PSV အသင်း တောင်ပံသမား လိုဇာနိုက သူဟာ ကစားသမားဘဝ နောက်တစ်ဆင့်တွေကို ရောက်နိုင်ဖို့ရာ အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ထုတ်ပြောလိုက်ပြီး သူ့ကို အလိုရှိနေတဲ့ ပရီးမီးယားလိဂ်ကလပ်တွေကို အပြောင်းအရွှေ့အတွက် စကားခေါ်မှု ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ပဲ ရှိသေးတဲ့ လိုဗာနိုဟာ မန်ယူအသင်းရဲ့ လူငယ်ခေါ်ယူမယ့် စီမံကိန်းတွေမှာ အံဝင်မယ့်သူဖြစ်ပြီး တိုးအားနဲ့ ပြေးအားကောင်းခြင်းကြောင့်လည်း မန်နေဂျာ ဆိုးရှား အကြိုက်တွေ့မယ့်သူလို့ သိထားရသူဖြစ်တယ်။

တောင်ပံသမားဟာ PSV အတွက် ကစားပေးထားတဲ့ ၇၄ ပွဲမှာ သွင်းဂိုး ၄၀ ထိ ရထားသူဖြစ်ပြီး နယ်သာလန်လိဂ်မှာ ပြသနေတဲ့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေကြောင့် အသင်းကြီးတွေက ခေါ်ယူဖို့ စိတ်ဝင်စားခြင်း ခံနေရသူပါ။

လိုဇာနိုက အနာဂတ်နဲ့ ပက်သက်ပြီး ဖြေဆိုပေးရာမှာ ” ကျနော် ကစားသမားဘဝ နောက်တစ်ဆင့်ကို သွားနိုင်ဖို့ အဆင့်သင့်ဖြစ်နေပြီလို့ ထင်ပါတယ်။ ဘာတွေဖြစ်လာနိုင်လဲဆိုတာ ပြောဖို့ဆိုတာက အဓိပ္ပာယ် မရှိပါဘူး။ ကျနော်ရဲ့ နှလုံးသားက ပီအက်ဗီမှာ ရှိနေတယ်ဆိုပေမယ့် မနက်ဖြန်မှာ ဘာဖြစ်လာမယ်ဆိုတာ မသိပါဘူး ” လို့ ဖြစ်တယ်။

မန်ယူက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ပြသထားပြီး ဒီနွေမှာ ခေါ်ယူဖို့ အလိုရှိတယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်း ပေးရမယ်လို့ သိထားရတယ်။ ကစားသမားက ချန်ပီယံလိဂ်ကို ပါဝင်ကစားခွင့် ရလိုပေမယ့် ပိုမြင့်တဲ့ အသင်းတွေကို ပြောင်းဖို့က ဦးစားပေးဖြစ်ပါတယ်။