ကိုနတေးရဲ့ ပုဂ္ဂိုလ်ရေး မျှော်လင့်ချက်က လီဗာပူးအသင်းအတွက် ပုံမှန်ကစားခွင့်ရဖို့ဖြစ်ပြီး ဒါမှ သူ့ရဲ့ ရည်မှန်းချက်တွေထံ ရောက်ရှိမယ်လို့ သူက နားလည်ထားပါတယ်။

လီဗာပူးမှာ ဆက်လက်တိုးတက်မှုနဲ့ အောင်မြင်မှု အကျိုးဆက်က သူ့အတွက် စီနီယာ လက်ရွေးစင်အသင်းမှာ ပွဲဦးထွက်ခွင့် ရရှိစေနိုင်မှာပါ။ လူငယ်အဆင့် အသင်းများစွာမှာ ကစားခဲ့ရတဲ့ ကိုနတေး အနေနဲ့ ထိပ်တန်းအဆင့်မှာ ပြင်သစ်အသင်းကို ကိုယ်စားပြုဖို့က သူ့ရဲ့ ရည်မှန်းချက်တစ်ခုဖြစ်ပါတယ်။

“ ကလပ်အတွက် ကောင်းကောင်းလုပ်နိုင်ရင် နိုင်ငံအသင်းထံ သွားရမှာပါ။ အထူးသဖြင့် လီဗာပူးလို ဥရောပ ထိပ်တန်းအသင်းကြီးမှာ ရှိနေရင်ပေါ့။ ကျွန်တော် ကလပ်အပေါ်မှာ အာရုံစိုက်ထားတယ်။ ပိုပြီးကစားခွင့်ရဖို့ လိုပါတယ်။ ကျွန်တော် နေ့တိုင်း တိုးတက်ဖို့ လိုအပ်ပါတယ်။

နိုင်ငံအသင်းအတွက် ကစားပေးရဖို့က ကျွန်တော်နဲ့ မိသားစုရဲ့ အိမ်မက်ဆိုတာ အမှန်ပါပဲ။ ပြင်သစ်ရဲ့ လူငယ်အဆင့်မှာ ကစားရတာက သိပ်ကောင်းခဲ့ပါတယ်။ နိုင်ငံအသင်းမှာ ကျွန်တော် တွဲကစားခဲ့တဲ့ သူတိုင်းက ကျွန်တော့်သူငယ်ချင်း ဖြစ်ခဲ့တယ်။

ကျွန်တော် ဂျာမနီမှာ ရှိနေခဲ့တုန်းက နိုင်ငံအသင်းကို သွားဖို့ အဓိက အာရုံစိုက်ခဲ့တယ်။ အခု လီဗာပူးမှာကျတော့ အသင်းအတွက်ပဲ အာရုံစိုက်ထားတယ်။ ဒီအသင်းမှာ ကျွန်တော်ဟာ ကစားသမားကောင်းတွေနဲ့အတူ ရှိနေပြီး နေ့တိုင်း သူတို့ဆီကနေ သင်ယူနိုင်ပါတယ်”လို့ ကိုနတေးက ပြောပြခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဟာ နိုင်ငံတကာ သီတင်းပတ်မတိုင်ခင် ဒီရာသီ ပထမဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့ရပေမယ့် ပရီးမီးယားလိဂ်မှာ ဇယားထိပ်ကအသင်းနဲ့ ၄ မှတ်သာ ကွာဟနေပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ နောက်လ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်မှာ လက်စတာနဲ့ တွေ့ဆုံရမှာ ဖြစ်လို့ ဒီပွဲတွေမှာ ကိုနတေး ပွဲထွက်ခွင့်တွေ ရလာဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။

ZAWGYI

ကိုနေတးရဲ႕ ပုဂၢိဳလ္ေရး ေမွ်ာ္လင့္ခ်က္က လီဗာပူးအသင္းအတြက္ ပံုမွန္ကစားခြင့္ရဖို႔ျဖစ္ျပီး ဒါမွ သူ႔ရဲ႕ ရည္မွန္းခ်က္ေတြထံ ေရာက္ရွိမယ္လို႔ သူက နားလည္ထားပါတယ္။

