လီဗာပူးတိုက်စစ်သမားဟောင်းနဲ့ လက်ရှိ မန်နေဂျာအလုပ်တာဝန်တွေအတွက် ကြိုးစားနေတဲ့ နယ်သာလန်သားကြီး ဒါ့ကောက်က လီဗာပူးအသင်းရဲ့ နည်းစနစ်ပိုင်းအတွက် သူ့ရဲ့ အထင်ကြီးမှုကို ထုတ်ပြောခဲ့ပါတယ်။

ဒါ့ကောက်က လီဗာပူးရဲ့ ဖိအားပေး ကစားဟန်ဟာ ဟန်ချက်ညီမှုနဲ့အတူ အရှိန်အဟုန်ကို လိုအပ်သလို သုံးစွဲနိုင်နေတယ်လို့ မြင်တယ်။ ဒါနဲ့ ပတ်သက်လို့လည်း အာဆင်နယ်ပွဲမှာ ဂျိုတာရဲ့ ဖိအားပေးဖို့ အဆင်သင့်ရှိနေခြင်းနဲ့ ဂိုးသွင်းဖို့ အရှိန်ကို လိုအပ်သလို ထိန်းချုပ်နိုင်ခြင်းတွေနဲ့ ထောက်ပြခဲ့ပါတယ်။

ဒါ့ကောက်က ပြောရာမှာ ” အခုလက်ရှိ ဒီလီဗာပူးအသင်းရဲ့ အကြီးမားဆုံး အရည်အသွေးက အသင်းရဲ့ ဖိအားမြင့် ကစားပုံပါပဲ။ သူတို့ရဲ့ အရှိန်အဟုန် ပြင်းထန်မှု၊ ဘောလုံးပြန်လုပြီး အခွင့်အရေး ဖန်တီးနိုင်စွမ်းတွေက အထင်ကြီးစရာကောင်းပါတယ်။

အာဆင်နယ်နဲ့ပွဲမှာ ဒုတိယဂိုးအတွက် ဒီယိုဂိုဂျိုတာရဲ့ ကြားဖြတ်ယူမှုက အံ့ဩစရာကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် မင်းက ဘောလုံးပြန်ယူပြီးရင် အရှိန်လျှော့ဖို့လိုတယ်။ ဖြတ်လုတဲ့အခါမျိုးမှာ ၁၀၀ ရာခိုင်နှုန်းနဲ့ အားထုတ် လုပ်ဆောင်ဖို့ လိုတယ်။ ဒါပေမယ့် ကိုယ်မှာ ဘောလုံးရှိလာပြီး နောက်ခံလူတစ်ယောက်နဲ့ ဂိုးသမားကို ကျော်ဖြတ်ရတော့မယ်ဆိုရင် အားထုတ်နေတဲ့ အရှိန်အဟုန်ကို အနည်းငယ် တည်တည်ငြိမ်ငြိမ်နဲ့ အရှိန်လျှော့ဖို့လိုပါတယ်။ ဒါက ခက်ခဲတဲ့ စွမ်းရည်တစ်ခုပါပဲ။

ဒါပေမယ့် ဂျိုတာတင်မက ဆာလာ၊ မာနေးတို့ဆီက အဲ့လို အပိုင်းတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင်နိုင်နေတာကို မြင်ရတာ အံ့ဩစရာကောင်းတယ်။

ပြိုင်ဘက်ကို အသင်းရဲ့ ဖိအားပေးကစားပုံအပေါ် ပရိသတ်တွေရဲ့ တုံ့ပြန်မှုကလည်း အရမ်းအရေးကြီးတယ်။ အဲ့ဒါက ကွင်းထဲမှာ အပို ကစားသမားတစ်ယောက် ရထားသလိုပဲ။ အတွေ့အကြုံတွေအရ မင်းက အရာအားလုံး ပေးဆပ်ကစားနေချိန်မှာ နောက်ကွယ်က အားပေးနေတဲ့ ပရိသတ်တွေရှိတာက တကယ်ကို အကူအညီ ဖြစ်ပါတယ်။

တိုင်လာမော်တန်က သူ့ရဲ့ ပွဲဦးထွက်တွေ ကစားခွင့်ရလိုက်တာ ကောင်းပါတယ်။ ကလော့ပ်က အကယ်ဒမီက ကစားသမားကောင်းတွေကို ပထမအသင်းမှာ အခွင့်အရေးတွေ ပေးနေတယ်။ ဒါက လူငယ်ကစားသမားတွေအတွက် တိုးတက်ဖို့ နေရာရှိနေသေးတယ်ဆိုတာ ပြသနေတာပါ ” လို့ မှတ်ချက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမားေဟာင္းနဲ႔ လက္ရွိ မန္ေနဂ်ာအလုပ္တာဝန္ေတြအတြက္ ၾကိဳးစားေနတဲ့ နယ္သာလန္သားၾကီး ဒါ့ေကာက္က လီဗာပူးအသင္းရဲ႕ နည္းစနစ္ပိုင္းအတြက္ သူ႔ရဲ႕ အထင္ၾကီးမႈကို ထုတ္ေျပာခဲ့ပါတယ္။

