ဂယ်ရီနဗီးက ရင်းနှီးမြုပ်နှံမှု အင်အားခြင်း ကွာခြားမှုဟာ လီဗာပူးက မန်စီးတီး၊ ချယ်ဆီးကို ယှဉ်ပြိုင်ရေးမှာ အဓိက ရုန်းကန်ရမယ့် ကိစ္စပါလို့ ထုတ်ပြောလာပါတယ်။

လီဗာပူးက အာဆင်နယ်ကို ၄-၀ ဖြင့် အနိုင်ရပေမယ့်လို့ တူညီတဲ့ သတင်းပတ်မှာ ချယ်ဆီးက လက်စတာကို ၃-၀ ဖြင့် အနိုင်ရသလို မန်စီးတီးကလည်း အဲဗာတန်ကို ၃-၀ ဖြင့် အနိုင်ရခဲ့တာပါ။ ဒီအပတ်မှာ အသင်း ၃ သင်းလုံးက တောင့်တင်းတဲ့ ပွဲထွက်လူစာရင်းကို ထုတ်ခဲ့ကြပေမယ့် အရန်လူစာရင်း နှိုင်းယှဉ်မယ်ဆိုရင် လီဗာပူးဟာ ပရီးမီးယားလိဂ်ပွဲ မကစားဖူးတဲ့ လူငယ် ၄ ဦးကို ထည့်သွင်းခဲ့ရတာဖြစ်တယ်။

ပြဿနာတွေက စမလာသေးပေမယ့်လို့ ပွဲထွက်လူစာရင်းမှာ ဒဏ်ရာကြောင့် ကစားသမားတွေ ဆုံးရှုံးတာနဲ့ လီဗာပူးအတွက် ပြဿနာတွေ ဖြစ်လာလိမ့်မယ်လို့ နဗီးက မှတ်ချက်ပေးခဲ့တယ်။

“ လီဗာပူးနဲ့ ပတ်သက်ပြီး ရာသီစတည်းက ပြောပါတယ်။ သူတို့မှာ အကောင်းဆုံး ပွဲထွက် ၁၁ ဦးစာရင်း ရှိနေတယ်။ အဲ့တာက မပြောင်းလဲပါဘူး။ ဒါပေမယ့် ပွဲထွက် ၁၁ ဦးထဲက နှစ်ဦး၊ သုံးဦးလောက် ဒဏ်ရာရပြီဆိုတာနဲ့ သူတို့ တကယ်ကို ပြဿနာ တတ်ပါပြီ။

ယာဂင်ကလော့ပ်ရဲ့ အင်အား၊ အစဉ်အလာနဲ့ သမိုင်းကြောင်းတွေအရ လီဗာပူး အကောင်းဆုံး ယှဉ်ပြိုင်နိုင်မယ် ယူဆပေမယ့်လို့ သူတို့က တကယ်ကို ပြဿနာတွေ ရှိလာပါလိမ့်မယ်။ လိဂ်ကို စိန်ခေါ်ဖို့ဆိုတာ ချယ်ဆီး၊ မန်စီးတီးထက် လီဗာပူးက ပိုပြီး ရုန်းကန်သွားရမှာပါ။

ဒီအခြေအနေမှာ သူတို့က အသင်းကောင်းဆိုပေမယ့် သူတို့မှာ စီးတီးနဲ့ ချယ်ဆီးလို ရင်းနှီးမြုပ်နှံမှု အင်အားတွေ ရှိမနေပါဘူး။ လူစာရင်း တောင့်တင်းမှုလည်း မရှိပါဘူး။

မန်စီးတီးနဲ့ အဲဗာတန်ပွဲတုန်းက မန်စီးတီး အရန်လူစာရင်းနဲ့ လက်စတာပွဲတုန်းက ချယ်ဆီး အရန်လူစာရင်းကို ကြည့်လိုက်ပါ။ ဘောလုံးရာသီ တစ်ခုလုံးအတွက် နေရာတိုင်းမှာ တောင့်တင်းနေတာကို မြင်ပါလိမ့်မယ် ” လို့ နဗီးက ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဂယ္ရီနဗီးက ရင္းႏွီးျမဳပ္ႏွံမႈ အင္အားျခင္း ကြာျခားမႈဟာ လီဗာပူးက မန္စီးတီး၊ ခ်ယ္ဆီးကို ယွဥ္ျပိဳင္ေရးမွာ အဓိက ရုန္းကန္ရမယ့္ ကိစၥပါလို႔ ထုတ္ေျပာလာပါတယ္။

