ဆောက်သမ်တန်နည်းပြ ဟာဆင်ဟူတယ်က လီဗာပူးဟာ နှစ် ၃၀ အတွင်း သူတို့ရဲ့ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားကို ရရှိစေခဲ့တဲ့ ဘောလုံးရာသီတုန်းက ကိုယ်ပိုင်ဟန်ကို ပြန်ရှာတွေ့နေခဲ့ပြီလို့ ဒီအပတ် ပွဲကြိုမှာ ထုတ်ပြောလာပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ ၂၀၁၉-၂၀၂၀ ရာသီမှာ ပရီးမီးယားလိဂ်ဆုဖလားကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာပါ။ ဒါပေမယ့် မနှစ်က ရာသီမှာတော့ အသင်းရဲ့ ကစားဟန်၊ စိတ်ဓါတ်နဲ့ စွမ်းဆောင်ရည် အဆင့်အတန်းတွေ ကျဆင်းသွားခဲ့ကာ ချန်ပီယံ မန်စီးတီးရဲ့နောက် ၁၇ မှတ် ကွာဟခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက စိန့်မေရီကွင်းမှာ လီဗာပူးကို အံ့အားသင့်ဖွယ် ၁-၀ နဲ့ အနိုင်ရခဲ့တဲ့တယ်။ သူ့အသင်းဟာ ဒီစနေနေ့မှာ အန်ဖီးကို လာကစားရဦးမှာဖြစ်ပြီး ဒီရာသီမှာ အမြင့်ဆုံးအဖြစ် လိဂ်ဂိုး ၃၅ ဂိုး ရထားကာ တိုက်စစ်က ဂိုးမြူးနေတဲ့ လီဗာပူးအသင်းက ပြီးခဲ့တဲ့ ရာသီတုန်းကထက်ပိုပြီး အန္တရာယ်ရှိလာတယ်လို့ ဟာဆင်ဟူတယ်က ထင်မြင်နေတာ ဖြစ်ပါတယ်။

“ယာဂင်ကလော့ပ်ရဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင်ကစားရတာ အမြဲတမ်း ကျေနပ်စရာကောင်းသလို ဘောလုံးလောကမှာ ပုံဖော်နိုင်သမျှ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုဖြစ်ပြီး သိပ်ကို ခက်ခဲတယ်။ အခုချိန်မှာ လီဗာပူးက အကောင်းဆုံးပုံစံနဲ့ အကြီးမားဆုံး အင်အားကို ရရှိနေတာပါ။ သူတို့တွေက ချန်ပီယံဖြစ်လာခဲ့တဲ့ ရာသီတုန်းကလိုမျိုး ပြန်ကစားပြနေပြီလို့ ထင်ပါတယ်။

မနှစ်ကတော့ သူတို့တွေက သိပ်ပြီး မြင့်မားတဲ့ အဆင့်အတန်းမှာ မရှိခဲ့ဘူး။ ဘောလုံးနဲ့ရင်ဆိုင်ရာမှာ စိတ်အားထက်သန်မှု၊ လျင်မြင်တဲ့ လှုပ်ရှားမှုတွေ မရှိခဲ့ပဲ ဒီရာသီကလိုမျိုး လျင်မြန်တဲ့ ကစားပုံတွေ မရှိခဲ့ပါဘူး။

နွေရာသီမှာ သူတို့ ဘာတွေ ပြောင်းလဲသွားတယ်ဆိုတာ ကျွန်တော် မသိပေမယ့် အခုချိန်မှာ သူတို့တွေက သူတို့ရဲ့ ကိုယ်ပိုင်ဟန်ကို ပြန်ရှာတွေ့သွားတာကြောင့် ဒီလိုအသင်းတစ်သင်းနဲ့ ရင်ဆိုင်ရတာ သိပ်ကို ခက်ခဲပါတယ်။

ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတာတော့ မရှိပါဘူး။ ဘရိုက်တန်အသင်းက ၂-၀ နဲ့ ရှုံးနေရာကနေ ၂-၂ သရေရလဒ်ကို ယူခဲ့တာတွေ့ပါတယ်။ ဒါပေမယ့် လီဗာပူးက ၂-၀ နဲ့ ဦးဆောင်ထားတဲ့ ပွဲ ၁၀၀ မှာ ၉၉ ပွဲကတော့ သူတို့နိုင်မှာ သေချာတယ် ” လို့ ဟာဆင်ဟူတယ်က ဆိုပါတယ်။

ZAWGYI

ေဆာက္သမ္တန္နည္းျပ ဟာဆင္ဟူတယ္က လီဗာပူးဟာ ႏွစ္ ၃၀ အတြင္း သူတို႔ရဲ႕ ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္ဖလားကို ရရွိေစခဲ့တဲ့ ေဘာလံုးရာသီတုန္းက ကိုယ္ပိုင္ဟန္ကို ျပန္ရွာေတြ႕ေနခဲ့ျပီလို႔ ဒီအပတ္ ပြဲၾကိဳမွာ ထုတ္ေျပာလာပါတယ္။

