ချယ်ဆီးကစားသမား အီဒင်ဟာဇက်ဟာ PFA Fans Player of the Year ဆုကို ရရှိသွားပါတယ်။ ဟာဇက်က စတားလင်း၊ အဂွယ်ရို၊ ဘာနာဒိုဆေးဗား၊ ဗန်ဒိုက်၊ မာနေးတို့ကို ကျော်ဖြတ်ပြီး မဲ ၃၄% ရရှိကာ အနိုင်ရခဲ့တာပါ။

မေလ 30 ရက်နေ့ မနက်မှာ ယှဉ်ပြိုင်ရမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲအတွက် လန်ဒန်နှစ်သင်း ပရိသတ်တွေ စတင်ကာ ရောက်ရှိနေပြီဖြစ်ပြီး အဇာဘိုင်ဂျန်ရဲ့ မြို့တော်ဟာ အနီရောင်နဲ့ အပြာရောင်တွေ စတင်ကာ ဖုံးလွှမ်းနေပြီဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မြို့လယ်မှာ အာဆင်နယ်နဲ့ ချယ်ဆီး ပရိသတ်တွေဟာ အသင်းအလဲတွေ၊ အသင်းနဲ့ဆိုင်ရာ အမှတ်အသားတွေနဲ့ စတင် ရောက်ရှိ အောင်ပွဲခံနေကြပါတယ်။

ဟာဇက်ကပဲ အနာဂတ်မှာ အခြားသော အင်္ဂလန်အသင်းကို မပြောင်းပါဘူးဆိုတာကို ” ပြောင်းဖို့ မရှိပါဘူး။ ကျနော်က အပြာရောင်ပါ။ အဲ့တာက အများကြီး အဓိပ္ပာယ်ရှိပါတယ်။ အင်္ဂလန်မှာ အခြားသော အသင်းအတွက် ကျနော် ကစားပေးမှာ မဟုတ်ပါဘူး ” လို့ ဆိုခဲ့ပါတယ်။

ချယ်လ်ဆီးတိုက်စစ်မှူး ဟီဂူအင်သည် စတမ်းဖို့ဘရစ်ခ်ျတွင် ပျော်နေပြီဖြစ်ပြီး၊ အသားကျနေပြီဖြစ်ကြောင်းပြောကြားခဲ့သည်။ နွေရာသီ အပြောင်းအရွှေ့တွင် ဂျူဗင်တပ်စ်သို့ပြန်လည်စေလွှတ်ရန် အသင်းမှ တာဝန်ရှိသူများမှ စီစဉ်ထားသော်လည်း၊ ဟီဂူအင်ကမူ ဆာရီ ပြောင်းရွှေ့သည့် အသင်းမှန်သမျှ လိုက်သွားမည်ဟု ပွင့်ပွင့်လင်းလင်းပြောကြားခဲ့သည်။

ချယ်ဆီးကွင်းလယ် ကစားသမား ကန်တေဟာ ဒဏ်ရာရှိထားတာကြောင့် အသင်း လေ့ကျင့်ရေးမှာ ပါဝင်ဖို့ ပျက်ကွက်နေပေမယ့် ချယ်ဆီး အသင်း ဘက်ကတော့ ကန်တေ ဗိုလ်လုပွဲ မပါဝင်နိုင်ဘူး အတည်ပြုဖို့ ငြင်းဆန်ထားဆဲပါ။

ချန်ပီယံရှစ် Play off ဖိုင်နယ်မှာ ချယ်ဆီး ကစားသမားဟောင်း နှစ်ဦး ဖြစ်တဲ့ လမ်းပတ်ရဲ့ ဒါဘီနဲ့ တယ်ရီရဲ့ အက်စတွန်ဗီလာတို့ ထိပ်တိုက် တွေ့ရာမှာ တယ်ရီ လက်ထောက် အဖြစ် ကိုင်တွယ်နေတဲ့ ဗီလာက ၂ဂိုး ၁ ဂိုးနဲ့ အနိုင်ရကာ ပရီးမီးယားလိဂ်သို့ တန်းတက်လာခဲ့ပါတယ်။

ချယ်ဆီးနည်းပြဟောင်း ကွန်တီဟာ အင်တာမီလန်အသင်းကို ၃ နှစ် စာချုပ်နဲ့ ကိုင်တွယ်တော့မှာ ဖြစ်ပြီး ဒီတပတ်ထဲမှာပဲ အတည်ပြု ကြေငြာဖွယ် ရှိပါတယ်။

ဂျူဗင်တပ်သို့ ဆာရီက တစ်နှစ် ယူရို ၆ သန်း လစာနဲ့ နည်းပြအဖြစ် ကိုင်တွယ်ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်သော်လည်း ဂျူဗင်တပ်က ပိုချက်တီနိုရဲ့ အခြေအနေကို စောင့်ကြည့်လိုသေးပြီး ဆာရီဘက်ကည်း ချယ်ဆီးကနေ ထွက်လာဖို့ သဘောတူညီမှု မရသေးပါဘူး။