ဒီရာသီ လာလီဂါဖလားတစ်လုံးပဲ အနိုင်ရခဲ့တဲ့ ဘာစီလိုနာအသင်းဟာ PSG ရဲ့ ပြင်သစ်လူငယ်တိုက်စစ်မှူး အမ်ဘာပေကို စောင့်ကြည့်လာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ဘာစီလိုနာဟာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီ တစ်ဦးတည်အပေါ်မှာ အလွန်အမင်းမှီခိုနေရခြင်းက ရုန်းထွက်နိုင်ဖို့နဲ့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ဖို့ရာ တိုက်စစ်မှူး အမ်ဘတ်ပီကို ခေါ်ယူဖို့ မျက်စိကျလာနေတာပါ။

မဟာပြိုင်ဖက် ရီးရဲလ်မက်ဒရစ်ဟာ တိုက်စစ်ကို အားဖြည့်ဖို့ အမ်ဘတ်ပီကို စောင့်ကြည့်နေပြီး အနာဂတ်မှာ ခက်ခဲတဲ့ ပြိုင်ဘက်တစ်ဦးကို ရင်ဆိုင်ရမှု မဖြစ်ခင်မှာ ဘာစီလိုနာထံ အမ်ဘတ်ပီကို ခေါ်ယူဖို့ ဘာကာဘက်က အလိုရှိလာနေတာဖြစ်တယ်။

လီယွန်နယ်မက်ဆီဟာ ဒီနှစ်ဘောလုံးရာသီ လာလီဂါရွှေဖိနပ်ဆု၊ ချန်ပီယံလိဂ်ရွှေဖိနပ်ဆုနဲ့ ဥရောပရွှေဖိနပ်ဆုတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပြင်သစ်လူငယ်တိုက်စစ်မှူးလေး အမ်ဘတ်ပီကလည်း ပြင်သစ်လီဂူးရဲ့ ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ပြီး ဥရောပရွှေဖိနပ်ဆုမှာ မက်ဆီကို ဖိအားပေးနိုင်ခဲ့သူပါ။

အမ်ဘတ်ပီကို ရီးရဲလ်နဲ့ ဘာကာ နှစ်သင်းလုံး စိတ်ဝင်စားနေတာဖြစ်ပြီး မကြာခင် ဥရောပရဲ့ ရှေ့ဆောင် ဘောလုံးသမားဖြစ်လာနိုင်သူကို ပြိုင်ဘက်အသင်းလက်ထဲ မပါသွားဖို့ ဘာစီလိုနာဘက်က အလိုရှိလာနေတာ ဖြစ်ပါတယ်။