အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပုံမှန်ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့ ထရန့်က သူတာဝန်ယူရမယ့် ကိစ္စတွေကို ပိုမို နားလည်လာအောင် လေ့ကျင့်ပြီး ကြိုးစားနေပါကြောင်း ထုတ်ပြောလာပါတယ်။

အင်္ဂလန်အသင်းမှာတော့ ဝေါ်ကာ၊ ထရစ်ပီယာ၊ ရိစ်ဂျိမ်းနဲ့ ထရန့်တို့ဟာ ညာခြမ်း အစွန်နေရာအတွက် ပြိုင်ဆိုင်နေရတာပါ။ နောက်ပိုင်းမှာ မန်နေဂျာဆောက်ဂိတ်က ထရန့်နဲ့ ရိစ်ဂျိမ်းတို့ကို ပိုမို နေရာပေးမယ့် သဘောတွေ ပြသနေပေမယ့် တစ်ဦးဦးကို ဦးစားပေးအဖြစ် ရွေးချယ်လာခြင်းတော့ မရှိသေးပါဘူး။

ထရန့်ဟာ ဆမ်မာရီနိုပွဲမှာတော့ ပွဲထွက် လူစာရင်းကနေ ပါဝင်ခွင့်ရခဲ့ပြီး ၁၀-၀ အနိုင်ရတဲ့ အသင်းအတွက် ဂိုးထောက်ပံ့မှု ၃ ကြိမ်ထိ လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

ထရန့်က ” ကျနော် စိတ်ထဲမှာလည်း အတွေးတွေ အများကြီးဖြစ်နေပါတယ်။ ဘာလို့ အဆင်မပြေသေးတာလဲပေါ့။ ခြားနားတဲ့ နေရာနှစ်ခု၊ ခြားနားတဲ့ တာဝန်တွေနဲ့ ခြားနားစွာ ကစားနေရတာဖြစ်ပါတယ်။

ကျနော်အတွက် အကောင်းဆုံးဖြစ်တဲ့ ခံစားချက်ကတော့ လွတ်လပ်စွာ ကစားခွင့် ရနေချိန်မှာပါပဲ။ ကျနော်က ခံစစ်ပိုင်းတာဝန်တွေကိုလည်း ရယူရဖို့ ရှိနေပါတယ်။ အင်္ဂလန်အသင်းအတွက် ကြီးမားတဲ့ အစိတ်အပိုင်းကနေ ပါဝင်ခွင့်ရနေပြီး ကစား ဘောလုံးကစားခွင့်ရနေချိန်မှာ အကောင်းဆုံး ကစားနေတယ်လို့ ခံစားရတယ်။

ကိုယ်ဘာသာ အကန့်အသတ်ထားတာတွေ လုပ်ရတာကို မကြိုက်ပါဘူး။ အခုချိန်မှာ လေ့ကျင့်ေးကို အာရုံစိုက်ပြီး ညာခြမ်း အတက်အဆင်း ကစားဖို့ လေ့ကျင့်နေတယ်။ မှန်ကန်တဲ့ စနစ်မှာ မှန်ကန်တဲ့ နည်းစနစ်ကို ရှာဖွေနိုင်ဖို့က အရေးကြီးပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

အဂၤလန္လက္ေရြးစင္အသင္းမွာ ပံုမွန္ပြဲကစားခြင့္ရဖို႔ ရုန္းကန္ေနရတဲ့ ထရန္႔က သူတာဝန္ယူရမယ့္ ကိစၥေတြကို ပိုမို နားလည္လာေအာင္ ေလ့က်င့္ျပီး ၾကိဳးစားေနပါေၾကာင္း ထုတ္ေျပာလာပါတယ္။

အဂၤလန္အသင္းမွာေတာ့ ေဝၚကာ၊ ထရစ္ပီယာ၊ ရိစ္ဂ်ိမ္းနဲ႔ ထရန္႔တို႔ဟာ ညာျခမ္း အစြန္ေနရာအတြက္ ျပိဳင္ဆိုင္ေနရတာပါ။ ေနာက္ပိုင္းမွာ မန္ေနဂ်ာေဆာက္ဂိတ္က ထရန္႔နဲ႔ ရိစ္ဂ်ိမ္းတို႔ကို ပိုမို ေနရာေပးမယ့္ သေဘာေတြ ျပသေနေပမယ့္ တစ္ဦးဦးကို ဦးစားေပးအျဖစ္ ေရြးခ်ယ္လာျခင္းေတာ့ မရွိေသးပါဘူး။

ထရန္႔ဟာ ဆမ္မာရီႏိုပြဲမွာေတာ့ ပြဲထြက္ လူစာရင္းကေန ပါဝင္ခြင့္ရခဲ့ျပီး ၁၀-၀ အႏုိင္ရတဲ့ အသင္းအတြက္ ဂိုးေထာက္ပံ့မႈ ၃ ၾကိမ္ထိ လုပ္ေပးခဲ့တာ ျဖစ္ပါတယ္။

ထရန္႔က ” က်ေနာ္ စိတ္ထဲမွာလည္း အေတြးေတြ အမ်ားၾကီးျဖစ္ေနပါတယ္။ ဘာလို႔ အဆင္မေျပေသးတာလဲေပါ့။ ျခားနားတဲ့ ေနရာႏွစ္ခု၊ ျခားနားတဲ့ တာဝန္ေတြနဲ႔ ျခားနားစြာ ကစားေနရတာျဖစ္ပါတယ္။

က်ေနာ္အတြက္ အေကာင္းဆံုးျဖစ္တဲ့ ခံစားခ်က္ကေတာ့ လြတ္လပ္စြာ ကစားခြင့္ ရေနခ်ိန္မွာပါပဲ။ က်ေနာ္က ခံစစ္ပိုင္းတာဝန္ေတြကိုလည္း ရယူရဖို႔ ရွိေနပါတယ္။ အဂၤလန္အသင္းအတြက္ ၾကီးမားတဲ့ အစိတ္အပိုင္းကေန ပါဝင္ခြင့္ရေနျပီး ကစား ေဘာလုံးကစားခြင့္ရေနခ်ိန္မွာ အေကာင္းဆံုး ကစားေနတယ္လို႔ ခံစားရတယ္။

ကိုယ္ဘာသာ အကန္႔အသတ္ထားတာေတြ လုပ္ရတာကို မၾကိဳက္ပါဘူး။ အခုခ်ိန္မွာ ေလ့က်င့္ေးကို အာရံုစိုက္ျပီး ညာျခမ္း အတက္အဆင္း ကစားဖို႔ ေလ့က်င့္ေနတယ္။ မွန္ကန္တဲ့ စနစ္မွာ မွန္ကန္တဲ့ နည္းစနစ္ကို ရွာေဖြႏုိင္ဖို႔က အေရးၾကီးပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။