မန်နေဂျာယာဂင်က ပရီးမီးယားလိဂ်ကို ပြန်ရောက်လာတဲ့ စတီဗင်ဂျရတ်ကို ကြိုဆိုလိုက်ပြီး နှစ်သင်း ထိပ်တိုက်တွေ့မယ့်ပွဲကို မျှော်နေမိတယ်လို့ ဆိုပါတယ်။

လီဗာပူးနဲ့ ဆယ်နွယ်မှုကြောင့် နှစ်ဦးလုံးဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိပေမယ့်လည်း ဒီဇင်ဘာမှာ ယှဉ်ပြိုင်ရမယ့် အမှတ်ပေးပွဲမှာတော့ ကလော့ပ်ဟာ လီဗာပူးအတွက် ဦးဆောင်မှာဖြစ်သလို စတီဗင်ကလည်း ဗီလာအတွက် ဦးဆောင်မှာဖြစ်ပါတယ်။ အဲ့ပွဲအတွက် ခံစားချက်ကို ဘေးဖယ်ထားကြမှာကလွဲရင် နှစ်ဦးကြား ရင်းနှီးမှုတွေ ဆက်ရှိနေပါမယ်။

ယာဂင်က ” စတီဗင်အတွက် သိပ်ပျော်မိပါတယ်။ တကယ်ပါ။ ရိန်းဂျားမှာ သူလုပ်နေတဲ့ အလုပ်ကို နှစ်သက်နေပေမယ့် အခုတော့ ပရီးမီးယားလိဂ်ကို ရောက်လာတယ်။ အင်္ဂလန်လိဂ်မှာ အလုပ်လုပ်ခွင့်ရပြီဆိုရင် ကမ္ဘာပေါ်က မန်နေဂျာတိုင်းက လာချင်ကြမှာပါပဲ။

အက်စတွန်ဗီလာလို အသင်းမျိုးကို ကိုင်တွယ်ခွင့်ဆိုတော့ သူ အတော်လေး ကျေနပ်နေမယ်ဆိုတာ ကျနော် ပြောနိုင်ပါတယ်။ အသင်းကောင်းကို ကိုင်ခွင့်ရတာမို့ သူပအတွက်လည်း အခွင့်အရေးကြီးပါပဲ။

လာမယ့် သီတင်းပတ်လောက်မှာ ကျနေ်ာတို့နှစ်ယောက် အချင်းချင်း ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပါတယ်။ ကျနော် သူ့ကို မက်ဆေ့ ပို့ခဲ့သလို သူကလည်း မက်ဆေ့ ပြန်ပို့လာခဲ့ပါတယ်။ ဒီပွဲကို ကျနော် စောင့်မျှော်နေမှာပါ။

အခုကစပြီး ဗီလာပွဲတွေကို ပိုပြီး စောင့်ကြည့်သွားမှာပါ။ ဒါပေမယ့်လည်း ကျနေ်ာတို့ ထိပ်တိုက်တွေ့ချိန်မှာတော့ အနေအထားက ခြားနားနေမှာပါပဲ ဒါကလည်း ကောင်းတယ်လို့ ပြောရပါမယ်။

သူ့အတွက်ကော ကျနော်အတွက်ကော တူတူပါပဲ။ ၉၅ မိနစ် စာလောက်အတွက်တော့ ခံစားချက်တွေကို ဘေးဖယ်ထားကြရမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူ ဗီလာကို ရောက်လာတာ သတင်းကောင်းပါပဲ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

စတီဗင်ဂျရတ်ဟာ လီဗာပူး ယူ-၁၈ အသင်းကို ကိုင်တွယ်မှုဖြင့် နည်းပြလောကထဲ ဝင်ရောက်လာခဲ့တယ်။ သူဟာ ရိန်းဂျားမှာ အမှတ်ပေးဖလား အောင်မြင်ခဲ့ကာ ဒီရာသီမှာ အက်စတွန်ဗီလာကို ဆွဲတင်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္က ပရီးမီးယားလိဂ္ကို ျပန္ေရာက္လာတဲ့ စတီဗင္ဂ်ရတ္ကို ၾကိဳဆိုလိုက္ျပီး ႏွစ္သင္း ထိပ္တိုက္ေတြ႔မယ့္ပြဲကို ေမွ်ာ္ေနမိတယ္လို႔ ဆိုပါတယ္။

