မန်နေဂျာဆိုးရှားဟာ အနာဂတ်အတွက် အသင်းကို စီမံရာမှာ ခံစစ်ပိုင်းကို အဓိက အာရုံစိုက်နေပြီး ခံစစ်ပိုင်းအတွက် အစီအစဉ်တခု ပြုလုပ်လာပါတယ်။

အရင်နှစ်တွေမှာ ခြေစွမ်း တည်ငြိမ်ခဲ့ခြင်းမရှိတဲ့ ခံစစ်မှူး ဘိုင်လီကို သူ့ရဲ့ အကောင်းဆုံးတွေအား သက်သေပြဖို့ရာ နောက်ထပ် တစ်ရာသီ အခွင့်အရေးပေးမှာ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ ခက်ခဲမှု အချို့တွေကြောင့် ဒီအစီအစဉ်ကို ပြုလုပ်လာခြင်းလို့ သိရပါတယ်။

မန်ယူဟာ ဈေးကွက်ကနေ အခြားသော ကလပ်တွေမှ ခံစစ်မှူးတွေဖြစ်တဲ့ မက်ဂွဲရားနဲ့ ကိုလီဘာလီတို့ကို ခေါ်ယူဖို့ ခက်ခဲတဲ့ အနေအထားကို ရင်ဆိုင်လာရတာပါ။ ဘာစီလိုနာနဲ့ ချိတ်ဆက်မရဖြစ်နေဆဲ ဒီလစ်ကိုလည်း လိုက်နေဆဲဖြစ်ပြီး မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးရမှာဖြစ်သလို လုပ်ခပိုင်းကလည်း မြင့်မားနိုင်တာဖြစ်တယ်။

ဆိုးရှားကတော့ ဂျူလိုင်လအတွင်း သွားရမယ့် ရာသီကြို ပြင်ဆင်မှုမှာ အသင်းသားအားလုံးကို အပြီးသတ် ခေါ်ယူဖို့ ရည်ရွယ်နေပြီး ဘိုင်လီ ကြံ့ခိုင်မှုပြည့်ဝနေဖို့ မျှော်လင့်နေပါတယ်။ အကောင်းဆုံးသော ပူးပေါင်းမှုကို လုပ်ဆောင်နိုင်ရင် ဘိုင်လီဟာ အခွင့်အရေး ထပ်မံရဖို့ကို မျှော်လင့်ခွင့် ရနိုင်မှာ ဖြစ်ပါတယ်။

မန်ယူဟာ ဈေးကွက်ထဲမှာ ဗဟိုခံစစ်မှူးကို ရှာဖွေနေပေမယ့် ဆိုးရှားကတော့ ညာအစွန်ကိုလည်း အင်အားဖြည့်စေလိုပြီး ပဲလေစ့်မှ ဝမ်ဘစ်ဆာကာကို ဦးစားပေးအဖြစ် ချိတ်ဆက်ထားတာဖြစ်ပါတယ်။