ကေလာ့ပ္ရဲ႕အသင္းဟာ ၂၀၁၉-၂၀၂၀ ရာသီမွာ ပရီးမီးယားလိဂ္ဆုဖလားကို ထိုက္ထိုက္တန္တန္ ရရွိခဲ့တာပါ။ ဒါေပမယ့္ မႏွစ္က ရာသီမွာေတာ့ အသင္းရဲ႕ ကစားဟန္၊ စိတ္ဓါတ္နဲ႔ စြမ္းေဆာင္ရည္ အဆင့္အတန္းေတြ က်ဆင္းသြားခဲ့ကာ ခ်န္ပီယံ မန္စီးတီးရဲ႕ေနာက္ ၁၇ မွတ္ ကြာဟခဲ့ရတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလတုန္းက စိန႔္ေမရီကြင္းမွာ လီဗာပူးကို အံ့အားသင့္ဖြယ္ ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့တယ္။ သူ႔အသင္းဟာ ဒီစေနေန႔မွာ အန္ဖီးကို လာကစားရဦးမွာျဖစ္ၿပီး ဒီရာသီမွာ အျမင့္ဆုံးအျဖစ္ လိဂ္ဂိုး ၃၅ ဂိုး ရထားကာ တိုက္စစ္က ဂိုးျမဴးေနတဲ့ လီဗာပူးအသင္းက ျပီးခဲ့တဲ့ ရာသီတုန္းကထက္ပိုၿပီး အႏၲရာယ္ရွိလာတယ္လို႔ ဟာဆင္ဟူတယ္က ထင္ျမင္ေနတာ ျဖစ္ပါတယ္။

“ယာဂင္ကေလာ့ပ္ရဲ႕ အသင္းတစ္သင္းနဲ႔ ရင္ဆိုင္ကစားရတာ အၿမဲတမ္း ေက်နပ္စရာေကာင္းသလို ေဘာလုံးေလာကမွာ ပုံေဖာ္ႏိုင္သမွ် အႀကီးမားဆုံး စိန္ေခၚမႈတစ္ခုျဖစ္ၿပီး သိပ္ကို ခက္ခဲတယ္။ အခုခ်ိန္မွာ လီဗာပူးက အေကာင္းဆုံးပုံစံနဲ႔ အႀကီးမားဆုံး အင္အားကို ရရွိေနတာပါ။ သူတို႔ေတြက ခ်န္ပီယံျဖစ္လာခဲ့တဲ့ ရာသီတုန္းကလိုမ်ိဳး ျပန္ကစားျပေနၿပီလို႔ ထင္ပါတယ္။

မႏွစ္ကေတာ့ သူတို႔ေတြက သိပ္ၿပီး ျမင့္မားတဲ့ အဆင့္အတန္းမွာ မရွိခဲ့ဘူး။ ေဘာလုံးနဲ႔ရင္ဆိုင္ရာမွာ စိတ္အားထက္သန္မႈ၊ လ်င္ျမင္တဲ့ လႈပ္ရွားမႈေတြ မရွိခဲ့ပဲ ဒီရာသီကလိုမ်ိဳး လ်င္ျမန္တဲ့ ကစားပုံေတြ မရွိခဲ့ပါဘူး။

ေႏြရာသီမွာ သူတို႔ ဘာေတြ ေျပာင္းလဲသြားတယ္ဆိုတာ ကြၽန္ေတာ္ မသိေပမယ့္ အခုခ်ိန္မွာ သူတို႔ေတြက သူတို႔ရဲ႕ ကိုယ္ပိုင္ဟန္ကို ျပန္ရွာေတြ႕သြားတာေၾကာင့္ ဒီလိုအသင္းတစ္သင္းနဲ႔ ရင္ဆိုင္ရတာ သိပ္ကို ခက္ခဲပါတယ္။

ဒါေပမယ့္ မျဖစ္ႏိုင္ဘူးဆိုတာေတာ့ မရွိပါဘူး။ ဘ႐ိုက္တန္အသင္းက ၂-၀ နဲ႔ ရႈံးေနရာကေန ၂-၂ သေရရလဒ္ကို ယူခဲ့တာေတြ႕ပါတယ္။ ဒါေပမယ့္ လီဗာပူးက ၂-၀ နဲ႔ ဦးေဆာင္ထားတဲ့ ပြဲ ၁၀၀ မွာ ၉၉ ပြဲကေတာ့ သူတို႔ႏိုင္မွာ ေသခ်ာတယ္ ” လို႔ ဟာဆင္ဟူတယ္က ဆိုပါတယ္။