စတီဗင်ဂျရတ်က အက်စတွန်ဗီလာ နည်းပြအဖြစ် တာဝန်ယူစဉ်မှာပဲ လီဗာပူးနည်းပြ ကလော့ပ်ထံက မက်ဆေ့တစ်ခု လက်ခံရရှိခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်ဟောင်းဟာ စကော်တလန်မှာ ၃ နှစ်ကြာ ကျင်လည်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကို တစ်ကျော့ ပြန်လာခဲ့ပြီဖြစ်ပါတယ်။ သူဟာ ဗီလာနဲ့အတူ ပရီးမီးယားလိဂ်မှာ အဆင့်ကောင်းဖို့နဲ့ ဥရောပ ဝင်ခွင့် တစ်နေရာရဖို့ ကြိုးစားသွားရတော့မှာ ဖြစ်ပါတယ်။

လာမယ့်လမှာ လီဗာပူးနဲ့ ပြန်လည် ထိပ်တိုက်တွေ့ရတော့မယ့် အက်စတွန်ဗီလာ နည်းပြက ပြောရာမှာ

” ကလော့ပ် သူ့ခွေးလေးနဲ့ လမ်းလျှောက်ထွက်တိုင်း ကျနော်နဲ့ စကားပြောကြလေ့ ရှိပါတယ်။ ကျနေ်ာတို့ နှစ်ယောက် နေတဲ့ နေရာတွေက နီးပါတယ်။ သူက သိပ်ကောင်းတဲ့သူပါ၊ နည်းပြကောင်းပါ။ လီဗာပူးက သူ့လို နည်းပြကို ပိုင်ဆိုင်ထားတာ သိပ်ကို ကံကောင်းပါတယ်။ သူလီဗာပူးမှာ အချိန်အကြာကြီးလည်း ဆက်ရှိနေမှာပါ။

သူက ကျနော်ကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ရင်းရင်းနှီးနှီး ပွေ့ဖက်မှုကြီး လုပ်ရဖို့ မစောင့်နိုင်အောင်ပဲလို့ မက်ဆေ့ပိုခဲ့တယ်။ ကျနော်လည်း အဲ့ရက်ကို စောင့်မျှော်နေမိပါတယ် ” လို့ ဂျရတ်က ပြောပြခဲ့တာဖြစ်တယ်။

လီဗာပူးအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သလို မဟာဂန္တဝင်ကြီးတစ်ပါး ဖြစ်တဲ့အထိ အသင်းအတွက် ပေးဆပ်ခဲ့တဲ့ ဂျရတ်ဟာ ၂၀၁၈ တုန်းကပဲ ရိန်းဂျားအသင်းကို နည်းပြအဖြစ် ကိုင်တွယ်ဖို့ လီဗာပူးအသင်းကနေ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

ရိန်းဂျားမှာ အောင်မြင်တဲ့ နည်းပြဘဝကို ပိုင်ဆိုင်ခဲ့တဲ့နောက် ဗီလာက သူ့ကို မျှော်လင့်ချက် ကြီးကြီးမားမားဖြင့် ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI

စတီဗင္ဂ်ရတ္က အက္စတြန္ဗီလာ နည္းျပအျဖစ္ တာဝန္ယူစဥ္မွာပဲ လီဗာပူးနည္းျပ ကေလာ့ပ္ထံက မက္ေဆ့တစ္ခု လက္ခံရရွိခဲ့တယ္လို႔ ေျပာျပခဲ့ပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္းဟာ စေကာ္တလန္မွာ ၃ ႏွစ္ၾကာ က်င္လည္ခဲ့ျပီးေနာက္ ပရီးမီးယားလိဂ္ကို တစ္ေက်ာ့ ျပန္လာခဲ့ျပီျဖစ္ပါတယ္။ သူဟာ ဗီလာနဲ႔အတူ ပရီးမီးယားလိဂ္မွာ အဆင့္ေကာင္းဖို႔နဲ႔ ဥေရာပ ဝင္ခြင့္ တစ္ေနရာရဖို႔ ၾကိဳးစားသြားရေတာ့မွာ ျဖစ္ပါတယ္။

လာမယ့္လမွာ လီဗာပူးနဲ႔ ျပန္လည္ ထိပ္တိုက္ေတြ႔ရေတာ့မယ့္ အက္စတြန္ဗီလာ နည္းျပက ေျပာရာမွာ

” ကေလာ့ပ္ သူ႔ေခြးေလးနဲ႔ လမ္းေလွ်ာက္ထြက္တိုင္း က်ေနာ္နဲ႔ စကားေျပာၾကေလ့ ရွိပါတယ္။ က်ေန္ာတို႔ ႏွစ္ေယာက္ ေနတဲ့ ေနရာေတြက နီးပါတယ္။ သူက သိပ္ေကာင္းတဲ့သူပါ၊ နည္းျပေကာင္းပါ။ လီဗာပူးက သူ႔လို နည္းျပကို ပိုင္ဆိုင္ထားတာ သိပ္ကို ကံေကာင္းပါတယ္။ သူလီဗာပူးမွာ အခ်ိန္အၾကာၾကီးလည္း ဆက္ရွိေနမွာပါ။

သူက က်ေနာ္ကို ဒီဇင္ဘာလ ၁၁ ရက္ေန႔မွာ ရင္းရင္းႏွီးႏွီး ေပြ႔ဖက္မႈၾကီး လုပ္ရဖို႔ မေစာင့္ႏုိင္ေအာင္ပဲလို႔ မက္ေဆ့ပိုခဲ့တယ္။ က်ေနာ္လည္း အဲ့ရက္ကို ေစာင့္ေမွ်ာ္ေနမိပါတယ္ ” လို႔ ဂ်ရတ္က ေျပာျပခဲ့တာျဖစ္တယ္။

လီဗာပူးအကယ္ဒမီကေန ေပၚထြက္လာခဲ့သလို မဟာဂႏၱဝင္ၾကီးတစ္ပါး ျဖစ္တဲ့အထိ အသင္းအတြက္ ေပးဆပ္ခဲ့တဲ့ ဂ်ရတ္ဟာ ၂၀၁၈ တုန္းကပဲ ရိန္းဂ်ားအသင္းကို နည္းျပအျဖစ္ ကိုင္တြယ္ဖို႔ လီဗာပူးအသင္းကေန ထြက္ခြာသြားခဲ့တာ ျဖစ္ပါတယ္။

ရိန္းဂ်ားမွာ ေအာင္ျမင္တဲ့ နည္းျပဘဝကို ပိုင္ဆိုင္ခဲ့တဲ့ေနာက္ ဗီလာက သူ႔ကို ေမွ်ာ္လင့္ခ်က္ ၾကီးၾကီးမားမားျဖင့္ ေခၚယူခဲ့တာပဲ ျဖစ္ပါတယ္။