မန်ချက်စတာ ယူနိုက်တက် (၉၉) ဂန္တဝင် အသင်း နဲ့ ဘိုင်ယန်မြူးနစ် (၉၉) ဂန္တဝင် အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ မန်ယူအသင်းက ၅ ဂိုး ဂီုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။

အဆိုပါပွဲစဉ်မှာ မန်ယူအသင်း လက်ရှိနည်းပြကြီး ဆိုးရှားက ပရိတ်သတ် (၆) သောင်းကျော် ရှေ့မှောက်မှာ သွင်းယူသွားနိုင်ခဲ့ပါတယ်။အဆိုပါပွဲကိုတော့ မန်ယူ ဂန္တ၀င်နည်းပြကြီး ဖာဂူဆန်က ရီရီမောမောနဲ့ လက်ခုပ်တီးပြီး အားပေးခဲ့ပါသေးတယ်။

နည်းပြကြီး ဆိုးရှားရဲ့ အဆုံးသတ်ဖို့ရာ တိုက်စစ်ပိုင်း အမြင်ရှိမှုကို ကွင်းအတွင်းမှာ ရှိနေတဲ့ လူငယ်တိုက်စစ်မှူး ရပ်ဖို့က မြင်တွေ့ခဲ့ပြီး အတော်လေးလည်း အထင်ကြီးခဲ့ပါကြောင်း ယခုလိုပဲ ပြောခဲ့ပါတယ်။

ရပ်ဖို့က “ အိုလီက သူဘယ်လိုလူလဲဆိုတာ ပြသလိုက်တာပါ။ သူ့ရဲ့နေရာယူမှုတွေ အရမ်းကောင်းမွန်ပါတယ်။ အမြဲတမ်း အချိန်မှန်၊ နေရာမှန်မှာ ရောက်နေတတ်တဲ့သူပါ။

အိုလီဟာ ညာတောင်ပံကနေ ကစားကွက်တည်ဆောက်မှုကို စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့ပြီး ရိုးရှင်းတဲ့သွင်းဂိုးအဖြစ် အဆုံးသတ်သွားခဲ့ပါတယ်။ သူက အဆုံးသတ်ဖို့ ဧရိယာထဲမှာ ရှိနေခဲ့ပြီး ဘောလုံးက သူ့ဆီကို ရောက်လာခဲ့တာပါ ” လို့ ဆိုခဲ့ပါတယ်။