လီဗာပူးမွာ ဆက္လက္တိုးတက္မႈနဲ႔ ေအာင္ျမင္မႈ အက်ိဳးဆက္က သူ႔အတြက္ စီနီယာ လက္ေ႐ြးစင္အသင္းမွာ ပြဲဦးထြက္ခြင့္ ရရွိေစႏိုင္မွာပါ။ လူငယ္အဆင့္ အသင္းမ်ားစြာမွာ ကစားခဲ့ရတဲ့ ကိုနေတး အေနနဲ႔ ထိပ္တန္းအဆင့္မွာ ျပင္သစ္အသင္းကို ကိုယ္စားျပဳဖို႔က သူ႔ရဲ႕ ရည္မွန္းခ်က္တစ္ခုျဖစ္ပါတယ္။

“ ကလပ္အတြက္ ေကာင္းေကာင္းလုပ္ႏိုင္ရင္ ႏိုင္ငံအသင္းထံ သြားရမွာပါ။ အထူးသျဖင့္ လီဗာပူးလို ဥေရာပ ထိပ္တန္းအသင္းႀကီးမွာ ရွိေနရင္ေပါ့။ ကြၽန္ေတာ္ ကလပ္အေပၚမွာ အာ႐ုံစိုက္ထားတယ္။ ပိုၿပီးကစားခြင့္ရဖို႔ လိုပါတယ္။ ကြၽန္ေတာ္ ေန႔တိုင္း တိုးတက္ဖို႔ လိုအပ္ပါတယ္။

ႏိုင္ငံအသင္းအတြက္ ကစားေပးရဖို႔က ကြၽန္ေတာ္နဲ႔ မိသားစုရဲ႕ အိမ္မက္ဆိုတာ အမွန္ပါပဲ။ ျပင္သစ္ရဲ႕ လူငယ္အဆင့္မွာ ကစားရတာက သိပ္ေကာင္းခဲ့ပါတယ္။ ႏိုင္ငံအသင္းမွာ ကြၽန္ေတာ္ တြဲကစားခဲ့တဲ့ သူတိုင္းက ကြၽန္ေတာ့္သူငယ္ခ်င္း ျဖစ္ခဲ့တယ္။

ကြၽန္ေတာ္ ဂ်ာမနီမွာ ရွိေနခဲ့တုန္းက ႏိုင္ငံအသင္းကို သြားဖို႔ အဓိက အာ႐ုံစိုက္ခဲ့တယ္။ အခု လီဗာပူးမွာက်ေတာ့ အသင္းအတြက္ပဲ အာ႐ုံစိုက္ထားတယ္။ ဒီအသင္းမွာ ကြၽန္ေတာ္ဟာ ကစားသမားေကာင္းေတြနဲ႔အတူ ရွိေနၿပီး ေန႔တိုင္း သူတို႔ဆီကေန သင္ယူႏိုင္ပါတယ္”လို႔ ကိုနေတးက ေျပာျပခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးဟာ ႏိုင္ငံတကာ သီတင္းပတ္မတိုင္ခင္ ဒီရာသီ ပထမဆုံးရႈံးပြဲကို ႀကဳံေတြ႕ခဲ့ရေပမယ့္ ပရီးမီးယားလိဂ္မွာ ဇယားထိပ္ကအသင္းနဲ႔ ၄ မွတ္သာ ကြာဟေနၿပီး ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။ ေနာက္လ ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္မွာ လက္စတာနဲ႔ ေတြ႕ဆုံရမွာ ျဖစ္လို႔ ဒီပြဲေတြမွာ ကိုနေတး ပြဲထြက္ခြင့္ေတြ ရလာဖို႔ ရွိေနတာပဲ ျဖစ္ပါတယ္။