ဒိုင်ဘားလားကို မန်စီးတီး၊ မန်ယူနိုက်တက်၊ ရီးရဲလ်တို့ အပြိုင် စိတ်ဝင်စားနေပေမယ့် ပေါင် ၈၅ သန်းတန် တိုက်စစ်သမားဟာ ဂျူဗင်တပ် ကနေ ဘယ်မှ သွားမှာ မဟုတ်ကြောင်း ဂျူဗင်တပ်ဘက်က ပြောဆိုထားပါတယ်။

မန်စီးတီးအသင်း အသည်းအသန် ချိတ်ဆက်နေခဲ့တဲ့ စပို့တင်း ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်က ဒီနွေမှာ အသင်းပြောင်းမယ့် ကိစ္စရပ်များကို ငြင်းဆန်မှု ပြုလုပ်မထားပါဘူး။ ၄င်းကို ခေါ်ယူလိုတဲ့ ကလပ်အသင်းထဲမှာ မန်ယူအပြင် အသင်းအများအပြား ပါဝင်ပေမယ့် စီးတီးက ထိပ်ဆုံးမှာ အလေးသာနေပါတယ်။

မန်စီးတီးမှ ဟော်လန်သား အသက် ၁၆ နှစ်အရွယ် လူငယ်တိုက်စစ်သမား Noah Ohio ဟာ စီးတီးရဲ့ သက်တမ်းတိုး ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချ လိုက်ပါတယ်။ ၄င်းကို ဘိုင်ယန်၊ လိုင်ယွန်၊ အေဂျက်၊ ဒေါ့မွန်တို့ အပြိုင် စိတ်ဝင်စားနေပေမယ့် လိုက်ပ်ဇစ်က ခေါ်ယူနိုင်ဖို့ အလေးသာနေပါတယ်။

ချန်ပီယံလိဂ်ထက် ပရီးမီးယားလိဂ်က ပိုအရေးကြီးတယ်လို့ ဂွာဒီယိုလာ ဖြေခဲ့တာနဲ့ ပက်သက်ပြီး ဘယ်လိုမြင်သလဲလို့ သတင်းသမားတွေက ကလော့ပ်ကို တိုက်ရိုက်မေးခွန်းထုတ်ရာမှာ ကလော့ပ်က ” ပပ်က ချန်ပီယံလိဂ်ထက် ပရီးမီးယားလိဂ်က ပိုအရေးပါတယ်လို့ ပြောကောင်းပြောမှာပါ ဘာလို့လည်းဆိုတော့ သူက ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မရောက်တာ အတော်ကြာနေပါပြီ ” လို့ တုန့်ပြန်လာပါတယ်။

ဒီရက်ပိုင်း မန်စီးတီးရဲ့ ရာသီသစ်အတွက် အိမ်ကွင်းဝတ်စုံသစ်ပုံစံတွေ ထွက်ပေါ်မှု ရှိနေပါတယ်။ မန်စီးတီး ထုံးစံအတိုင်း မိုးပြာရောင်နဲ့ ခရမ်းရောင် ရောစပ်ထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။

ဆာနေးဟာ ဘိုင်ယန်မြူးနစ်သို့ ပြောင်းလာခဲ့ရင် ရော်ဘင်၊ ရစ်ဘာရီတို့ နေရာ ဆက်ခံရမှာ ဖြစ်တယ်လို့ ဘိုင်ယန်အသင်း ဥက္ကဌ Rummenigge က ဆွဲဆောင်လိုက်ပါတယ်။

မန်စီးတီးအသင်းရဲ့ဥက္ကဌ အလ်မူဘာရက်ခ်က ကွန်ပနီဟာ မန်စီးတီးအသင်းအသင်းရဲ့ မိသားစုဝင်တစ်ယောက်အဖြစ် အမြဲရှိနေမှာဖြစ်တယ်လို့ ဆိုခဲ့သလို သူက တစ်နေ့နေ့မှာ အသင်းကို ကွန်ပနီပြန်လာလိမ့်မယ်လို့လည်း ဆိုခဲ့ပါသေးတယ်။