် (ရယ်လျက်)။ လျှို့ဝှက်ချက် တစ်ခုခုရှိနေလား ကျနော် မသိဘူး ဒါပေမယ့် ကျနေ်ာတို့က ပွဲတိုင်းကို ရာနှုန်းပြည့် ကြိုးစား ကစားကြတာပါ။

ပေါ်တိုနဲ့ ရင်ဆိုင်ကစားတိုင်း ကျနေ်ာတို့ ကစားပုံ ကောင်းပါတယ်။ အထူးသဖြင့် သူတို့ အိမ်ကွင်းမှာ ဆိုရင်ပေါ့။ ကျနေ်ာတို့ ဂိုးတွေ အများကြီး သွင်းနိုင်ခဲ့တယ်။ ဒါပေမယ့် လွယ်ကူလှတာတော့ မဟုတ်ပါဘူး။

ကျနေ်ာတို့ အကောင်းဆုံး ကြိုးစားခဲ့ရပြီး ပွဲတိုင်း ဂိုးရနေတာက ကံကောင်းပါတယ်။ ပွဲစကတည်းက ဂိုးရတာကတော့ ပွဲကို ပိုလွယ်စေခဲ့တာပေါ့။ အဲ့အတွက်လည်း ကျနေ်ာတို့ ပျော်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

၂၀၁၈ ခုနှစ်ကစပြီး လီဗာပူးအသင်းဟာ ပေါ်တိုအသင်း အိမ်ကွင်းမှာ ၃ ပွဲ ကစားထားရာ ရဂိုး ၁၄ ဂိုးထိ ရှိခဲ့ပြီး ပေးဂိုး ၂ ဂိုးပဲ ရှိခဲ့တာဖြစ်တယ်။ ဒါ့အပြင် လီဗာပူးဟာ ပေါ်တိုကို ရင်ဆိုင်ကစားတိုင်း တစ်ကြိမ်မှ အရေးမနိမ့်တဲ့ မှတ်တမ်းကောင်းကိုလည်း ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ZAWGYI

ေပၚတိုကို ရင္ဆိုင္တိုင္း လီဗာပူးက ရလဒ္ေတြ ေကာင္းသလို အထူးသျဖင့္ သူတို႔ အိမ္ကြင္းမွာဆိုရင္ ဂိုးေတြ အေတာ္ေလး ျပတ္တဲ့ထိ ရလဒ္ေကာင္းျခင္းအတြက္ ဆာလာက အံ့ၾသေနပါတယ္။

” က်ေန္ာတို႔ ပြဲစတည္းက လႊမ္းမိုးကစားႏုိင္စြမ္း ေကာင္းမြန္ခဲ့ပါတယ္။ က်ေန္ာတို႔အတြက္ ရလဒ္ေကာင္းလည္း ရခဲ့ပါတယ္။ အခု က်ေန္ာတို႔ေတြ အုပ္စုတြင္း ပထမေနရာမွာ ရပ္တည္ေနတယ္လို႔ ထင္ပါတယ္။

ခက္ခဲတဲ့ပြဲျဖစ္ေပမယ့္လို႔ ပြဲစတည္းကေနျပီး က်ေန္ာတို႔ ရလဒ္ေကာင္းအတြက္ ဦးေဆာင္ကစားႏုိင္ခဲ့တယ္။ ” လို႔ ေပၚတိုကို ၅-၁ ျဖင့္ အႏုိင္ရျခင္းနဲ႔ ပတ္သက္လို႔ မာေဆးဆိုဒ္အေျခစိုက္ Liverpool Echo နဲ႔ အင္တာဗ်ဴးမွာ ဆာလာက ေျဖဆိုေပးပါတယ္။

လီဗာပူးနဲ႔ ေပၚတိုတို႔ ေနာက္တစ္ၾကိမ္ ထိပ္တိုက္ေတြ႔မႈက အန္ဖီးကြင္းမွာ ျဖစ္လာမွာပါ။ ဒါေပမယ့္ ဆာလာကေတာ့ ေပၚတိုအသင္း အိမ္ကြင္းမွာပဲ ေနာက္ထပ္ တစ္ေက်ာ့ကို ယွဥ္ျပိဳင္လိုတယ္လို႔ စေနာက္ခဲ့ပါေသးတယ္။

ဆာလာက ” ကေ်နာ္တို႔ရဲ႕ အိမ္ကြင္းပြဲကိုလည္း ေပၚတိုမွာပဲ ကစားၾကရင္ ေကာင္းမယ္ထင္တယ္ (ရယ္လ်က္)။ လွ်ိဳ႕ဝွက္ခ်က္ တစ္ခုခုရွိေနလား က်ေနာ္ မသိဘူး ဒါေပမယ့္ က်ေန္ာတို႔က ပြဲတိုင္းကို ရာႏႈန္းျပည့္ ၾကိဳးစား ကစားၾကတာပါ။

ေပၚတိုနဲ႔ ရင္ဆိုင္ကစားတိုင္း က်ေန္ာတို႔ ကစားပံု ေကာင္းပါတယ္။ အထူးသျဖင့္ သူတို႔ အိမ္ကြင္းမွာ ဆိုရင္ေပါ့။ က်ေန္ာတို႔ ဂိုးေတြ အမ်ားၾကီး သြင္းႏုိင္ခဲ့တယ္။ ဒါေပမယ့္ လြယ္ကူလွတာေတာ့ မဟုတ္ပါဘူး။

က်ေန္ာတို႔ အေကာင္းဆံုး ၾကိဳးစားခဲ့ရျပီး ပြဲတိုင္း ဂိုးရေနတာက ကံေကာင္းပါတယ္။ ပြဲစကတည္းက ဂိုးရတာကေတာ့ ပြဲကို ပိုလြယ္ေစခဲ့တာေပါ့။ အဲ့အတြက္လည္း က်ေန္ာတို႔ ေပ်ာ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

၂၀၁၈ ခုႏွစ္ကစျပီး လီဗာပူးအသင္းဟာ ေပၚတိုအသင္း အိမ္ကြင္းမွာ ၃ ပြဲ ကစားထားရာ ရဂိုး ၁၄ ဂိုးထိ ရွိခဲ့ျပီး ေပးဂိုး ၂ ဂိုးပဲ ရွိခဲ့တာျဖစ္တယ္။ ဒါ့အျပင္ လီဗာပူးဟာ ေပၚတိုကို ရင္ဆိုင္ကစားတိုင္း တစ္ၾကိမ္မွ အေရးမနိမ့္တဲ့ မွတ္တမ္းေကာင္းကိုလည္း ဆက္လက္ ထိန္းသိမ္းႏုိင္ခဲ့တာျဖစ္ပါတယ္။