လီဗာပူးနဲ႔ ဆယ္ႏြယ္မႈေၾကာင့္ ႏွစ္ဦးလံုးဟာ ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြ ရွိေပမယ့္လည္း ဒီဇင္ဘာမွာ ယွဥ္ျပိဳင္ရမယ့္ အမွတ္ေပးပြဲမွာေတာ့ ကေလာ့ပ္ဟာ လီဗာပူးအတြက္ ဦးေဆာင္မွာျဖစ္သလို စတီဗင္ကလည္း ဗီလာအတြက္ ဦးေဆာင္မွာျဖစ္ပါတယ္။ အဲ့ပြဲအတြက္ ခံစားခ်က္ကို ေဘးဖယ္ထားၾကမွာကလြဲရင္ ႏွစ္ဦးၾကား ရင္းႏွီးမႈေတြ ဆက္ရွိေနပါမယ္။

ယာဂင္က ” စတီဗင္အတြက္ သိပ္ေပ်ာ္မိပါတယ္။ တကယ္ပါ။ ရိန္းဂ်ားမွာ သူလုပ္ေနတဲ့ အလုပ္ကို ႏွစ္သက္ေနေပမယ့္ အခုေတာ့ ပရီးမီးယားလိဂ္ကို ေရာက္လာတယ္။ အဂၤလန္လိဂ္မွာ အလုပ္လုပ္ခြင့္ရျပီဆိုရင္ ကမၻာေပၚက မန္ေနဂ်ာတိုင္းက လာခ်င္ၾကမွာပါပဲ။

အက္စတြန္ဗီလာလို အသင္းမ်ိဳးကို ကိုင္တြယ္ခြင့္ဆိုေတာ့ သူ အေတာ္ေလး ေက်နပ္ေနမယ္ဆိုတာ က်ေနာ္ ေျပာႏုိင္ပါတယ္။ အသင္းေကာင္းကို ကိုင္ခြင့္ရတာမို႔ သူပအတြက္လည္း အခြင့္အေရးၾကီးပါပဲ။

လာမယ့္ သီတင္းပတ္ေလာက္မွာ က်ေန္ာတို႔ႏွစ္ေယာက္ အခ်င္းခ်င္း ထိပ္တိုက္ေတြ႔ၾကမွာ ျဖစ္ပါတယ္။ က်ေနာ္ သူ႔ကို မက္ေဆ့ ပို႔ခဲ့သလို သူကလည္း မက္ေဆ့ ျပန္ပို႔လာခဲ့ပါတယ္။ ဒီပြဲကို က်ေနာ္ ေစာင့္ေမွ်ာ္ေနမွာပါ။

အခုကစျပီး ဗီလာပြဲေတြကို ပိုျပီး ေစာင့္ၾကည့္သြားမွာပါ။ ဒါေပမယ့္လည္း က်ေန္ာတို႔ ထိပ္တုိက္ေတြ႔ခ်ိန္မွာေတာ့ အေနအထားက ျခားနားေနမွာပါပဲ ဒါကလည္း ေကာင္းတယ္လို႔ ေျပာရပါမယ္။

သူ႔အတြက္ေကာ က်ေနာ္အတြက္ေကာ တူတူပါပဲ။ ၉၅ မိနစ္ စာေလာက္အတြက္ေတာ့ ခံစားခ်က္ေတြကို ေဘးဖယ္ထားၾကရမွာ ျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ သူ ဗီလာကို ေရာက္လာတာ သတင္းေကာင္းပါပဲ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။

စတီဗင္ဂ်ရတ္ဟာ လီဗာပူး ယူ-၁၈ အသင္းကို ကိုင္တြယ္မႈျဖင့္ နည္းျပေလာကထဲ ဝင္ေရာက္လာခဲ့တယ္။ သူဟာ ရိန္းဂ်ားမွာ အမွတ္ေပးဖလား ေအာင္ျမင္ခဲ့ကာ ဒီရာသီမွာ အက္စတြန္ဗီလာကို ဆြဲတင္ႏုိင္ဖို႔ ၾကိဳးစားရမွာ ျဖစ္ပါတယ္။