ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူး အသင်းဟာ ဒီနောက်ပိုင်း ပွဲစဉ်တွေမှာ စွမ်းဆောင်ရည် ကောင်းနေတဲ့ အာဆင်နယ်ကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ လီဗာပူးနဲ့ အာဆင်နယ်ပွဲ အတွက် ပေါလ်မာဆန်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

လီဗာပူး Vs အာဆင်နယ်
ပရီးမီးယားလိဂ် ပွဲစဉ် (၁၂)
နိုဝင်ဘာလ ၂၀ ရက်၊ စနေနေ့။
မြန်မာစံတော်ချိန် ည ၁၂း၀၀ နာရီ။

ပေါလ်မာဆန် သုံးသပ်ချက်။ ။ ဒီသီတင်းပတ်မှာ ထိပ်တိုက်တွေ့ကြတာက နှစ်သင်းလုံးအတွက် ပွဲကောင်းဖြစ်ပါတယ်။ လီဗာပူးက လိဂ်ကို အနိုင်ရလိုသလို ဝက်ဟမ်းကို အရေးနိမ့်မှုကနေ တုန့်ပြန်ပြလိုနေမှာဖြစ်တယ်။

အာဆင်နယ်ကလည်း ရလဒ်တွေ ဆက်တိုက်ကောင်းနေတယ်။ ဒါပေမယ့်လို့ သူတို့က ခဏတာ ကောင်းမွန်နေတဲ့ အသင်းလို့ အပြောခံချင်မှာ မဟုတ်ပါဘူး။ လိဂ်ရဲ့ အကောင်းဆုံး အသင်းကို ရင်ဆိုင်ကစားချိန်မှာ ရလဒ်ကောင်း ရဖို့လိုပါတယ်။ အဲ့လို မဟုတ်ရင်တော့ ပွဲကို အရေးနိမ့်စရာတွေ ရင်ဆိုင်ရနိုင်ပါတယ်။

ရာသီစတည်းက ကျနော် ပြောခဲ့ပါတယ်။ အာဆင်နယ်က ပွဲထွက် ၁၁ ဦးကို ကြံ့ခိုင်နေအောင် ထိန်းထားနိုင်ရင် သူတို့က ထိပ်ဆုံး ၄ သင်းစာရင်းထဲ ဝင်ပါတယ်။ ကလပ် နှစ်သင်းရဲ့ အနေအထားအရတော့ သရေဆိုတာဟာ အာဆင်နယ်အတွက် ကောင်းမွန်ပြီး လိဂ်ကို အနိုင်ရလိုတဲ့ လီဗာပူးကတော့ ပျော်ရွှင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ အန်ဖီးမှာ နှစ်သင်းက ရမှတ်တွေ ခွဲယူသွားမယ်လို့ ကျနော် ယူဆပါတယ်။

ပေါလ်မာဆန်ရဲ့ ခန့်မှန်းရလဒ်။ ။ လီဗာပူး ၁-၁ အာဆင်နယ်

ZAWGYI

ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ လီဗာပူး အသင္းဟာ ဒီေနာက္ပိုင္း ပြဲစဥ္ေတြမွာ စြမ္းေဆာင္ရည္ ေကာင္းေနတဲ့ အာဆင္နယ္ကို အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။ လီဗာပူးနဲ႔ အာဆင္နယ္ပြဲ အတြက္ ေပါလ္မာဆန္က အခုလို သုံးသပ္ ခန႔္မွန္းထားပါတယ္။

လီဗာပူး Vs အာဆင္နယ္
ပရီးမီးယားလိဂ္ ပြဲစဥ္ (၁၂)
ႏိုဝင္ဘာလ ၂၀ ရက္၊ စေနေန႔။
ျမန္မာစံေတာ္ခ်ိန္ ည ၁၂း၀၀ နာရီ။

ေပါလ္မာဆန္ သံုးသပ္ခ်က္။ ။ ဒီသီတင္းပတ္မွာ ထိပ္တိုက္ေတြ႔ၾကတာက ႏွစ္သင္းလံုးအတြက္ ပြဲေကာင္းျဖစ္ပါတယ္။ လီဗာပူးက လိဂ္ကို အႏုိင္ရလိုသလို ဝက္ဟမ္းကို အေရးနိမ့္မႈကေန တုန္႔ျပန္ျပလိုေနမွာျဖစ္တယ္။

အာဆင္နယ္ကလည္း ရလဒ္ေတြ ဆက္တိုက္ေကာင္းေနတယ္။ ဒါေပမယ့္လို႔ သူတို႔က ခဏတာ ေကာင္းမြန္ေနတဲ့ အသင္းလို႔ အေျပာခံခ်င္မွာ မဟုတ္ပါဘူး။ လိဂ္ရဲ႕ အေကာင္းဆံုး အသင္းကို ရင္ဆိုင္ကစားခ်ိန္မွာ ရလဒ္ေကာင္း ရဖို႔လိုပါတယ္။ အဲ့လို မဟုတ္ရင္ေတာ့ ပြဲကို အေရးနိမ့္စရာေတြ ရင္ဆိုင္ရႏုိင္ပါတယ္။

ရာသီစတည္းက က်ေနာ္ ေျပာခဲ့ပါတယ္။ အာဆင္နယ္က ပြဲထြက္ ၁၁ ဦးကို ၾကံ႕ခိုင္ေနေအာင္ ထိန္းထားႏုိင္ရင္ သူတို႔က ထိပ္ဆံုး ၄ သင္းစာရင္းထဲ ဝင္ပါတယ္။ ကလပ္ ႏွစ္သင္းရဲ႕ အေနအထားအရေတာ့ သေရဆိုတာဟာ အာဆင္နယ္အတြက္ ေကာင္းမြန္ျပီး လိဂ္ကို အႏုိင္ရလိုတဲ့ လီဗာပူးကေတာ့ ေပ်ာ္ရႊင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္လို႔ အန္ဖီးမွာ ႏွစ္သင္းက ရမွတ္ေတြ ခြဲယူသြားမယ္လို႔ က်ေနာ္ ယူဆပါတယ္။

ေပါလ္မာဆန္ရဲ႕ ခန္႔မွန္းရလဒ္။ ။ လီဗာပူး ၁-၁ အာဆင္နယ္