မန်စီးတီးက ခေါ်ယူဖို့ရာ စောင့်ကြည့်နေတဲ့ လိုင်ယွန်အသင်းကွင်းလယ်လူ ဟူဆန်အိုရေးက မန်စီးတီးကို ပြောင်းရွှေ့ရန် စိတ်ဝင်စားနေကြောင်း ထုတ်ပြောလာပါတယ်။

အသက် ၂၀ သာရှိပြီး လိုင်ယွန်းအသင်း၏ကွင်းလယ်တွင် ခြေစွမ်းပြကစားနေသော ပြင်သစ်ကစားသမားလေးကိုတော့ ကလပ်အသင်း အများအပြားက စိတ်ဝင်စားနေရာမှာ မန်စီးတီး၊ လီဗာပူး၊ မန်ယူ၊ ဘာကာနဲ့ ရီးရဲလ်တို့လည်း ပါဝင်နေတာပါ။

အိုရေးက “ခင်ဗျားဆိုရင်ရော မန်စီးတီးမှာ သွားကစားချင်မှာပဲလေ။ မန်စီးတီးက ဥရောပရဲ့ အင်အားကြီး ကလပ်တစ်သင်းပါ။ သူတို့ဆီမှာ ကစားသမားကောင်းတွေရှိပြီး အသင်းကို ဦးဆောင်နေတာက စပိန်နည်းပြ ဂွာဒီယိုလာပါ၊ ကျွန်တော်လည်းသူ့ကို နည်းပြတစ်ယောက်အနေနဲ့ လေးစားပါတယ်။

ဂွာဒီယိုလာ ကိုင်တွဝ်တဲ့အသင်းမှာ ကစားခွင့်ရတာဟာ တကယ်ကိုကောင်းမွန်ပါမယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကစားဖို့နှစ်သက်ပါတယ်။

ကျွန်တော်ဟာ လိုင်ယွန်အသင်းနဲ့ စာချုပ်ရှိနေဆဲပါ။ ထွက်ခွာခဲ့ရင်တောင် လိုင်ယွန်အသင်းရဲ့ သမိုင်းမှာ အမှတ်တရတခု့ ချန်ခဲ့လိုပါတယ်။ ကျွန်တော်တို့အားလုံး ဆွေးနွေးမှုတွေ ပြုလုပ်ရသွားမှာ။ သိပ်မကြာခင်အချိန်အတွင်း ဆွေးနွေးတိုင်ပင်တာတွေလုပ်သွားပြီးတော့ ဆုံးဖြတ်ချက်တွေချသွားမှာပါ” လို့ပြောခဲ့ပါတယ်။