လီဗာပူးက အာဆင္နယ္ကို ၄-၀ ျဖင့္ အႏုိင္ရေပမယ့္လို႔ တူညီတဲ့ သတင္းပတ္မွာ ခ်ယ္ဆီးက လက္စတာကို ၃-၀ ျဖင့္ အႏုိင္ရသလို မန္စီးတီးကလည္း အဲဗာတန္ကို ၃-၀ ျဖင့္ အႏုိင္ရခဲ့တာပါ။ ဒီအပတ္မွာ အသင္း ၃ သင္းလံုးက ေတာင့္တင္းတဲ့ ပြဲထြက္လူစာရင္းကို ထုတ္ခဲ့ၾကေပမယ့္ အရန္လူစာရင္း ႏိႈင္းယွဥ္မယ္ဆိုရင္ လီဗာပူးဟာ ပရီးမီးယားလိဂ္ပြဲ မကစားဖူးတဲ့ လူငယ္ ၄ ဦးကို ထည့္သြင္းခဲ့ရတာျဖစ္တယ္။

ျပႆနာေတြက စမလာေသးေပမယ့္လို႔ ပြဲထြက္လူစာရင္းမွာ ဒဏ္ရာေၾကာင့္ ကစားသမားေတြ ဆံုးရွံဳးတာနဲ႔ လီဗာပူးအတြက္ ျပႆနာေတြ ျဖစ္လာလိမ့္မယ္လို႔ နဗီးက မွတ္ခ်က္ေပးခဲ့တယ္။

“ လီဗာပူးနဲ႔ ပတ္သက္ျပီး ရာသီစတည္းက ေျပာပါတယ္။ သူတို႔မွာ အေကာင္းဆံုး ပြဲထြက္ ၁၁ ဦးစာရင္း ရွိေနတယ္။ အဲ့တာက မေျပာင္းလဲပါဘူး။ ဒါေပမယ့္ ပြဲထြက္ ၁၁ ဦးထဲက ႏွစ္ဦး၊ သံုးဦးေလာက္ ဒဏ္ရာရျပီဆိုတာနဲ႔ သူတို႔ တကယ္ကို ျပႆနာ တတ္ပါျပီ။

ယာဂင္ကေလာ့ပ္ရဲ႕ အင္အား၊ အစဥ္အလာနဲ႔ သမိုင္းေၾကာင္းေတြအရ လီဗာပူး အေကာင္းဆံုး ယွဥ္ျပိဳင္ႏုိင္မယ္ ယူဆေပမယ့္လို႔ သူတို႔က တကယ္ကို ျပႆနာေတြ ရွိလာပါလိမ့္မယ္။ လိဂ္ကို စိန္ေခၚဖို႔ဆိုတာ ခ်ယ္ဆီး၊ မန္စီးတီးထက္ လီဗာပူးက ပိုျပီး ရုန္းကန္သြားရမွာပါ။

ဒီအေျခအေနမွာ သူတို႔က အသင္းေကာင္းဆိုေပမယ့္ သူတို႔မွာ စီးတီးနဲ႔ ခ်ယ္ဆီးလို ရင္းႏွီးျမဳပ္ႏွံမႈ အင္အားေတြ ရွိမေနပါဘူး။ လူစာရင္း ေတာင့္တင္းမႈလည္း မရွိပါဘူး။

မန္စီးတီးနဲ႔ အဲဗာတန္ပြဲတုန္းက မန္စီးတီး အရန္လူစာရင္းနဲ႔ လက္စတာပြဲတုန္းက ခ်ယ္ဆီး အရန္လူစာရင္းကို ၾကည့္လိုက္ပါ။ ေဘာလံုးရာသီ တစ္ခုလံုးအတြက္ ေနရာတိုင္းမွာ ေတာင့္တင္းေနတာကို ျမင္ပါလိမ့္မယ္ ” လို႔ နဗီးက ဆိုသြားခ့ဲတာ ျဖစ္ပါတယ္။