မန်စီးတီးနဲ့ မန်ယူတို့ ပစ်မှတ်ထားနေတဲ့ ဘင်ဖီကာ အသင်းရဲ့ လူငယ် ကြယ်ပွင့် ကစားသမားလေး ယာအိုဖီးလစ်က သူ့အနေနဲ့ ဘင်ဖီကာ အသင်းမှာသာ ပျော်ရွှင်နေကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် (၁၉) နှစ် အရွယ်သာ ရှိသေးတဲ့ အဆိုပါ ပေါ်တူဂီ လက်ရွေးစင် ကစားသမားလေးဟာ ဒီရာသီမှာ အသင်းအတွက် (၁၉) ဂိုး သွင်းယူကာ အကောင်းဆုံး ခြေစွမ်း ပြသနိုင်ခဲ့တဲ့ နောက် ဥရောပ ထိပ်တန်း အသင်းကြီးများစွာက ခေါ်ယူဖို့ စိတ်ဝင်စားလာတာလည်း ဖြစ်ပါတယ်။

မန်စီးတီးကြယ်ပွင့် ဒေးဗစ်ဆေးလ်ဗားဟာ ဒီနွေမှာ အီတီဟက်ကနေ ထွက်ခွာသွားဖွယ် ရှိနေပါတယ်။ အသက် ၃၃ နှစ် အရွယ် ကွင်းလယ်ကစားသမားဟာ စီးတီးနဲ့ စာချုပ်သက်တမ်း ကျန်ရှိသေးပေမယ့် ကာတာကလပ်အသင်း တစ်သင်းက ကမ်းလှမ်းထားပါတ်ယ။

မန်စီးတီးအသင်းဟာ ယူနိုက်တက် လက်လျှော့သွားပြီ ဖြစ်တဲ့ အေဂျက် ခံစစ်မှူး ဒီလစ်ကို အရှိန်မြှင့်ပြီး ခေါ်ယူရန် ကြိုးစားတော့မှာ ဖြစ်ပါတယ်။

ဂျူဗင်တပ် အသင်း အားကစားဒါရိုက်တာ Paratici က ၄င်းတို့ အသင်းနည်းပြ ရာထူးအတွက် စီးတီးမန်န်ေဂျာ ဂွာဒီယိုလာကို ဆက်သွယ်ခဲ့ခြင်း မရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ လူငယ်တိုက်စစ်သမား ဆာနေးကို ဘိုင်ယန်က ချိတ်ဆက်မှုများ ရှိနေတာကြောင့် တားဆီးဖို့နဲ့ အသင်းမှာ ဆက်ထိန်းဖို့ အတွက် စာချုပ်သစ် ကိစ္စများ ဆာနေးနဲ့ ပြောဆိုနွေးမှုများ ကြိုးစားပြုလုပ်နေပါတယ်။

ကလပ်အသင်းကို ဝေဖန်မှုလုပ်ပြီး အပြောင်းအရွှေ့မှာ ဈေးကွက်ဖောင်းပွလာရခြင်းက မန်စီးတီးကြောင့်လို့ တိုက်ရိုက်စွပ်စွဲထားတဲ့ လာလီဂါ အကြီးအကဲ တီဗက်ကို မန်စီးတီးအသင်းရဲ့ ဥက္ကဌဖြစ်သူ Al Mubarak က ပရီးမီးယားလိဂ်ရဲ့ ဝင်ငွေကောင်းမှုကို မနာလိုနေကြခြင်းလို့ တိုက်ရိုက်ပြန် စွပ်စွဲလိုက်ပါတယ်။