မန်စီးတီးဟာ ဒီရာသီမှာ ပြည်တွင်းဖလားတွေအားလုံးကို ရယူခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘောလုံးရာသီကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ မကြာခင်မှာတော့ စာချုပ်သက်တမ်းကုန်မယ့် ကစားသမားတွေနဲ့ အသင်းပြောင်းမယ့် ကစားသမားတွေကို နှုတ်ဆက်ရတော့မှာပါ။

မန်စီးတီး ကွင်းလယ်ကစားသမား ဒေးဗစ်ဆေးဗားကိုတော့ ကာတာကလပ် အသင်းတစ်သင်းက ပေါင် ၁၂ သန်းနဲ့ ကမ်းလှမ်းထားကာ အပြောင်းအရွှေ့ဖြစ်ဖို့ နီးစပ်နေတာဖြစ်တယ်။ မန်စီးတီးကလည်း လက်စတာအသင်း ကွင်းလယ်ကစားသမား တိုင်လီမန်စ်နဲ့ အစားထိုးဖို့ပြင်ဆင်နေပါတယ်။

အသက် ၃၃ နှစ်အရွှယ် စပိန်လက်ရွေးစင်ဟောင်း ဒေးဗစ်ဆေးဗားဟာ ၂၀၁၀ ခုနှစ်မှာ ဗလင်စီယာကနေ မန်စီးတီးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး မန်စီးတီးနဲ့ ၉နှစ်လောက် ဖြတ်သန်းခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၄ လုံး ၊ အက်အေဖလား ၂ လုံးနဲ့ လိဂ်ဖလား ၄ လုံးတို့ကို အနိုင်ရခဲ့ပါတယ်။

ဆေးဗား ထွက်ခွာဖို့ နီးစပ်နေလို့ စီးတီးနည်းပြ ဂွာဒီယိုလာဟာ ဘယ်လ်ဂျီယံ လက်ရွေးစင်ကို တစ်နှစ်လုပ်ခပေါင် ၆ သန်းနဲ့ကမ်းလှမ်းမယ်လို့ သိရတယ်။ ပြီးခဲ့တဲ့မေလက အီတီဟတ်မှာ လာရောက်ကစားစဉ် ကစားသမားရဲ့ ခြေစွမ်းကို ဂွာဒီယိုလာ သဘောကျခဲ့တာဖြစ်ပါတယ်။

တိုင်လီမန်စ်ကို မန်ယူ၊ အာဆင်နယ်၊ စပါးတို့က အပြိုင်စိတ်ဝင်စားနေကြသလို လက်စတာကလည်း သူ့ကို အပြီးသတ်ခေါ်ယူဖို့ ပြင်ဆင်နေတာကြောင့် တိုင်လီတိုင်လီမန်စ်ကို ခေါ်ယူဖို့ဆိုတာ မန်စီးတီးအသင်းအတွက် အခက်ကြုံရနိုင်ပါတယ်။