ဝက်ဟမ်းကို ရှုံးနိမ့်မှုကို အမှားတွေကြောင့် ပေးဆပ်ရမှုလို့ ဗန်ဒိုက်က လက်ခံခဲ့ပြီး အသင်းက ပြန်တုန့်ပြန်နိုင်ဖို့ လိုပါတယ်လို့ ဗန်ဒိုက်က ဝန်ခံလိုက်ပါတယ်။

နိုင်ငံတကာ သီတင်းပတ် ဝင်ရောက်လာခြင်းကြောင့် ဗန်ဒိုက် ဦးဆောင်တဲ့ လီဗာပူး အသင်းသားတွေဟာ ရလဒ်ကို ချက်ခြင်းတော့ ချေဖျက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ ပြိုင်ဘက်က တန်ပြန်တိုက်စစ်တွေကို အားကိုးပြီး ရင်ဆိုင်လာမှုကို တည်တည်ငြိမ်ငြိမ် ကာကွယ်နိုင်ခဲ့ခြင်း မရှိတာကို ဗန်ဒိုက်က ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

ရှုံးပွဲပြီးမှာ ဗန်ဒိုက်က “ ဒါက တကယ့်စိတ်ပျက်စရာကြီးပဲ။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်ကိုယ်ကို အားပေးပြီး ပြန်ထလာဖို့လိုတယ်။ ပြင်းထန်တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဘာမှမမှားခဲ့ဘူး။ သူတို့တွေ ကောင်းကောင်းခုခံခဲ့ပြီး ကျွန်တော်တို့ ထိုက်တန်နဲ့ ချေပဂိုးတစ်ဂိုး သွင်းယူခဲ့တယ်။

ဒုတိယပိုင်းကတော့ အနည်းငယ် မဆင်မခြင်လုပ်ခဲ့မိတယ်။ ကျွန်တော်တို့ ၂-၁ နဲ့ ဦးဆောင်ချင်လွန်းနေခဲ့တာပါ။ ဆန္ဒစောလွန်းနေတဲ့ ကျွန်တော်တို့ကို အခွင့်အရေးယူပြီး ပြိုင်ဘက်တွေက တန်ပြန်တိုက်စစ်တွေအပေါ် အားကိုးလာခဲ့တယ်။ အဲ့ဒါက ပွဲကို လစ်ဟာသွားစေခဲ့တာပါ။ တခါတလေ ကျွန်တော်တို့ ပိုပြီး တည်တည်ငြိမ်ငြိမ်ရှိဖို့လိုပြီး ဘောလုံးကို စိတ်ရှည်ရှည်နဲ့ ဆက်ထိန်းထားဖို့ လိုတယ်။

ပထမဂိုးမှာဆိုရင်လည်း အယ်လစ်ဆန်က တချိန်လုံး လူကပ်ခံထားရတာကို ကျွန်တော်မြင်ခဲ့တယ်။ စည်းမျဉ်းတွေအရ ဘယ်လိုမျိုး အဲ့ဂိုးကို ပေးလိုက်လဲဆိုတာ ဘယ်သူမှ မသိဘူး။ အဲ့ဒါက ပြစ်ဒဏ်ကျူးလွန်မှု တစ်ခု ဖြစ်ခဲ့တာပါ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဝက္ဟမ္းကို ရွံဳးနိမ့္မႈကို အမွားေတြေၾကာင့္ ေပးဆပ္ရမႈလို႔ ဗန္ဒိုက္က လက္ခံခဲ့ျပီး အသင္းက ျပန္တုန္႔ျပန္ႏုိင္ဖို႔ လိုပါတယ္လို႔ ဗန္ဒိုက္က ဝန္ခံလိုက္ပါတယ္။

ႏုိင္ငံတကာ သီတင္းပတ္ ဝင္ေရာက္လာျခင္းေၾကာင့္ ဗန္ဒိုက္ ဦးေဆာင္တဲ့ လီဗာပူး အသင္းသားေတြဟာ ရလဒ္ကို ခ်က္ျခင္းေတာ့ ေခ်ဖ်က္ႏုိင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္လို႔ ျပိဳင္ဘက္က တန္ျပန္တိုက္စစ္ေတြကို အားကိုးျပီး ရင္ဆိုင္လာမႈကို တည္တည္ျငိမ္ျငိမ္ ကာကြယ္ႏုိင္ခဲ့ျခင္း မရွိတာကို ဗန္ဒိုက္က ဝန္ခံခဲ့တာ ျဖစ္ပါတယ္။

ရႈံးပြဲၿပီးမွာ ဗန္ဒိုက္က “ ဒါက တကယ့္စိတ္ပ်က္စရာႀကီးပဲ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ကိုယ့္ကိုယ္ကို အားေပးၿပီး ျပန္ထလာဖို႔လိုတယ္။ ျပင္းထန္တဲ့ ပြဲတစ္ပြဲ ျဖစ္ခဲ့ပါတယ္။ ပထမပိုင္းမွာ ဘာမွမမွားခဲ့ဘူး။ သူတို႔ေတြ ေကာင္းေကာင္းခုခံခဲ့ၿပီး ကြၽန္ေတာ္တို႔ ထိုက္တန္နဲ႔ ေခ်ပဂိုးတစ္ဂိုး သြင္းယူခဲ့တယ္။

ဒုတိယပိုင္းကေတာ့ အနည္းငယ္ မဆင္မျခင္လုပ္ခဲ့မိတယ္။ ကြၽန္ေတာ္တို႔ ၂-၁ နဲ႔ ဦးေဆာင္ခ်င္လြန္းေနခဲ့တာပါ။ ဆႏၵေစာလြန္းေနတဲ့ ကြၽန္ေတာ္တို႔ကို အခြင့္အေရးယူၿပီး ၿပိဳင္ဘက္ေတြက တန္ျပန္တိုက္စစ္ေတြအေပၚ အားကိုးလာခဲ့တယ္။ အဲ့ဒါက ပြဲကို လစ္ဟာသြားေစခဲ့တာပါ။ တခါတေလ ကြၽန္ေတာ္တို႔ ပိုၿပီး တည္တည္ၿငိမ္ၿငိမ္ရွိဖို႔လိုၿပီး ေဘာလုံးကို စိတ္ရွည္ရွည္နဲ႔ ဆက္ထိန္းထားဖို႔ လိုတယ္။

ပထမဂိုးမွာဆိုရင္လည္း အယ္လစ္ဆန္က တခ်ိန္လုံး လူကပ္ခံထားရတာကို ကြၽန္ေတာ္ျမင္ခဲ့တယ္။ စည္းမ်ဥ္းေတြအရ ဘယ္လိုမ်ိဳး အဲ့ဂိုးကို ေပးလိုက္လဲဆိုတာ ဘယ္သူမွ မသိဘူး။ အဲ့ဒါက ျပစ္ဒဏ္က်ဴးလြန္မႈ တစ္ခု ျဖစ္ခဲ့တာပါ ” လို႔ မွတ္ခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။