လီဗာပူးတိုက်စစ်သမား မာနေးဟာ လက်ရွေးစင် တာဝန် ထမ်းဆောင်ရင် တန်ဂိုနဲ့ပွဲမှာ အသေးစား ဒဏ်ရာကြောင့် ကွင်းထဲကနေ ခပ်စောစောမှာပဲ ထွက်ခွာခဲ့ရပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာတင် အမြင့်ဘော စိန်ခေါ်မှုမှာ နာကျင်သွားတာကြောင့် မာနေးကို လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။ မာနေးဟာ ပွဲကို ဆက်မကစားနိုင်တဲ့ အနေအထား မြင်ခဲ့ရတာကြောင့် လီဗာပူးပရိသတ်တွေက သူ့ရဲ့ အခြေအနေကို စိတ်ပူနေခဲ့ရတာပါ။

ဝက်ဟမ်းပွဲကြိုမှာတင် ဖာမင်နိုကို ၆ ပတ်ဝန်းကျင် လက်လွတ်ရမှာဖြစ်တာကြောင့် မာနေးကိုပါ လက်လွတ်ရရင် လီဗာပူးက ပွဲကြပ်ကာလမှာ အထိနာလာဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဆီနီဂေါ နည်းပြက ပွဲအပြီးမှာပဲ အခြေအနေက အရမ်း မဆိုးပါဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

ဆီနီဂေါနည်းပြက ‘ ဟုတ်ပါတယ်။ ဆာဒီယို ကွင်းထဲကနေ ထွက်သွားရတာက ကျနေ်ာတို့ကို မတည်မငြိမ် ဖြစ်စေပါတယ်။ သူက ကျနေ်ာတို့အတွက် အရေးပါတဲ့ ကစားသမား ဖြစ်ပါတယ်။ သူ့ကို ကွင်းထဲကနေ ထုတ်ရတာက ကြိုတင် ပြင်ဆင်မှုအတွက် ဖြစ်ပါတယ်။ ဒဏ်ရာ ကြီးကြီးမားမား မရှိပါဘူး ‘ လို့ ဆိုခဲ့တာဖြစ်တယ်။

လက်ရှိ လီဗာပူးအသင်းမှာ ကွင်းလယ်လူတွေ အများအပြား ဒဏ်ရာရနေတာဖြစ်လို့ နောက်ထပ် ဒဏ်ရာ ပြဿနာသစ်တွေ ထပ်မမြင်ရဖို့ရာ မျှော်လင့်နေရတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမား မာေနးဟာ လက္ေရြးစင္ တာဝန္ ထမ္းေဆာင္ရင္ တန္ဂိုနဲ႔ပြဲမွာ အေသးစား ဒဏ္ရာေၾကာင့္ ကြင္းထဲကေန ခပ္ေစာေစာမွာပဲ ထြက္ခြာခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာတင္ အျမင့္ေဘာ စိန္ေခၚမႈမွာ နာက်င္သြားတာေၾကာင့္ မာေနးကို လူစားလဲခဲ့ရတာ ျဖစ္ပါတယ္။ မာေနးဟာ ပြဲကို ဆက္မကစားႏုိင္တဲ့ အေနအထား ျမင္ခဲ့ရတာေၾကာင့္ လီဗာပူးပရိသတ္ေတြက သူ႔ရဲ႕ အေျခအေနကို စိတ္ပူေနခဲ့ရတာပါ။

ဝက္ဟမ္းပြဲၾကိဳမွာတင္ ဖာမင္ႏိုကို ၆ ပတ္ဝန္းက်င္ လက္လြတ္ရမွာျဖစ္တာေၾကာင့္ မာေနးကိုပါ လက္လြတ္ရရင္ လီဗာပူးက ပြဲၾကပ္ကာလမွာ အထိနာလာဖို႔ ရွိေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္လို႔ ဆီနီေဂါ နည္းျပက ပြဲအျပီးမွာပဲ အေျခအေနက အရမ္း မဆိုးပါဘူးလို႔ ဖြင့္ဟခဲ့ပါတယ္။

ဆီနီေဂါနည္းျပက ‘ ဟုတ္ပါတယ္။ ဆာဒီယို ကြင္းထဲကေန ထြက္သြားရတာက က်ေန္ာတို႔ကို မတည္မျငိမ္ ျဖစ္ေစပါတယ္။ သူက က်ေန္ာတို႔အတြက္ အေရးပါတဲ့ ကစားသမား ျဖစ္ပါတယ္။ သူ႔ကို ကြင္းထဲကေန ထုတ္ရတာက ၾကိဳတင္ ျပင္ဆင္မႈအတြက္ ျဖစ္ပါတယ္။ ဒဏ္ရာ ၾကီးၾကီးမားမား မရွိပါဘူး ‘ လို႔ ဆိုခဲ့တာျဖစ္တယ္။

လက္ရွိ လီဗာပူးအသင္းမွာ ကြင္းလယ္လူေတြ အမ်ားအျပား ဒဏ္ရာရေနတာျဖစ္လို႔ ေနာက္ထပ္ ဒဏ္ရာ ျပႆနာသစ္ေတြ ထပ္မျမင္ရဖို႔ရာ ေမွ်ာ္လင့္ေနရတာ ျဖစ္ပါတယ္။