ဒါ့ေကာက္က လီဗာပူးရဲ႕ ဖိအားေပး ကစားဟန္ဟာ ဟန္ခ်က္ညီမႈနဲ႔အတူ အရွိန္အဟုန္ကို လိုအပ္သလို သံုးစြဲႏုိင္ေနတယ္လို႔ ျမင္တယ္။ ဒါနဲ႔ ပတ္သက္လို႔လည္း အာဆင္နယ္ပြဲမွာ ဂ်ိဳတာရဲ႕ ဖိအားေပးဖို႔ အဆင္သင့္ရွိေနျခင္းနဲ႔ ဂိုးသြင္းဖို႔ အရွိန္ကို လိုအပ္သလို ထိန္းခ်ဳပ္ႏုိင္ျခင္းေတြနဲ႔ ေထာက္ျပခဲ့ပါတယ္။

ဒါ့ေကာက္က ေျပာရာမွာ ” အခုလက္ရွိ ဒီလီဗာပူးအသင္းရဲ႕ အႀကီးမားဆုံး အရည္အေသြးက အသင္းရဲ႕ ဖိအားျမင့္ ကစားပုံပါပဲ။ သူတို႔ရဲ႕ အရွိန္အဟုန္ ျပင္းထန္မႈ၊ ေဘာလုံးျပန္လုၿပီး အခြင့္အေရး ဖန္တီးႏိုင္စြမ္းေတြက အထင္ႀကီးစရာေကာင္းပါတယ္။

အာဆင္နယ္နဲ႔ပြဲမွာ ဒုတိယဂိုးအတြက္ ဒီယိုဂိုဂ်ိဳတာရဲ႕ ၾကားျဖတ္ယူမႈက အံ့ဩစရာေကာင္းခဲ့တယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္ မင္းက ေဘာလုံးျပန္ယူၿပီးရင္ အရွိန္ေလွ်ာ့ဖို႔လိုတယ္။ ျဖတ္လုတဲ့အခါမ်ိဳးမွာ ၁၀၀ ရာခိုင္ႏႈန္းနဲ႔ အားထုတ္ လုပ္ေဆာင္ဖို႔ လိုတယ္။ ဒါေပမယ့္ ကိုယ္မွာ ေဘာလုံးရွိလာျပီး ေနာက္ခံလူတစ္ေယာက္နဲ႔ ဂိုးသမားကို ေက်ာ္ျဖတ္ရေတာ့မယ္ဆိုရင္ အားထုတ္ေနတဲ့ အရွိန္အဟုန္ကို အနည္းငယ္ တည္တည္ၿငိမ္ၿငိမ္နဲ႔ အရွိန္ေလွ်ာ့ဖို႔လိုပါတယ္။ ဒါက ခက္ခဲတဲ့ စြမ္းရည္တစ္ခုပါပဲ။

ဒါေပမယ့္ ဂ်ိဳတာတင္မက ဆာလာ၊ မာေနးတို႔ဆီက အဲ့လို အပိုင္းေတြကို ကၽြမ္းက်င္ပိုင္ႏုိင္စြာ လုပ္ေဆာင္ႏုိင္ေနတာကို ျမင္ရတာ အံ့ဩစရာေကာင္းတယ္။

ၿပိဳင္ဘက္ကို အသင္းရဲ႕ ဖိအားေပးကစားပုံအေပၚ ပရိသတ္ေတြရဲ႕ တုံ႔ျပန္မႈကလည္း အရမ္းအေရးႀကီးတယ္။ အဲ့ဒါက ကြင္းထဲမွာ အပို ကစားသမားတစ္ေယာက္ ရထားသလိုပဲ။ အေတြ႕အႀကဳံေတြအရ မင္းက အရာအားလုံး ေပးဆပ္ကစားေနခ်ိန္မွာ ေနာက္ကြယ္က အားေပးေနတဲ့ ပရိသတ္ေတြရွိတာက တကယ္ကို အကူအညီ ျဖစ္ပါတယ္။

တိုင္လာေမာ္တန္က သူ႔ရဲ႕ ပြဲဦးထြက္ေတြ ကစားခြင့္ရလိုက္တာ ေကာင္းပါတယ္။ ကေလာ့ပ္က အကယ္ဒမီက ကစားသမားေကာင္းေတြကို ပထမအသင္းမွာ အခြင့္အေရးေတြ ေပးေနတယ္။ ဒါက လူငယ္ကစားသမားေတြအတြက္ တိုးတက္ဖို႔ ေနရာရွိေနေသးတယ္ဆိုတာ ျပသေနတာပါ ” လို႔ မွတ္ခ်က္ေပးခဲ့တာပဲ ျဖစ္ပါတယ္။